December 10, 2012

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ

ရန်ကုန် (မဇ္စျိမ) ။        ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

တနင်္လာနေ့က ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်၌ ကုလသမဂ္ဂ အဖွဲ့အစည်းများက ဦးဆောင် ကျင်းပသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ၎င်းတို့ အစိုးရအနေဖြင့် “ပြည်သူများ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေးအတွက်
ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုပါတယ်” ဟု နိဒါန်းပျိုးကာ
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်များ တိုးမြှင့်ပေးခဲ့ခြင်းများကို ထည့်သွင်း ဖော်ပြသွားသည်။
aungmin
ထို့ပြင် ကြုံတွေ့နေရဆဲဖြစ်သော အလုပ်သမား တောင်းဆိုချက်များ၊ လယ်ယာမြေ အသိမ်းခံရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကိုလည်း “အစိုးရနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီး ပွင့်လင်းစွာ အဖြေရှာမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

ဦးအောင်မင်း ကိုယ်တိုင် ဦးဆောင်ပါဝင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင်ပြည်နယ် “ပဋိပက္ခတွေ ပြန်လည်
ပြင်းထန်လာတာနဲ့ အမျှ ယခင်က ၁၇ နှစ်လုံး ရှိခဲ့တဲ့ နှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေ ပျောက်ကွယ်သွားစေခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲမှုများကို ပြုလုပ်ရုံနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရရှိနိုင်ဘူးဆိုတာ ကျနော်တို့ နားလည် သဘောပေါက်ပါတယ်” ဟု ဆိုသည်။

“နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြသနာများဟာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အကြောင်းအရာထက် ပိုမိုရှုပ်ထွေးပြီး သိမ်မွေ့နက်နဲမှာများ ရှိတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာခွဲဝေမှုနဲ့ အရင်းအမြစ် ခွဲဝေသုံးစွဲမှုတွေကိုလည်း တိုင်းပြည်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး အကျိုးကျေးဇူး ရရှိစေရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်း က ထည့်သွင်းပြောဆိုသွားသည်။

အခမ်းအနားသို့ ကုလ လူသားချင်း စာနာမှုဆိုင်ရာ ဌာနေကို်ယ်စားလှယ် MR. Ashok Nigam ၊ ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) မှ Ms. Matilda Bonger ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့ကြသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း လူ့အခွင့်အရေးကို မြှင့်တင်ရာတွင် ပညာရေးကို အခြေခံပြီး ဖော်ဆောင်သင့်ကြောင်း ပြောဆိုသွားသည်။

“မတူတဲ့ နေရာတွေကနေပြီး ထွက်လာတဲ့ အသံတွေကို နားထောင်ရပါမယ်။ အသံတွေက ဘာကြောင့် ထွက်လာရ တာလဲ ဆိုတာကို နားထောင်ရပါမယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လမ်းမှာ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးတွေကို သိရှိဖို့ ပညာရေးက အရေးကြီးပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တာ အပေါ်ကနေ ပြုလုပ်လို့မရပါဘူး။ အောက်ခြေ
ပြည်သူလူထုကနေ စတင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

လူ့အခွင့်အရေးတွင် စာနယ်ဇင်းလွတ်လပ်ခွင့်မှ အလွန်အရေးပါကြောင်း မြန်မာ ဂျာနယ်လစ်အဖွဲ့ MJA မှ ဦးကိုကို က ပြောဆိုသွားသည်။

“လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့် ရခြင်းဟာ လူ့အခွင့်အရေးရဲ့ အုတ်မြစ် အခြေခံ ဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ လူ့အခွင့် အရေးကို မှန်ကန်စွာ ပါဝင်ပတ်သက် တောင်းဆိုခြင်းဟာ ဒီမိုကရေစီ လမ်းစဉ်ကို သွားတဲ့ အထောက်အကူ ဖြစ်ပါ တယ်” ဟု ဆိုသည်။

နေ့လည် ၂ နာရီက စတင်ကျင်းပသော အခမ်းအနားတွင် တက်ရောက်လာသူ တချို့က လူ့အခွင့်အရေးနှင့် ပတ်သက် ပြီး အောက်ခြေ ပြည်သူလူထုအထိ တိုက်ရိုက် ဗဟုသုတ ရရှိစေနိုင်ရန်အတွက် ယခုထက်ပို မိုဆောင်ရွက်နို််င်ရန် ကြိုးပမ်းသင့်ကြောင်းကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

http://www.mizzimaburmese.com/news/inside-burma/10556-2012-12-10-15-18-55.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India