အစိုးရ
တပ်များသည် ရှမ်းပြည် အရှေ့ မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်နှင့်
မိုင်းရှုုး မြို့နယ် အကြား၌ အခြေချ နေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ
SSPP/SSA အား လွယ်လန်း တောင်ကြောကနေ ဆုတ်ပေးရန် စစ်ရေး အရ ဆက်လက်
ဖိအားပေးလျက် ရှိကြောင်း SSPP/SSA နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ခံ
ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“
အဲဒီ တန့်ယန်း မြို့နယ်နဲ့ မိုင်းရှုုး မြို့နယ် အကြားက လွယ်လန်း၊
လွယ်စေး၊ လွယ်ခေါက်၊ လွယ်ချို ဘက်ကို အစိုးရ စစ်တပ် အင်အား ၂၀၀၀ ခန့်
တိုးချဲ့ လာတယ်။ အဲတာကြောင့် ကျနော်တို့ ဘက်ကလဲ ပြန်ခုခံ တိုက်ခိုက်ဖို့
စစ်အင်အားတွေ ပြန် ဖြည့် ထားတော့ ရှိတယ်။ အဲတာကြောင့် တိုက်ပွဲ မဖြစ်သေး
ပေမဲ့ နှစ်ဖက် စစ်ရေး အခြေအနေက တင်းမာနေဆဲပါ။” ဟု ဆိုပါသည်။
အစိုးရ
တပ်ဖွဲ့ များသည် အဆိုပါ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှ
တန့်ယန်းမြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြားရှိ SSPP/SSA
တပ်စခန်းများ ထိုနေရာများမှ ဆုတ်ခွာပေးရန် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စတင် တိုက်ခိုက် ခဲ့သည်။ သို့သော် SSPP သည် ထိုနေရာမှ မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ထား သည်ဟု ပြောခွင့်ရသူဗိုလ်မှူး စိုင်းလ က ဆိုပါ သည်။
လွယ်လန်း
တောင်ကြောသည် စစ်ရေး အရ အရေးပါသော နေရာ ဖြစ်ပါသည်။ ဤနေရာမှ ဆုတ်ခွာ ပေးပါက
SSPP အပါ၀င် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) လည်း တိုက်ခိုက်
ခံရဖွယ် ရှိနေပါသည်။ SSPP နှင့် UWSA တို့သည် စစ်ရေး မဟာမိတ်များ
ဖြစ်သည်နှင့် အညီ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရှိနေသည်ဟု ပြောခွင့် ရသူက
ဆိုပါသည်။
SSPP သည် ဤပြသနာကိုပြေလည် စေရန် ကြိုးပမ်းသည့် အနေဖြင့် ြပီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် အရာရှိ (၃) ဦးကို စေလွှတ်ပြီး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးထံ သွားရောက် ညှိနှိုင်း စေခဲ့သော်လည် ပြေလည်မှုများမရရှိဘဲ တိုက်ပွဲ များသာ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
ဗိုလ်မှူးချုပ် အောင်စိုးသည် ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်းမြို့နယ် နှင့်မိုင်းရှုုးမြို့နယ် အကြားရှိှ SSPP တပ်ဖွဲ့ များရုတ်သိမ်း ပေးရန် တောင်းဆို ခဲ့ပြီး မရုတ်သိမ်း ပေးပါက အထက် အမိန့်အရ နယ်မြေစိုးမိုးရန် အတွက် တိုက်ခိုက် ရမည် ဖြစ်ကြောင်း ပြောသွား ခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့်
မတ်လ ၂၇ ရက်နေ့တွင် SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ ထိပ်တိုက်
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပါသည်။ ဤကဲ့သို့ အားစမ်း ပွဲများ
တိုက်ခိုက်ခဲ့ပြီး အစိုးရ တပ်ဖွဲ့ များသည် မူလ တပ်စွဲထားသော တပ်များနှင့်
မလုံ လောက်တော့ သဖြင့် အင်အား တိုးရန် ဖြစ်လာခဲ့သည်ဟု SSPP က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် အင်အား တိုးရန် အချိန်ယူ ရမည်ဖြစ်သဖြင့် SSPP နှင့် တိုက်ပွဲများ လျှော့ချရန် ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်း ရေး အဖွဲ့ဝင်တို့ နှင့် ရှမ်းပြည်နယ်၊ လာရှိုုးမြို့၌ ထပ်မံ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပြန်ပါသည်။
ဤကဲ့သို့ အစိုးရ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး သမ္မတထံ စာရေး တင်ပြ ခဲ့သော်လည်း ထူးခြားမှု မရှိသည့် အပြင် ဧပြီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့များသည် ယင်း ဒေသ တဝိုက်ရှိ ကျေးရွာ များကို လက်နက်ြကီး များဖြင့် စတင်ပစ်ခတ် ခဲ့ပြန်ပါသည်။ ဤသည် စစ်အင်အား တိုးချဲ့ရန် အချိန်ယူခဲ့သည့် နည်းဗျူဟာ တရပ်သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
ဤသို့သော
အခြေအနေကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)နှင့်
ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA တို့သည် ပူးတွဲပြီး တိုက်ခိုက်
နေခြင်းမှ ရပ်တန့်ပေးရန် အစိုးရအား တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၅
ရက်နေ့ တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
အစိုးရ
တပ်များသည် SSPP ကို စစ်ဆင်ရန် အရှေ့ပိုင်းတိုင်း၊
အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း တပ်များအပြင် စစ်ဆင်ရေး
ကွပ်ကဲမှု ဌာနချုပ် တပ်များပါ စုဖွဲ့နေကြကြောင်း စစ်ရေး သုံးသပ်သူများက
ဆိုပါသည်။ ထို့အပြင် အစိုးရသည် SSPP အပြင် UWSA နှင့် မိုင်းလား
အဖွဲ့များကိုလည်း စစ်ဆင် သွားမည်ဟု သုံးသပ်ပါသည်။
အစိုးရသည်
ဤတပ်ဖွဲ့များကို စစ်ဆင်ရန် လေကြောင်း အကူကို အဓိက အသုံးပြုမည်ဟု
တွက်ဆကြသဖြင့် UWSA လည်း စစ်ရဟပ်ယာဉ်နှင့် လေယာဉ်ပစ်ဒုံးများ ဖြန့်ကျက်
ထားသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ
(UNFC) သတင်း ရပ်ကွက်က ဆိုပါသည်။
အစိုးရ
တပ်ဖွဲ့များသည် SSPP အား အင်အား (၅၀၀၀) ခန့် ဖြင့် စုစည်း တိုက်ခိုက်
နေသည်ဟု ခန့်မှန်း နေကြပြီး ဤအရေ အတွက်ဖြင့် SSPP နှင့် UWSA အား ရင်ဆိုင်
တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ဆိုကြပါသည်။ SSPP သည် အင်အားတ
သောင်းကျော် ရှိပြီး UWSA သည် ယခင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏
တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ပါသည်။ အင်အားသောင်းနှင့် ချီသော စစ်ဆင်ရေးကို
ရင်ဆိုင် ခဲ့ဘူးသလို လွတ်မြောက် ဒေသကို ကာကွယ်နိုင်သော တပ်ဖွဲ့များ
ဖြစ်ခဲ့ပါသည်။ UWSA သည် အမြဲတမ်း
တပ်အင်အား (၃) သောင်းကျော် ရှိပြီး လက်ရွေးစဉ် ပြည်သူ့စစ် အင်အား (၂)
သောင်းကျော်နှင့် အရန်တပ် အင်အား (၂) သောင်းကျော် ရှိသည်ဟု စစ်ရေး အကဲခတ်
များ က ခန့်မှန်း ထားပါသည်။
လေယာဉ်ပစ်
အမြောက်များ အပြင် စစ်ရဟတ်ယာဉ်များနှင့် အထူး လေ့ကျင့် ထားသော တပ်ဖွဲ့များ
ရှိကြောင်း ဆိုပါသည်။ အစိုးရ တပ်များသည် KIA အား နှစ်နှစ်ခန့် တိုက်ခိုက်
ခဲ့သော်လည်း ထိရောက်မှု မရှိသည့် အပြင် နိုင်ငံရေး အရ ဆုံးရှံူး
မှုရှိသည်ဟု သုံးသပ်ကြပါသည်။
အစိုးရသည်
အပစ်အခတ် ရပ်စဲရေးကို အကြောင်း ပြနေသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို
တည်ဆောက် လိုဟန် မရှိ ကြောင်း လိမ်လည်မှုများက ထင်ရှား လာပါသည်။
ဤသို့ကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ်တို့ အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ခြင်းက သက်သေဖြစ် ခဲ့ပါသည်။
ဤအခြေအနေ များကြောင့် ရယူထားသည့်အပစ်အခတ်
ရပ်စဲရေး ပျက်ပြယ် သွားပါက အစိုးရ အပေါ်၌သာ တာဝန်ရှိ ကြောင်း ပြည်တွင်း
ငြိမ်းချမ်းရေးကိုလည်း အစိုးရကသာ ဖျက်ဆီး နေသည်ကို ထင်ရှားစွာ တွေ့မြင်
နေရကြောင်း ဗိုလ်မှူးကြီး ဖိန်ဖက ပြောပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/265-sspp.html