Thursday, January 17, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က
ကချင််ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ သိပ်ပြီးမြန်ဆန်မယ်လို့
မမြင်ကြောင်း၊ ဒီပြဿနာကို သူပါဝင်ဖြေရှင်းလိုပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ်
အဖွဲ့အစည်းတွေရဲ့ တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းမှုရှိမှသာ
ပါဝင်ဖို့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
Photo: NLD Facebook
၂၀၁၃ ခုနှစ် ၁ လ ၁၂ ရက်နေ့တွင် ကျရောက်သော
ရ၅ကြိမ်မြောက် စိန်ရတု ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင်
ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်
RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့
ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းရမှာ သူက အခုလို
ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီကို တရားဝင်ပါတီတခုအဖြစ် ရပ်တည်ခွင့်နဲ့
ပတ်သက်ပြီး သဘောထားမေးမြန်းရာမှာ ဥပဒေစည်းကမ်းတွေနဲ့ အညီ
ဆောင်ရွက်မယ်ဆိုရင် သူ့အနေနဲ့ လက်မခံနိုင်စရာ အကြောင်းမရှိကြောင်း
ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
တဆက်တည်းမှာပဲ သူဟာ
ကွန််မြူနစ်တစ်ယောက် မဟုတ်ကြောင်း၊ ဒါပေမယ့် ကွန်မြူနစ်ဝါဒအပေါ်
သက်ဝင်ယုံကြည်သူတွေရှိတာကို သိရှိကြောင်းနဲ့ လူတိုင်းမှာ
လွတ်လပ်စွာယုံကြည်ခွင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
အပြည့်အစုံကို “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ပါ။
http://www.rfa.org/burmese/news/dassk-kachin-01162013200237.html
Posted in: ကချင်,သတင်း,အစိုးရ
Email This
BlogThis!
Share to Facebook