လာမယ့် ပဥ္စမအကြိမ်မြောက် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမယ့်အဆိုနဲ့ ပတ်သက်ပြီး ဦးခက်ထိန်နန်က RFA ကို အခုလိုပြောပါတယ်။
"အစကလက်နက်ငယ်နဲ့ တိုက်ခိုက်တာဆိုတော့ ငြိမ်းချမ်းရေးရအောင်ဆိုပြီး ကြိုးစားပြီးဆွေးနွေးတယ်၊ ဆွေးနွေးရင်းနဲ့ လက်နက်ကြီးဖြစ်လာတယ်၊ နောက်တော့ ဟက်စကီး၊ ဟက်စကီးကနေ တိုက်လေယာဉ်တွေဖြစ်လာတယ်၊ ကျွန်တော့်အမြင်ကတော့ အစိုးရနဲ့ KIA/ KIO တို့က ထိပ်တိုက်ဆွေးနွေးရင် ပဋိပက္ခတွေပိုပြီးကြီးလာမယ်၊ အဲဒီတော့ နှစ်ဖက်လုံးက လေးစားတဲ့ယုံကြည်အားကိုးထိုက်တဲ့ လူတွေပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့ ဆွေးနွေးရင် ပိုအစဉ်ပြေမယ်"
ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၁ရက်နေ့ကလည်း မြစ်ကြီးနား မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ KIO/KIA ကို တိုက်တွန်းချက် တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/kachin-session-01152013234251.html