မြန်မာနိုင်ငံ အနုမြူစွမ်းအင်ဌာန က ဦးခင်မောင်လတ် က အခုလို အမေရိကန်တွေနဲ့ ဆွေးနွေးတာဟာ ရှေ့လာမယ့်အစီအစဉ်တွေရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်လို့ AFP သတင်းကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ အရင်စစ်အစိုးရကာလအတွင်း မြောက်ကိုရီးယားအကူအညီနဲ့ စစ်ရေးနဲ့ နျူကလိီးယားအစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက သင်္ကာမကင်းဖြစ်ခဲ့ကြပါတယ်။
အစိုးရသစ်တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ အမေရိကန်နဲ့ဆက်ဆံရေး နွေးထွေးလာချိန်မှာ ကုလသမဂ္ဂနိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ကို မြန်မာနိုင်ငံမှာ မသင်္ကာဖွယ် နျူကလီးယားဆိုင်ရာကိစ္စတွေ ဆောင်ရွက်နေတာရှိမရှိ လာရောက်စစ်ဆေးဖို့ သဘောတူညီချက်ကို ဦးသိန်းစိ်န်အစိုးရက ပြီးခဲ့တဲ့နိုဝင်ဘာလက သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီနောက် အခုလို အမေရိကန်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးခဲ့သူတွေထဲမှာ IAEA က အရာရှိတစ်ယောက်လည်း ပါ၀င်ကြောင်း သိရပါတယ်။
http://www.rfa.org/burmese/news/nuclear-american-myanmar-01162013223627.html