September 6, 2012

တရုတ်ဖက်က ကချင်ဒုက္ခသည်စခန်းများအားလုံး ပြောင်းရွှေ့လိုက်



တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) စခန်းကို တရုတ်အာဏာပိုင်များ၏ ထပ်မံပြောင်းရွှေ့ရန် ဖိအားပေးမှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့ ယမန်နေ့တွင် အပြီးပြောင်းရွှေ့လိုက်ပြီဖြစ်သည်။
တရုတ်အာဏာပိုင်များက စက်တင်ဘာလ ၁ ရက်နေ့တွင် ခဒေါင်းပါဒုက္ခသည်စခန်းမှ တာဝန်ရှိသူများအား ပြောင်း ရွှေ့ရန် လာရောက်ပြောဆိုထားပြီး စက်တင်ဘာ ၄ ရက်ကစ၍ ကား ၂၂ စီးဖြင့် ဒုက္ခသည်များနှင့်ပစ္စည်းများကို သယ်ပို့ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း ခဒေါင်းပါ (Hka Dawng Pa) စခန်းတာဝန်ခံ ဆရာ ဂရောင်လွမ်း (Sara Grawng Lum) က ပြောသည်။
“၀က်တွေကို တင်သလို အားလုံးကို လာသယ်သွားတယ်။ အခုကျနော်တို့ စခန်းကော်မတီ ၆ ယောက်ပဲ ကျန်နေတယ်။ သိမ်းစရာ ပစ္စည်းတွေဖြုတ် သိမ်းပြီးနေနေတာ။”

ဒုက္ခသည်များသည် ညတွင်းအပြီး လနာ့ဇွပ်ဂျာသို့ ပြောင်းရွှေ့ရာတွင် ညသန်းခေါင်မှ ပြောင်းရွှေ့ပြီးစီး သွားခဲ့ကြောင်း သိရသည်။
“ည သန်းခေါင်ထိတောင်ဟုတ်တယ်။ ကားတွေထဲက ပစ္စည်းတွေ ထုတ်ကြ ရွှေ့ကြ နေရာတွေလုပ်ကြနဲ့ ရှုပ်နေကြတယ်။ ဒီမနက်ထိပဲ အခုတော့ ငြိမ်သွားကြပြီ” ဟု လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင်ရောက်ရှိနေသော ဒေါ်မိတုန်လု (Myitung Lu) ကပြောသည်။
ထိုသို့ တရုတ်ဘက်ခြမ်း နောင်တောင်းဒုက္ခသည်စခန်းများမှ ပြောင်းရွှေ့လာသော ဒုက္ခသည်များကို ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေရာချထားပေးခြင်းဖြစ်သည်။
လနာ့ဇွပ်ဒုက္ခသည်စခန်းတွင် နဂိုရောက်ရှိနေထိုင်သောဒုက္ခသည် အိမ်ထောင်စု ၃၉၀ လူဦးရေ ၁၄၄၁ ရှိနေပြီး ယခု နောင်တောင်းဒုက္ခသည်စခန်း ၅ ခုမှရောက်ရှိလာသူများသည် ယန်လုစခန်းမှ အိမ်ထောင်စု ၁၂၈ လူဦးရေ ၅၆၄ ဦး၊ လော့ဖိုင်စခန်းမှ အိမ်ထောင်စု ၄၉ လူဦးရေ ၂၁၄၊ နာကောင်းကောင့်စခန်းမှ အိမ်ထောင်စု ၂၁ လူဦးရေ ၈၇၊ ငါးနောင်းပါစခန်းမှ အိမ်ထောင်စု ၃၁ လူဦးရေ ၁၃၅ ဦးနှင့် ခဒေါင်းပါစခန်းမှ အိမ််ထောင်စု ၆၅ လူဦးရေ ၃၅၆ ဦးရောက်ရှိလာပြီး ယခု လနာ့ဇွပ်ဂျာတွင် ရှိနေသော ဒုက္ခသည်များသည် စုစုပေါင်း အိမ်ထောင်စု ၆၈၄ လူဦးရေပေါင်း ၂၇၉၇ ဦးရှိကြောင်း ၎င်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးရာ (Saranum Ji Ra) ကပြောသည်။
နောင်တောင်းရှိ ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် အချို့သည် ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာ မန်ဝိန်ကြီးသို့  မိသားစုများ အသီးသီး ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေကြပြီး တချို့မှာ လနာ့ဇွပ်ဂျာတွင် နေရာမလုံလောက်သဖြင့် ဘွမ်စစ်ပါ (Bum Tsit Pa)၊ ဒွမ်ဘုတ် (Dum Buk) စသည့်ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။
လနာ့ဇွပ်ရှိဒုက္ခသည်များ၏ အစားအသောက်အတွက် ကရုဏာအဖွဲ့များ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် တရုတ်ပြည်မှ ကချင်လောပန်းများမှ အထောက်အပံ့ အကူအညီပေးနေကြောင်း သိရသည်။
၎င်းဒုက္ခသည် စခန်း မူလတန်းမှ အလယ်တန်းထိဖွင့်လှစ်ထားကာ ကျောင်းသူကျောင်းသားများ စာရင်းရှိ ၁၀၂၇ ရှိပြီး ဆရာ/ဆရာမ ၃၀ ကျော်ဖြင့်သင်ကြားပေးနေကြောင်းသိရသည်။
စာသင်ကြားရာတွင် နောင်တောင်းမှ ဒုက္ခသည်ကလေးများရောက်ရှိလာချိန်မှစပြီး မူလတန်းပိုင်းများကို မနက်ပိုင်း ရ နာရီမှ နေ့လည် ၁၂ နာရီထိ နဂိုရောက်ရှိနေထိုင်သင်ကြားနေသော ဒုက္ခသည်များသင်ကြားကာ ညနေပိုင်း ၁ နာရီမှ ည ၄ နာရီထိတွင် နောင်တောင်းမှ ပြောင်းရွှေ့လာသော ဒုက္ခသည်ကျောင်းသူကျောင်း သားများကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း ဆရာမ ဂျီးရာကပြောသည်။
ထို့ပြင်ကျောင်းသူကျောင်းသားများအတွက် ရေးစာအုပ်နှင့် ခဲတံ၊ ဘောပင် စသည့်ကရိယာများဆက် လက်လိုအပ်နေကြောင်းဆိုသည်။

http://kachinnews.com/burmese/news/935-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%80%96%E1%80%80%E1%80%B9%E1%80%80-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%82%95%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India