ချင်းမိုင်(မဇ္စျိမ)။ ။ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ဦးဆောင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဟိုဝါး ဒူဝါဇော်ဂမ် Howa Duwa Zau Gam အား ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်အဖွဲ့တွင် ပါဝင်တိုက်ခိုက်ခဲ့သူ ဟိုဝါး ဒူဝါဇော်ဂမ်မှာ ယခု အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်တွင် ဘာသာရေး လုပ်ငန်းများ
ဆောင်ရွက်နေထိုင်လျက်ရှိသည်။
KIO နဲ့ အစိုးရ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘာတွေ ကြားနေရလဲ။
ဖြေ။ ။ တိုက်ပွဲတွေ ရပ်စဲသွားမယ်လို့ ကျနော်ကြားရလို့ ကျနော် ဝမ်းသာတယ်။ အသံလိုင်း သတင်းတွေမှာ ကြားရ
တာက အခု ဆွေးနွေးမှုတွေမှာ UNFC ကနေ အဆိုတင်သွင်းမယ်ဆိုတာ ကြားရလို့ ဝမ်းသာတယ်။ ဒါမှမဟုတ်ရင်
ရေရှည်တိုက်ပွဲ ဖြစ်နေမှာပဲ။ အခုက လူမျိုးရေး တိုက်ပွဲဖြစ်နေသလို ကျနော်တို့ ခံစားရတယ်။
တိုက်ပွဲတွေက တနှစ်နဲ့ ရှစ်လကျော်လာပြီ။ ဒီတိုက်ပွဲများက ဘာကြောင့် ဖြစ်ပေါ်ခဲ့တယ်လို့ ပြောလို့ရလဲ
ရှင်။
ဖြေ။ ။ ခုတိုက်ပွဲတွေက ပြည်သူလူထု နာနေကြတယ်။ ခေါင်းဆောင်ပိုင်းမှာ စီမံခန့်ခွဲတဲ့နေရာမှာ လွဲမှားနေတယ်လို့ ကျနော်မြင်ရတယ်လေ။ အကောင်းဆုံးက စားပွဲပေါ်မှာ ဘာမကျေနပ်တာရှိလဲ၊ ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ၊ ဘာမှားတာ ရှိလဲ၊ ဘာအပြစ်ရှိလဲ။ အဲဒါမျိုးတွေ မေးရမှာ။ အခု ကျနော်
တို့ သိသလောက် နယ်ခြားစောင့်တပ်ကို လက်မခံလို့ တိုက်တယ်လို့ ပြောတယ်။ အဲဒီဟာကိုလည်း ဘာဖြစ်လို့ နယ်ခြား စောင့်တပ်ကို ဖွဲ့ရသလဲ၊ အဲဒါ မဖွဲ့ရော ဘာဖြစ်လဲဆိုတာကို အဖြေရှာရင် ကျနော်တို့ ပြည်သူလူထုတောင် အဖြေ ပေးနိုင်ပါတယ်။ အဲဒါ ပြောချင်တယ်။ ဒီငြိမ်းချမ်းရေးအကြောင်းက ဖြည်းဖြည်းဆွေးနွေးလို့ ရတယ်။
ဒူဝါ အနေနဲ့ ဒီတိုက်ပွဲတွေ ရပ်ဆိုင်းသွားဖို့ နှစ်ဖက်စလုံးကို ဘာအကြံပြုချင်လဲ။
ဖြေ။ ။ ကျနော်တို့ ဆွေးနွေးရမယ်။ ပြေလည်အောင် ဆွေးနွေးပေးရမှာပေါ့။ အမိန့်ချလို့ မရဘူး။ တဖက်စောင်းဖြစ်
မှာစိုးလို့ မပြောချင်ဘူး။ ဒါကြောင့် ကျနော့်ကို ဘယ်သူဖြစ်ဖြစ် ခေါ်ပါ။ ကျနော်က အဆင်သင့်ရှိပါတယ်။ အတတ်နိုင်
ဆုံး ညှိနှိုင်းမှာပါ။
ခုနောက်ပိုင်း ပင်လုံစာချုပ်ကိစ္စကို သိပ်ပြောဆိုလာတာ မရှိဘူး။ အဲဒီအပေါ် ဒူဝါအနေနဲ့ ဘာပြောချင်လဲ။
ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ်ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။ |
လို ဖြစ်မှကောင်းမှာပါ။
ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားတွေက ပင်လုံစာချုပ်ကို ရိုသေတယ်။ လေးစား၊ လိုက်နာတယ်ဆို လက်ခံထားတယ်။ မဖျက်ချင်ဘူး။ ကောင်းတယ်ဆိုတာ လက်ခံထားတယ်။ ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ်
ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။ ပေါင်းချင်လျက်သားနဲ့ မပေါင်းနိုင်အောင် လုပ်တာက ပေါင်းဖို့ မလိုဘူး၊ လူမျိုးပြုန်းတီးအောင်လုပ် ဆိုတဲ့သဘော သက်ရောက်တာကို မြင်ရ
တယ်။ ဝမ်းနည်းတယ်။ ဒါကြောင့် ဒီပင်လုံစာချုပ်နဲ့ ပတ်သက်လို့ ကျနော်ပြောစရာတွေ အများကြီးရှိပါတယ်။
အခုက အောက်ခြေ ရာဇဝင်ကို၊ ပြည်တွင်း အစဖြစ်လာတဲ့ ရာဇဝင်ကို ကောင်းကောင်း နားမလည်ဘဲ အပေါ်ယံ လိုချင်တာပဲ လုပ်သွားရင်တော့ မှားသွားမယ်လေ။ အဲဒါကို ကျနော်ကတော့ နိုင်ငံရေးအရ ကျနော့်အဖေက နိုင်ငံရေး
လုပ်ခဲ့တဲ့ လူဖြစ်တော့ သူပြောပြတာ အကုန်လုံး မှတ်ထားတာ ရှိတယ်။ “ငါတို့ ပင်လုံမှာ လက်နဲ့ ထိုးထားတဲ့ဟာကို မင်းတို့ သားသမီးတွေ၊ နောင်လာနောက်သားတွေက ခြေထောက်နဲ့ မဖျက်နဲ့” လို့ နှစ်ခါတောင် ပြောထားတာ ရှိတယ်လေ။ ဒါကြောင့် ကျနော်က အမြဲတမ်း ဘယ်သူ့ကိုမဆို ပြောပြတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကချင်တိုက်ပွဲကိစ္စတွေမှာ ဘာမှ ပြောဆိုလာတာ မရှိတဲ့အပေါ်မှာရော ဒူဝါအနေနဲ့ ဘယ်လို သုံးသပ်လို့ ရမလဲ။
ဖြေ။ ။ ကာတွန်းတခုမှာ တွန်းလှည်းမှာ ဦးသိန်းစိန်က သူ့ကို တွန်းတဲ့အခါကျတော့ ဒေါ်အောင်ဆန်း စုကြည်က “အေးအေး အဘ ဟိုးမှာ ရှေ့မှာ ကျင်းကြီး အနက်ကြီး”လို့ ပြောတယ်။ ဆိုတော့ သူ့ကို ကျင်းထဲ တွန်းချမလား ဆိုတဲ့ဟာမျိုး သူ သံသယ ဖြစ်နေတာနဲ့ တူတယ်။ လူအများ မြင်တာပေါ့လေ။ သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ်
ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။ သူကတော့။ အသုံး ချရင်တော့ ကောင်းတာပေါ့။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်သင့်တယ်လို့ ယူဆလဲ။
သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ်ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။ |
အရှုံးပေးသွားရတယ်။
မြန်မာအစိုးရ သတင်းစာမှာ ကြားရတဲ့အတိုင်းဆိုရင်တော့ တပ်မတော်က ထိုးစစ်ဆင်တာ မဟုတ်ပါဘူးတဲ့။ သူတို့
စခန်းမှာ သူတို့ ရိက္ခာပို့တာ အဲဒီမှာ KIA က လာတိုက်တယ်။ အရင်တုန်းက အစိုးရစခန်းတွေ မရှိတာ၊ ခုရှိလာတာက ဘယ်သူက ထိုးစစ်ဆင်တယ်လို့ ပြောရမှာလဲ။ KIA က ဖိတ်ခေါ်လို့လား။ တဖက်သတ်ကြီးလည်း စဉ်းစားလို့ မရဘူး
လေ။ အခုက ထိုးစစ်ဆင်တယ်လို့ ပြောရမှာက တပ်မတော်က ထိုးစစ်ဆင်တာလား။ KIA က ထိုးစစ်ဆင်တာလားဆို
တာ ကျနော်တို့ ဝေဖန်ကြည့်ရမယ်။ KIO ကလည်း ခံစစ်သဘောနဲ့ပဲ တက်လာတဲ့ စစ်ရန်ကိုတော့ လမ်းဖြတ်တာတို့ သူတို့ ရန်သူ မလာနိုင်အောင် ကြိုးစားတာပေါ့။ ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။
လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ်
ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ကျနော်တို့
ဝေဖန်တာထက် ကလေးကို မေးကြည့်ရင်တောင် သိပါတယ်။
ခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ယူဆလဲ။
ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။ လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ်ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ |
ဒီလက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း၊ ကုန်းကြောင်း နေ့စဉ် ပစ်ခတ်နေတာက ကျနော်တို့ စဉ်းစားလို့တောင် သဘောမပေါက်ဘူး။ လက်နက်နဲ့ ဖြေရင်းလို့ မရဘူးဆိုတာကိုတော့ ကျနော် မြင်မိတယ်။
ဆွေးနွေးပွဲ လုပ်တဲ့အခါ ကျနော့်ကို ခေါ်ရင် ကျနော် ပြောချင်တာ အများကြီးရှိပါတယ်။ စစ်ရေးအရရော ကျနော် စစ်ထဲမှာ နေခဲ့ဖူးတော့ ကျနော်နားလည်ပါတယ်။ နိုင်ငံရေးအရ ဆိုရင်လည်း အဖေက အမြဲတမ်းပြောပြလို့ ကျနော်ပြောလို့ ရပါတယ်။ ကျနော်နားမလည်တာ ကျနော်မေးမယ်။ ကျနော်ဖြေဖို့လည်း အဆင်သင့်ရှိပါတယ်။
တခြား ဘာပြောချင်တာ ရှိသေးလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ အေးအေးဆေးဆေး ခေါင်းပြားအောင် အိပ်နေလို့တော့ မရဘူး။ တိုင်းပြည်က ဒီလို ဖြစ်တော့ စိတ်ထဲမှာ အင်မတန် ဝမ်းနည်းတာပေါ့။ ဝမ်းနည်းတော့ ဘယ်က ဘယ်လို ဝင်ပါပြီးမှ လုပ်ဆောင်ရမလဲ၊ အကြံပေးရမလဲ ဆိုတာ အမြဲတမ်း သတိ ဝီရိယနဲ့ နေနေပါတယ်။ ဒါကြောင့် ခေါ်တဲ့အခါ ဘယ်မှာဘဲ ခေါ်ခေါ် အချိန်မရွေးတိုင်းမှာခေါ်ခေါ်၊ ပြည်နယ်မှာဘဲ ခေါ်ခေါ်၊ ဗဟိုမှာဘဲ ခေါ်ခေါ် ကျနော်က သွားဖို့ အဆင်သင့်ရှိပါတယ်။
http://www.mizzimaburmese.com/interview/10755-2013-01-15-12-02-15.html