March 11, 2013
မြန်မာအစိုးရနဲ့ KIO ရွှေလီမှာ ဒုတိယအကြိမ်ဆွေးနွေး
ကချင်ပြည်နယ်မှာ သေနတ်သံတွေ စဲပြီး ဒုက္ခသည်တွေ နေရပ် ရင်း ပြန်နိုင်အောင် မြန်မာအစိုးရ ဘက်ကရော၊ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ဘက်က လိုလားနေကြ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကနေ အနည်းဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီနိုင်လိမ့်မယ်လို့ လည်း မျှော်လင့်ထားကြတာပါ။
ဒီနေ့မနက် အစည်းအဝေးက ၉ နာရီ ၂၀ မှာ စပြီးတော့ ခေတ္တ ရပ်နားချိန်တွေ ရှိပါတယ်။ နောက် ထမင်းစားပြီးတဲ့အချိန်မှာ KIO ဘက်ကနေ ဌာနချုပ်ကို ပြန်ပြီးတော့ ညှိနှိုင်းတာတွေ တင်ပြဖို့ ရှိတယ်။ အချိန်လိုတဲ့အတွက်ကြောင့်မို့ မြန်မာကိုယ်စားလှယ်ဘက်က အချိန်ပေးပြီးတော့ အခု စောင့်ဆိုင်းနေ ကြပါတယ်။
အခု ကျမ သတင်းမပို့ခင် အချိန်လေးမှာပဲ KIO ကချင်အဖွဲ့က ဗိုလ်ချုပ်ဂွန်မော် ကနေ လာပြီးတော့ အကြောင်းကြားပါတယ်။
“အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်နိုင်တဲ့အဆင့် ရောက်ဖို့အတွက် ကြိုတင် သဘောတူညီ ချက်တွေ၊ နောက်လုပ်ဆောင်ချက်တွေ၊ နားလည်မှုတွေ လိုတယ်။ တပ်ဘက်ကနေပြောတာက အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ချင်တယ်။ ကျနော်တို့ဘက်ကနေ ပြောတာကလည်း အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် ချုပ်နိုင်တဲ့ အဆင့်ရောက်ဖို့အတွက် ပြင်ဆင်ရဦးမယ်။ တချိန်ချိန်မှာတော့ ဒီအဆင့်ကို ရောက်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
ဒီဆွေးနွေးပွဲမစခင်နဲ့ ရပ်နားချိန်တွေမှာ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုလည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းနေတဲ့ အချိန်တွေမှာပဲ မြန်မာ စစ်တပ်ကနေ စစ်ရှိန်တွေ မြှင့်နေတာ၊ တပ်တွေ တိုးချတာ၊ ရိက္ခာတွေ ဖြည့်တာနဲ့ပတ်သက် လို့ မေးမြန်းတဲ့အခါမှာ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က အခုလို ဖြေပါတယ်ရှင်။
“လောလောဆယ်က ကျနော်တို့က အားလုံးကို ထိတွေ့မှုနည်းပါးအောင်ပေါ့ ဒါတွေကို ထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားတယ် ဆိုတာက သွားတာလာတာ၊ လှုပ်တာရှားတာ အကုန်လုံးကို ကျနော်တို့က လမ်းကြောင်းတွေဘာတွေကအစ စနစ်တကျ သတ်မှတ်ပေး ထားပြီးတော့ သွားခိုင်းတာပေါ့နော်။ ဟိုမှာလည်း ကျနော်တို့ လမ်းကြောင်းတွေအတိုင်း သွားနေတာပဲ။ အဲဒီတော့ အခုထိတွေ့မှုလျော့ပါးအောင် ဆောင်ရွက်တဲ့ အပိုင်းမှာတော့ အတော်လေး ထိရောက်မှုရှိပါတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို ဘာမှပစ်တာခတ်တာ မလုပ်တဲ့အ တွက်ကြောင့်မို့လို့ မရှိသလောက် ဖြစ်သွားတာပေါ့၊ ပစ်ခတ်တိုက်ခိုက်မှုတွေကလေ။ အဲဒီတော့ ထပ်ပြီးတော့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ဖို့ဆိုတာကတော့ ဒီကရလဒ်အပေါ်မှာပဲ မူတည်မှာပါ။ ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ တပ်မတော်အနေနဲ့ ဘာပဲဖြစ်ဖြစ် အမိန့်နာခံမှုရှိတဲ့ တပ်မတော်ပဲ။ ကျနော်တို့က အမိန့်ပေးလိုက်ရင်၊ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ရင် အားလုံးက လိုက်နာကြပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ သိပ်အထွေအထူး ပြောစရာတော့ မရှိပါဘူး။ သို့သော်လည်း သူတို့ကို ပြန်ပြီးတော့ ဖြေသိမ့်ဖို့ဆိုတဲ့ အပိုင်းကလည်း ကျနော်တို့ အဆင်ပြေပါတယ်။ သိပ်ပြဿနာမရှိပါဘူး။ နားလည်အောင် ရှင်းပြလို့လည်း ရပါတယ်။ အဲဒီတော့ ကျနော်တုုိ့က အဓိကကတော့ အမိန့်နာခံမှုရှိတဲ့ တပ်မတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါအတွက် ပြဿနာမရှိပါဘူး။”
မြန်မာစစ်တပ်က KIA အပေါ် ထိုးစစ်ဆင်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဘဝနဲ့ တိမ်းရှောင်နေ ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို ကျမ မေးမြန်းခွင့်ရခဲ့ပါတယ်။
“ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ နေရာတွေမှာ IDP Camp ပေါင်းက ၁၁၃ ခုရှိပါတယ်။ လူဦးရေက ၃၈,၀၀၀ ရှိပါတယ်။ ဒီဟာကို ကျနော်တို့ ၁ နှစ်နဲ့ ၈ လ ရှိနေတဲ့ အချိန်ကာလ အတောအတွင်းမှာ ကျနော်တို့ ကချင်ပြည်နယ် အစိုးရအနေနဲ့ အဲ့ဒီမှာရှိတဲ့ IDP Camp တွေအားလုံးကို အစစအရာရာ အဆင်ပြေအောင် ကျနော်တို့ ကြိုးစားနိုင်ခဲ့တယ်။ ဥပမာအားဖြင့် သူတို့နဲ့အတူ ပါလာတဲ့ ကလေးတွေကိုလည်းပဲ အားလုံး ပညာသင်ကြားပေး နိုင်အာင် ဆောင်ရွက်ပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ဆိုရင် ယနေ့အချိန်အထိ ဒီလိုလူအများ စုဝေးနေထိုင်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး အရ ကူးစက်တတ်တဲ့ ရောဂါမျိုး မဖြစ်ခဲ့ပါဘူး။ ပြီးတော့ အဲဒီမှာဖြစ်နေတဲ့ ဒဏ်ရာရတဲ့ ခရီးသွား ရင်းနဲ့ပေါ့လေ ဒဏ်ရာရခဲ့တာတို့ နောက်ပြီးတော့ IDP Camp မှာနေရင်းနဲ့ ကျန်းမာရေး စောင့်
ရှောက်မှုလုပ်ငန်းတွေဆိုရင် ဆေးရုံမှာလည်း ကချင်ပြည်နယ် အစိုးရအနေနဲ့ Free ပဲ သူတို့ကို ကုန်ကျစားရိတ်အားလုံးကို တာဝန်ခံပေးတာတွေ ရှိပါတယ်။”
ဒီကနေ့ ဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကို ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ ဦးဆောင်ပြီးတော့၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့က ဦးဆောင်နေ တာ ဖြစ်ပါတယ်။ KIO ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဆရာကြီး ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီးဇော်ရော် တို့က ဦးဆောင်နေတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်နဲ့ NDAA မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ရဲ့ ကိုယ်စားလှယ်တွေလည်း သက်သေအဖြစ် တက်ရောက်နေကြ တာ တွေ့ရပါတယ်ရှင်။
ဒီဆွေးနွေးပွဲသတင်းနဲ့ပတ်သက်ပြီးတော့ နောက်ဖြစ်ထွန်း တိုးတက်မှုတွေကိုလည်း ဆက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။
http://burmese.voanews.com/content/kachin-and-burmese-govt-meet-again/1619336.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။