တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်း တို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် မန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နဲ့ နမ်းခမ်းမြို့နယ်ထဲ ဒေသ ထဲတွင် တပ်ရင်း (၁၀) ရင်း ထက်မနဲ လှုပ်ရှား နေပါသည်။ ဗျူဟာမှူးများမှာ မန်ဆန်း၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေစိုက် ကြပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသည် ပြီးခဲ့သည် အောက်တိုဘာ (၂၃) ရက်နေ့တွင် မန်တုံမြို့၌ လာရောက် ညွှန်ကြား ခဲ့ကြပါသည်။
ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်း ထားသည့် အစိုးရ တပ်ဖွဲ့တို့နှင့် သာပန်းကုန်း- ရှောက်ပန်းကုန်း ကျေးရွာ အနီးတွင် တပ်ပေါင်းစု တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ဤအချိန်မှ စပြီး အစိုးရ၏ စစ်ဆင်ရေးသည် ပိုမို တိုးမြှင့် လှုပ်ရှား လာခဲ့ပါသည်။
ပန်ဆေး ဒေသ တည်နေရာသည် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသည့် ဒေသဖြစ်ပြီး၊ မြောက်ဖက်ခြမ်းတွင် အစိုးရ အားပေး ထားသော ဘိန်းခြံ စိုက်ပျိုးရေးများ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် နေသော ဒေသဖြစ်သည်ဟု ဆိုပါသည်။
ယမာန်နေ့ တိုက်ပွဲကြောင့် ထိုနေ့ ညနေပိုင်း၌ ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လှိုင်း လမ်းမကြီး တလျှောက်တွင် အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ နေရာ ယူထားကြောင်းနှင့် တိုင်းရင်းသား တပ်ပေါင်းစု ဘက်မှလည်း အင်အားများ ဆက်လက် ဖြည့်တင်း ထားကြောင်း ဆိုပါသည်။
ကွတ်ခိုင်နှင့် နမ့်ခမ်း နယ်ထဲ၌ ကေအိုင်အေ တပ်မဟာ (၄) တပ်ဖွဲ့များ ရှိပြီး တအာင် (ပလောင်) ပြည် လွတ်မြောက် ရေး တပ်မတော်မှ တပ်ရင်း (၄) ရင်း ရှိပါသည်။ ၄င်းတို့သည် (၁၁၂) ကွတ်ခိုင်ဒေသ၊ (၂၅၆) က နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသ၊ (၄၇၈) နမ့်ခမ်း နယ်ထဲ၌ လှုပ်ရှားနေပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ၏ နမ့်မဂွင် တပ်ဖွဲ့များနှင့် ပူးပေါင်း လှုပ်ရှား ကြပါသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIO)၊ တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် တို့သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ရှမ်းပြည် တိုးတက်ရေး တပ်မတော်သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ရာဇသံ အကြိမ်ကြိမ် အပေးခံရသော အဖွဲ့ဖြစ်ပါသည်။
အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည် စက်တင်ဘာ (၆) ရက်နေ့တွင် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံတိုင်းသို့ ရောက်ရှိပြီး၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ဒုဥက္ကဌနှင့် တွေ့ဆုံ ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ တပ်ချုပ်သည် ၀တပ်ဖွဲ့ အနေဖြင့် ကချင်နဲ့ ပလောင် တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု မပြုရန် တိုက်တွန်း သွားခဲ့သည်ဟု နီးစပ်သူ တဦးက ဆိုပါသည်။ http://www.mwdmedia.net/2012/10/uwsa-ndaa.html
အစိုးရမှ မည်သို့ပင် တိုက်တွန်း နေစေကာမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာရဲသဖြင့် တိုင်းရင်းသား အဖွဲ့များ သည် အပစ်ပင် ရပ်စဲထား သော်လည်း အစိုးရအား သံသယဖြစ်နေခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရ တိုက်တွန်း နေမှုသည် အချည်းနှီးသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။
အလားတူစွာပင် UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်သော အဖွဲ့ (၆)ဖွဲ့နှင့် အပစ် မရပ်ရသေးသော အဖွဲ့ (၅) ဖွဲ့ ဟူ၍ ရှိပါသည်။ အထက်ပါ သံသယကြောင့် အပစ်မရပ်ရသေးသော အဖွဲ့များသည် နယ်မြေ အနေအထား အရ ဆက်စပ်မှု ရှိသော ဒေသ၌ တပ်ပေါင်းစုအသွင် ပူးပေါင်း စစ်ဆင်ရေးများ လှုပ်ရှားနေသလို အပစ်ရပ် ထားသော အဖွဲ့များနှင့်လည်း နိုင်ငံရေး အရ ဆက် လက်လက် တွဲနေကြခြင်း ဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2287-2012-10-28-10-02-17.html