
လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျာယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု ကျောင်းသားတပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာလည်းပြတ်နေတယ်လို့ ကြား တယ် ။ ခါတိုင်း ရိက္ခာပို့ရင်လည်း ဒီလိုပဲ အင်အားအလုံးအရင်းနဲ့ပဲလာတယ်။ အဲဒီလဂျားယန်စခန်း အောက်ခြေမှာ ပတ်ပတ် လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် ” ဟု ၄င်းတပ်မှူးက ဆိုသည် ။
ယခင်ကလည်း အစိုးရတပ်များ လဂျာယန်စခန်းသို့ ၀င်ရောက်လာချိန်တွင် တုံဖုန်းယန် အစိုးရတပ်မှ ၁၀၅ မမ အမြောက် ကြီး များဖြင့် KIA နှင့် ABSDF တပ် စခန်းရှိရာသို့ စတင်ပစ်ခတ်လေ့ရှိပြီး နှစ်ဘက်တိုက်ပွဲများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည် ။
လွန်ခဲ့သည့်လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံခဲ့ရာ ၄င်းတွေ့ဆုံ ပွဲ နောက်ပိုင်း နှစ်ဘက်စစ်ဆင်ရေး ပြုလုပ်မှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း ၄င်း စစ်ဘက်အသိုင်းအဝိုင်းက ဆက်ပြောသည် ။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3645--kio--.html