October 27, 2012

ကမ္ဘာ့ဘဏ် သန်း ၈၀ အကူအညီ အပစ်ရပ်ဒေသများ အတွက် ဖြစ်

ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ (Community Driven Development – CDD) သည် အပစ်အခတ် ရပ်စဲထားသည့် ဒေသများ အတွက်သာ ပါ၀င်ကြောင်း  ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာ (Kanthan Shankar) က ပြောသည်။
တိုက်ပွဲများကြောင့် အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် ယမန်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ – FBR)
“ကျနော်တို့ဟာ စီးပွားရေး အဖွဲ့အစည်း ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပါမှာမဟုတ်ပါဘူး။ ဘာလုပ်မလဲဆိုတော့ CDD လိုမျိုး အစီအစဉ်တွေကို အပစ်ရပ်ထားတဲ့နေရာတွေမှာ လုပ်ပါမယ်။ အဲဒီဒေသက ပြည်သူတွေက ရွေးချယ်ရပါလိမ့်မယ်။ CDD နဲ့တော့တူမယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လုပ်ဖို့ အပစ်အခတ် ရပ်စဲထားတဲ့နေရာ ဖြစ်ရပါမယ်” ဟု မစ္စတာ ခန်သန်ရှန်ကာက မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။
မြန်မာနိုင်ငံအတွက် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ သတ်မှတ်ထားပြီး ယင်းလုပ်ငန်းများကို ၂၀၁၃ တွင် စတင်နိုင်ရန်မျှော်လင့်ထားသည်။ စီမံကိန်းများကို မည်သည့် ပုံစံဖြင့် ဖော်ဆောင်မည်ဟူသော စီမံကိန်းအစီအစဉ်ကို နို၀င်ဘာလတွင် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ချတော့မည် ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုင်တွယ် အကောင် အထည်ဖော်ရန် မြန်မာအစိုးရ၏ ကျေးလက်ဖွံ့ဖြိုးရေးဌာနကို ရွေးချယ်ထားပြီး ရန်ပုံငွေများသည် ယင်းဌာနမှတဆင့် စီးဆင်းမည်ဖြစ်သည်။
အစိုးရ စီမံမည်ဖြစ်သောကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းများက ပွင့်လင်းမြင်သာမှုရှိရေးနှင့် ခြစားမူ ကင်းစင်ရေးအတွက် သံသယရှိသော်လည်း ကမ္ဘာ့ဘဏ်၏ လမ်းညွန်ချက်နှင့်အညီ လုပ်ကို်င်ရမည်ဖြစ်ပြီး ယင်းနည်းလမ်းသည် အာဖဂန်နစ္စတန်၊ အရှေ့တီမော၊ အင်ဒို ကဲ့သို့သော နိုင်ငံများတွင် အလုပ်ဖြစ်ခဲ့သဖြင့် မြန်မာပြည်တွင်လည်း အသုံးတည့်မည်ဖြစ်ကြောင်း မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။
ကမ္ဘာ့ဘဏ်၏ CDD အစီအစဉ်သည် ပဋိပက္ခဖြစ်ပွားသည့် နိုင်ငံများတွင် အလျင်အမြန် နာလန်ထနိုင်ရန်အတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး လမ်းဖောက်၊ တံတားဆောက်၊ ရေကန်တူးခြင်းကဲ့သို့သော ဒေါ်လာ ၂ သောင်း ပတ်ဝန်းကျင် ကုန်ကျမည့် အသေးစား စီမံကိန်းများဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ ဆင်းရဲမွဲတေပြီး အစိုးရအထောက်အပံ့ ပြတ်လပ်နေသည့် မြို့နယ် ၁၅ ခုတွင် အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့အပေါ် တင်နေသည့်် အကြွေးများကို  ၂၀၁၃ အမီ ပေးဆပ်ရမည် ဖြစ်ပြီး ကြွေးဟောင်းများကင်းပါက ကြွေးသစ်များ ချေးယူနိုင်မည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ အကြွေးများ ဆပ်ပြီးပါက စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍနှင့် အများပြည်သူအတွက် ကြီးမားစွာအကျိုးရှိမည့် ကဏ္ဍများတွင် ၀င်ရောက်မြှုပ်နှံလိုသည်ဟု မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။

http://burma.irrawaddy.org/archives/23971
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India