December 10, 2012

ချင်းပြည်နယ်နေ့ နှင့် ချင်းအမျိုးသားနေ့ ပြန်လည်သတ်မှတ်ရေး အစိုးရ သဘောတူ

အစိုးရငြိမ်းချမ်းရေး အဖွဲ့   နှင့် CNF ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာ ရ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ - နန်းသီရိလွင်/ဧရာဝတီ)
အစိုးရငြိမ်းချမ်းရေး အဖွဲ့ နှင့် CNF ရန်ကုန်မြို့ငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာ ရ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ – နန်းသီရိလွင်/ဧရာဝတီ)
ချင်းအမျိုးသား တပ်ဦး(CNF)နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ချင်း ပြည်နယ်နေ့ နှင့် ချင်း အမျိုးသားနေ့ သတ်မှတ်ရေး တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ရ ရက်နေ့မှ စ၍ ၂ ရက်ကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက် ချင်းပြည်နယ်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနစ် အခြေခံ ဥပဒေအရ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် လည်း ကောင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်ရဖို့၊ တရားဝင် သတ်မှတ်ဖို့က ချင်းပြည်နယ် လွှတ်တော်က ဆုံးဖြတ် အတည်ပြုရဦးမယ်။ ဒီနှစ် မကုန်ခင်မှာ ဒါတွေက ဖြစ်လာမှာပါ။ ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့တွေဟာ ချင်းပြည်နယ်ရဲ့ အစိုးရ ရုံးပိတ်ရက်တွေ ဖြစ်လာမှာပါ”ဟု CNF လက်ထောက် အတွင်းရေးမှူးချုပ် ၂ ဒေါက်တာ ရွှေခါးက ပြောသည်။
ချင်းပြည်နယ်နေ့အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် ပြည်နယ်လွှတ်တော် တွင် အဆိုပြု တင်သွင်းမှုများ ရှိခဲ့သော်လည်း ဆွေးနွေးခွင့်မပြုခြင်း၊ အဆိုပယ်ချခံရခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် မရရှိခြင်း တို့ကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
“ဒီလ ၁၇ ရက်နေ့ ပြည်နယ် လွှတ်တော်မှာ ဒါကို အပြီးသတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့နဲ့ ချင်းပြည်နယ်နေ့ကို ရှင်း ရှင်းလင်းလင်း ဖော်ထုတ်ခွင့် ရတဲ့အတွက် နားလည်ပေးတဲ့ ပြည်ထောင်စု အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှာ ချင်းအမျိုးသားနေ့ အောင်ပွဲ ကျင်းပနိုင်အောင် ကျနော်တို့ ကြိုးစားမှာ ဖြစ်ပါတယ်”ဟု ချင်း အမျိုးသား ပါတီ ဥက္ကဌ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်က ပြောသည်။
ချင်းပြည်နယ်တွင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာ ကောင်စီမှ ဆုံးဖြတ်ခဲ့ပြီး ပထမဆုံး ချင်းအမျိုးသားနေ့ ဖြစ်သည့် ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ကန်ပက်လက်မြို့တွင် ကျင်းပခဲ့ရာ ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
၁၉၅၁ ခုနှစ်မှစ၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခဲ့ရာ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ် လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီးနောက် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
CNF နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အကြို ဆွေးနွေးပွဲတွင် CNF ဘက်မှ ၃၁ ချက်တင်ပြ ဆွေးနွေးခဲ့ပြီး ၂၇ ချက် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့၌ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမ သဘော တူ ညီချက် ၉ ချက်ကို လည်းကောင်း၊ မေလ ရ ရက် က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက် ၁၅ ချက်ကို လည်းကောင်း သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ် သည်။
CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည်။

http://burma.irrawaddy.org/archives/27689
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India