September 17, 2012

UNFC ကြီးမှူးကျင်းပသည့် တိုင်းရင်းသားညီလာခံက ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး စီမံချက် ချမှတ်



ယခုလ စက်တင်ဘာ ၁၄ – ၁၆ အကြား ထိုင်းမြန်မာနယ်စပ်တနေရာတွင် UNFC (United Nationalities Federal Council ) မှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား လူမျိုးများ ညီလာခံက လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအြကား ဖော်ဆောင်နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်  ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး စီမံချက်များ ချမှတ်လိုက်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီး၊ လူငယ်ထု၊ လူထု အခြေပြုအဖွဲ့ အစည်းများပါ၀င်လျက် နိုင်ငံရေးမူဘောင်မှာ ပါ၀င်မည့် အချက်အလက်များ ချမှတ်ပြီး နှစ်ဖက် ငြိမ်းချမ်း ရေးကိုယ်စားလှယ်တွေအနေဖြင့် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် တွေ့ဆုံဆွေးနွေးရန်၊ ဆွေးနွေး ချက်အ ကောင်အထည်ဖော်ရာမှာ နှစ်ဦးနှစ်ဖက်မှ လက်ခံသော ဘက်မလိုက်သည့် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ထားရှိရန် နှင့် ဘက်မလိုက်သည့် မီဒီယာများ ပါ၀င်ပြီး အများပြည်သူ သိရှိအောင် ပူးတွဲထုတ်ပြန်ရန်၊ ထိုမှတဆင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ လူမျိုးအလိုက် ညီလာခံ ကျင်းပပြီး ပြည်သူ သ ဘော ထား ရယူသွားကြရန်ချမှတ်ကြသည်။
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ လူမှု အဖွဲ့အစည်း၊ တတ်သိ ပညာရှင်မှ ကိုယ်စား လှယ်များပါ၀င်တဲ့ တိုင်းရင်းသားလူမျိုးစုံ ညီလာခံ ခေါ်ယူကျင်းပရန်၊ နောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ်၊ ဒီမိုက ရေစီနိုင်ငံရေးအင်အားစုမှ ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်များ အချိုးညီပါ၀င်စေပြီး ပင်လုံကဲ့သို့သော အမျိုး သား ညီလာခံတရပ် ကျင်းပသွားရန်၊ ထိုညီလာခံမှ ချမှတ်သည့် သဘောတူညီချက်များကို ပြည်ထောင် စုလုံးဆိုင်ရာ လူမျိုး စုံ သဘော တူညီချက် ( Union Accord ) အဖြစ် သဘောထားပြီး သတ်မှတ်သည့် အချိန်တွင်  အကောင်အထည်ဖော် သွား ရန် သဘော တူ ညီကြသည်။
“ တိုင်းရင်းသားအဖွဲ့အစည်းတွေဖက်က တပြည်လုံးအတိုင်းအတာဖြင့် ထာဝစဉ်တည်တ့ံတဲ့ ငြိမ်းချမ်းရေးရရှိဖို့ စတင်ဖော် ဆောင်တဲ့ အစည်းအဝေးကြီးလို့ မြင်ပါတယ်” ဟု ချင်းငြိမ်းချမ်းရေးအကျိုးတော်ေဆာင်လူကြီး တဦး က ပြောသည်။
ညီလာခံတွင် အမျိုးသားတန်းတူရေး နှင့် ငြိမ်းချမ်းရေးမူဘောင် ချမှတ်ရာတွင် အခြေခံရမည် လမ်းညွန်အ ခြေခံ မူများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားသည့် စစ်မှန်သော ဖက်ဒရေပြည်ထောင်စု လမ်းညွန် အခြေခံမူများ၊ လူ နည်းစု အခွင့် အရေး၊ ဖက်ဒရေပြည်ထောင်စု တပ်မတော်ဆိုင်ရာမူဝါဒ၊ ကျားမ တန်းတူရေးတို့ကို တင်သွင်း ဆွေးနွေးသွား ကြပြီး မူအား ဖြင့် ထပ်မံ သဘောတူညီချက်ရရှိသွားကြသည် ဟု သိရသည်။
လက်ရှိ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားလူမျိုးများအနေနဲ့ အမျိုး သားရေး၊ တော်လှန်ရေး၊ နိုင်ငံ ရေး သတိရှိကြဖို့၊ နိုင်ငံရေး အလှည့်အပြောင်း ၊ အကွေ့အကောက်မှာ မျက်စိလည်မသွားကြဖို့၊ ယနေ့ နိုင်ငံရေး အ ပြောင်းအလဲကို တကယ့်နိုင်ငံရေးအပြောင်းအလဲလို့ လွဲမှားစွာ ထင်ပြီး လမ်းမှား မလိုက်ကြဖို့ ညီလာခံ သဘာပတိ အဖွင့် မိန့် ခွန်း မှာ မှာကြားသွားကြောင်း ထပ်မံ သိရသည်။
UNFC စစ်ဘက်ဆိုင်ရာ အကြံပေး အရာရှိ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း ယခု တိုင်းရင်းသားညီလာခံ ကျင်းပရခြင်းဟာ တိုင်းရင်းသားတွေအနေနဲ့ ဆုံးရှူံးသွားတဲ့ နိုင်ငံရေးအခွင့်အရေးအတွက် ဘုံရပ်တည်ချက်ရရှိဖို့၊ တသံတည်းထွက်ရေး အ တွက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ ဖွဲ့၊ လူမှုအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် များ၊ တတ်သိပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလ မှ ကိုယ်စားလှယ်စုစုပေါင်း ၁၅၀ ခန့်တက် ရောက် သည်။
ယခုညီလာခံသည် လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ ပထမဦးဆုံးအကြိမ် ကျင်းပသည့် တိုင်း ရင်း သားညီလာခံ ဖြစ်သည်။

http://khonumthungburmese.org/?p=562

တိုင်းရင်းသား ညီလာခံ လမ်းပြမြေပုံ ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 01:38 GMT
နှစ်ဆန်းပိုင်းတုန်းက ကျင်းပခဲ့တဲ့ ချင်းမိုင်မြို့က တိုင်းရင်းသား ညီလာခံ တခု
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ ပြည်တွင်း ပြည်ပက နိုင်ငံရေး ခေါင်းဆောင်တွေ လူထုအခြေပြု အဖွဲ့အစည်းတွေ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံဟာ မနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
ညီလာခံ ကနေ ငြိမ်းချမ်းရေး စီမံချက်နဲ့ လမ်းပြမြေပုံ ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကရင် အမျိုးသား အဖွဲ့အစည်း (KNU) ၊ ကချင် လွတ်မြောက်ရေး အဖွဲ့အစည်း(KIO) ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (SSPP) စတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်တွေက လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပက နိုင်ငံရေး ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍ အဖြစ် ပါ၀င်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ဖို့ အတွက် ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ တိုင်းရင်းသား လူမျိုးများ ညီလာခံ တရပ် ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။
အဲဒီညီလာခံမှာ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချက် ၆ ချက်ပါ လမ်းပြမြေပုံကို ရေးဆွဲ ထုတ်ပြန် လိုက်ပါတယ်။
တိုင်းရင်းသား ညီလာခံကနေ ရေးဆွဲထားတဲ့ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထဲက အဓိက အချက်တွေ ကတော့ တိုင်းရင်းသား ဒေသတွေမှာ အစိုးရ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်း ရပ်တန့်ပေးပြီး နှစ်ဖက်တပ်များ လိုက်နာရမယ့်ကျင့်၀တ် (Military Code of Conduct) ကို ပြဌာန်း လုပ်ဆောင်ရမယ် ၊ အပစ်အခတ် ရပ်စဲထားတဲ့ ကာလမှာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက် ပေးရမယ် ၊ ပြီးရင် လွှတ်တော် ပြင်ပမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းဖို့ အာမခံချက်ပါတဲ့ သဘောတူညီချက် ရှိရမယ် ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ပါ၀င် စောင့်ကြည့်မှုကို ခွင့်ပြုရမယ် ၊ မြေယာ အပါအ၀င် သဘာ၀ ရင်းမြစ်တွေကို အသုံးပြုပြီး လုပ်ဆောင်နေတဲ့ မဟာဖွံ့ဖြိုးရေးစီမံကိန်း ကြီးတွေကို ရပ်တန့် တားမြစ်မှု လုပ်ရမယ်စတဲ့ ပဏာမ ဆွေးနွေးရေး ၊ ပဏာမ ဘုံ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး ဆွေးနွေပွဲ ပြုလုပ်ရေး အဆင့်တွေပွဲဖြစ်ပါတယ်။
နောက်ပြီးတော့ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချက် ၆ ချက်ပါ လမ်းပြမြေပုံ ၆ ချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးကြပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) မှာ ပါဝင်မယ့် အချက်အလက်များ ချမှတ်ဖို့၊ ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ် များနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ ကိုယ်စားလှယ်တွေ နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ နေရာမှာ တွေ့ဆုံ ဆွေးနွေးပြီး “တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘောတူညီချက် ရရှိဖို့၊ ပြီးရင် တိုင်းရင်းသား အင်အားစုများရဲ့ ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီနည်း အရ လှုပ်ရှားနေကြတဲ့ နိုင်ငံရေး အင်အားစုရဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေ အချိုးကျကျ ပါဝင်ပြီး ပင်လုံ စိတ်ဓါတ်ကို အခြေခံတဲ့ ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပပြီး “တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်” (Union Accord) အဖြစ် သဘောတူ လက်မှတ်ရေးထိုးဖို့ စတာတွေပဲဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေ အချက်တွေကို ညီလာခံမှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တို့က (Working Group for Ethnic Co-Cordination) တို့က တာ၀န်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို တကယ့်လက်တွေ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့အတွက် အချိန်တော်တော်ကြာ ယူရမယ် အနည်းဆုံး ၃ နှစ်လောက် ဖြစ်လိမ့်မယ်လို့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120916_ethnic_conference.shtml

ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း

တိုင်းရင်းသား လူမျိုးများ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)

မီဒီယာ

အသံ

ကိုမိုးဇော်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါ၀င်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါ၀င်တာကြောင့်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့် အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်းက တိုင်းရင်းသားပါတီ တချို့နဲ့ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ လောက် တက်ရောက်ခဲ့ပြီးတဲ့နောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်က နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာမယ့် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပမယ်ဆိုရင် သူတို့လိုလားတဲ့ အချက်တွေကို ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ပင်လုံကဲ့သို့ ညီလာခံမျိုး လုပ်ဖို့ ကျနော်တို့ဘက်မှာလည်း မူအားဖြင့်တော့ ပြင်ဆင်မှု ရှိတယ်။ အထူးသဖြင့်တော့ အဲလို ညီလာခံမျိုး စလုပ်မယ်ဆိုပြီးတော့ အကြို ညှိနှိုင်းပွဲ စလုပ်ကတည်းက ကျနော်တို့ ပါ၀င်ဖို့ လိုတယ်။ အစိုးရဘက်က၊ နောက် ငြိမ်းချမ်းရေး ကော်မတီဘက်က လူနဲ့ပဲ လုပ်ထားပြီးတော့မှ မင်းတို့လာလို့ ခေါ်တာကတော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ ဒါကြောင့် အကြိုညှိနှိုင်းပွဲ အဆင့်ဆင့် လုပ်သွားပြီးတော့မှ နောက်ဆုံး အဲဒီလို ညီလာခံမျိုး ကျင်းပရေး ကော်မတီအထိ ပါ၀င်ချင်တယ်။ သူတို့က လူတွေ ရွေးထားပြီးတော့ ထိုင်၊ မင်းတို့လာထိုင် ဆိုရင် ဟိုအရင် လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံ ပုံစံမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူး။”

ဒီလိုညီလာခံ ကျင်းပမယ်ဆိုရင် အစိုးရ၊ စစ်တပ်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါ၀င်ပြီး ပြည်ထောင်စု တရပ်လုံးက သဘောတူညီမှုရတဲ့အထိ ဆွေးနွေးဖို့ကို လိုလားတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လူမျိုးများ ညီလာခံက ချမှတ်ခဲ့ပါတယ်။ ဒီအချက်တွေကို ချမှတ်တာကတော့ နိုင်ငံတော် သမ္မတက ထုတ်ပြန် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါ၀င်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုမြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်။ တိုင်းရင်းသားတွေ ကလည်း အဓိက လိုချင်တယ်။ ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ အခါကျတော့ သမ္မတကြီး ဦးသိန်းစိန်က ပြည်နယ်အဆင့်မှာ အချက် ၄ ချက်၊ ၅ ချက် သတ်မှတ်ပေးတယ်။ ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၈ ချက် သတ်မှတ်ပေးတယ်။ ဒီအချက် ၈ ချက်က ကျနော်တို့ဘက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးတာလည်း မပါဘူး။ နောက် အထက်ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ လိုလားချက်နဲ့ တူညီမှုမရှိတာ တွေ့ရတယ်။ အဲဒီ ၈ ချက်အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး။ ညှိနှိုင်းဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့။ အစီအစဉ် agenda ပဲခေါ်ခေါ်ပေါ့။ ၆ ချက်။ အဲဒါကို ပြန်ပြင်ဆင်ပြီးတော့ ကျနော်တို့မှာလည်း ၆ ချက်ရှိပါတယ် ခင်ဗျား။ သမ္မတကြီး ၈ ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်။ ကျနော်တို့ ၆ ချက်ကိုလည်း သမ္မတကြီး ဆွေးနွေးပါ။ အပြန်အလှန် ဒီအစီအစဉ် ၂ ခုကို ညှိတာနဲ့၊ agenda ညှိတာနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်းဖြစ်သွားမယ် ဆိုပြီးတော့ ဒီညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ဆက်လုပ်ဖို့ ရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အချက် ၈ ချက်မှာ လက်နက်ကိုင်အဖွဲ့တွေက ပါတီထူထောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရေးနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် လိုပါက လွှတ်တော်ထဲကို ၀င်ရောက်ပြီး အများဆန္ဒနဲ့ ဆောင်ရွက်ရေး ဆိုတာနဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆိုတဲ့ အချက်တွေဟာ သဘောမတူနိုင်တဲ့ အချက်တွေဖြစ်တယ် လို့ ဆိုပါတယ်။

တိုင်းရင်းသားညီလာခံက ချမှတ်တဲ့ အချက် ၆ ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါ၀င်ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့ အချက်တွေ ပါ၀င်ပါတယ်။

တိုင်းရင်းသားလူမျိုးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ကတော့ ညီလာခံရဲ့ လုပ်ငန်းစဉ် ၆ ချက်ကို ပြည်တွင်းမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် အစိုးရနဲ့ နားလည်မှုရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အခု ကျမတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ အစိုးရနဲ့ တစုံတရာ နားလည်မှုရအောင်လို့ ကြိုတင်ပြီးတော့ လုပ်ရမယ်။ ဒီနားလည်မှု ရလာတဲ့အခါမှာ ကျမတို့တတွေကို ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်လည်း ခွင့်ပြုရမှာပေါ့။ အဲလို ခွင့်ပြုချက်တွေ ရလာလို့ရှိရင် တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တယ် ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုတွေ အနှောက်အယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် ဆိုတဲ့အချက်တွေလည်း ကျမတို့တွေက ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးရမယ့် အချက်တွေ ရှိပါတယ်။ ပြီးပြီးမှပဲ ကျမတို့တွေက ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရလိမ့်မယ်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ ဒီညီလာခံကလည်း အဲလိုပဲ သုံးသပ်ပါတယ်။”

ပင်လုံလို တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အင်အားစုတွေ ပါ၀င်တဲ့ ညီလာခံကြီးကိုတော့ ၃ နှစ်လောက် အချိန်ယူ ပြင်ဆင်ဖို့ လိုကောင်းလိုမယ် လို့လည်း ဦးခွန်ဥက္ကာက ခန့်မှန်းထားပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ၊ လက်ရှိသမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ပြောဆို ထားတာ ဖြစ်ပါတယ်။ 
 
http://burmese.voanews.com/content/enc-conference-09-16-12/1509184.html

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India