တိုက်ပွဲ အတွင်းမှာ ရဲ တပ်ကြပ် ၁ ဦးအပါအဝင် လူ ၃ ဦး သေဆုံး ပြီး လူ ၂ ဦး ဒဏ်ရာ ရသွား တယ် လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရ ဘက်ကတော့ ထုတ်ပြန် ကြေညာခြင်း မရှိသေး ပါဘူး။
ကေအိုင်အေ ဘက်က အရာရှိ တစ်ဦးက တိုက်ခိုက်မှုနဲ့ ပက်သက် ပြီးအတည်ပြု ပြောကြားပေမယ့် အသေးစိတ်ကို တော့ ပြောဆိုခြင်း မရှိပါဘူး။
ကာမိုင်း မြို့ပေါ်မှာတော့ ဒီနေ့ နေ့လယ် ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲဖြစ်ပြီး မြို့ခံ တွေဟာ စိုးရိမ် နေကြရပါတယ်။
ပစ်ခတ်သံ တွေကြားက ကာမိုင်းဒေသခံ တစ်ဦးကို မေးကြည့်တော့ အခုထက်ထိ ပစ်ခတ် နေကြတုန်း ဖြစ်လို့ သူတို့လည်း ပုန်းနေကြရတယ်လို့ ပြောကြားသွားခဲ့ ပါတယ်။
ကချင်ပြည်နယ်မှာ ကာမိုင်းတွင်သာ မကဘဲ တခြား နေရာ တွေမှာလည်း အစိုးရနဲ့ ကေအိုင်အေ အကြား တိုက်ပွဲ တွေ ကြိုကြား ကြိုကြား ဖြစ်နေ ပါတယ်။
ပန်ဝါ ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။ တိုက်ပွဲတွေ အကြောင်းကို အဲဒီကို ရောက်ခဲ့တဲ့ အလွတ် သတင်းထောက်ကို မေးကြည့်တော့ ပန်ဝါ အနီးက မှတ်တိုင် ၆ နဲ့ ၇ ကြားမှာ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး နေ့လည် ၁၂ နာရီ လောက်မှာ အစိုးရ ဘက်က သိမ်းထားတဲ့ တောင်ကုန်း တကုန်းကို ကေအိုင်အေ ဘက်က ပြန်သိမ်းပိုက် နိုင်ခဲ့တဲ့ အကြောင်းနဲ့ အစိုးရဘက်က လောလောဆယ်မှာ လက်နက်ကြီး တွေနဲ့ အဝေးကနေ လှမ်းပစ် နေသလို ကေအိုင်အေ ဘက်ကလည်း စက်သေနတ်ကြီး တွေ၊ ကချင် ရော့ကက် လောင်ချာ တွေနဲ့ ပြန်လည် တိုက်ခိုက် နေတဲ့ အကြောင်း ပြောပြ သွားပါတယ် ။
အစိုးရနဲ့ ကေအိုင်အေ တို့နောက်ဆုံး အကြိမ် တွေ့ခဲ့တဲ့ ရွှေလီ အစည်းအဝေး မှာတုန်းကတော့ နိုင်ငံရေး ဆွေးနွေး ကြမယ်လို့ သဘောတူခဲ့ကြ ပေမယ့် တိုက်ပွဲ တွေကတော့ အခုချိန်အထိ ဆက်ဖြစ်နေသေးတာ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/12/121218_kachin_karmine_kia.shtml