January 15, 2013
ပြည်ပရောက် လူ့ဘောင်သစ် နို်င်ငံရေးပါတီ မှတ်ပုံတင်မည်
(၈) လေးလုံးအရေးအခင်းနောက် ပေါ်ပေါက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အခြေစိုက်ထားခဲ့တဲ့ လူဘောင်သစ်ဒီမိုကရစ်တစ်ပါတီက ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ နှုတ်အားဖြင့် သဘောတူထားကြောင်း နဲ့ ရှေ့လုပ်ငန်း စဉ်တွေဆောင်ရွက်ဖို့အတွက်ဆက် ဆံရေးရုံးကို ရှေ့လထဲမှာ ဖွင့်သွားဖို့ ရှိနေ ပါတယ်။ သူတို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ဘဝင်မကျပေမဲ့ အပြောင်း အလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်ဖို့ဆိုရင် လူထုကြားထဲမှာ ပြန်ရပ် တည်ဖို့လိုတာကြောင့် အခုလို ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရသူတွေက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသူရစိုးက တင်ပြပေးထားပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်နေတာ တလလောက်ရှိနေပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အခုလို ထုတ်ဖော် ကြေညာလိုက်တာဖြစ်ပါတယ်။
မကြာမီမှာ ပါတီကို တရားဝင် ပြန်လည်မှတ်ပုံတင်မယ့် အကြောင်းကိုတော့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလို ပြောပါတယ်။
“အစိုးရနဲ့ညှိနှိုင်းပြီးပြီ။ နှုတ်ကတိလည်း ကျနော်တို့ ရထားပြီးပြီ။ အဲဒီနှုတ်ကတိအရ ကျနော်တို့ ဘာမဆို ဆောင်ရွက်လို့ ရပြီဖြစ်ပါတယ်။”
ပါတီဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးဇော်ဇော်ထွန်းကတော့ ဘာကြောင့် အခုလို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။
“၂၀၀၈ ကို လက်မခံနိုင်ပေမယ့် ဘာကြောင့် ပါတီ မှတ်ပုံတင်ရသလဲဆိုတော့ လက်ရှိအခြေ အနေမှာ ကျနော်တို့ ပါတီက ၂၁ နှစ်ကြာအောင် လူထုနဲ့ဝေးခဲ့တယ်။ နယ်စပ်ဒေသမှာ အခြေစိုက် ခဲ့ရပါတယ်။ အခုနပြောသလို အပြောင်းအလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ပါတီကို လူထုကြားထဲမှာ ပြန်ရပ်တည်ဖို့ လိုပါတယ်။ အဲဒီအတွက် လတ်တလောမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရေးဆိုတဲ့ လုပ်ငန်းကို ပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဒီလို ပါတီမှတ်ပုံတင်ဖို့ ပြန်စဉ်းစားရတာပါ။”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခေါင်းဆောင်အဖြစ်နဲ့ သဘောထားပြီး ပါတီရဲ့အဓိက မဟာမိတ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ပါတီကတော့ တပ်ဦးမှာ ရှိနေမှာဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် တခြား ဒီမိုကရေစီရေး နဲ့ငြိမ်းချမ်းရေးကို လိုလားသောအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
အစိုးရက လာမဲ့ရွေးကောက်ပွဲမှာ ကျင့်သုံးနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြတဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုမှု စနစ်ကို တည်ဆဲဥပဒေအောက်က ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မူအရ မငြင်းပေမဲ့ မြန်မာပြည်အတွက် ဒီ အချိုးကျ မဲပေးစနစ် ကျင့်သုံးဖို ့အဆင်သင့် မဖြစ်သေးဘူလို့ ဦးဇော်ဇော်ထွန်းက အခုလိုပဲရှင်းပြပါတယ်။
“ဘယ်လို အခြေအနေတွေပဲဖြစ်နေ ဖြစ်နေ ကျနော်တို့က တရားဝင်မှတ်ပုံတင်ပြီးပြီဆိုရင်တော့ လက်ရှိ တည်ဆဲ ဥပဒေအောက်က ပါတီရပ်တည်ရေးအတွက် စဉ်းစားရမယ့် ကိစ္စတွေ ရှိပါတယ်။ အခုနက ကျနော်တို့ ရဲဘော်ပြောခဲ့သလို PR (Prooptional Ratio) စံနစ်နဲ့ ပတ်သက်ရင် မူအရ ကျနော်တို့ မငြင်းပါဘူး။ ဒါပေမဲ့ ဗမာပြည်လက်တွေ့က PR စံနစ်ကို ကျင့်သုံးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျနော်တို့ယူဆပါတယ်။”
ပြည်ပမှာ နေထိုင်နေပြီး တခြားနိုင်ငံသားခံယူထားတဲ့ပါတီခေါင်းဆောင်တွေအနေနဲ့ သက်ဆိုင် ရာနိုင်ငံသား ခံယူထား တာကို စွန့်လွတ်ကြဖို့နဲ့ နိုင်ငံတော်အစိုးရကလည်း သူတို့ကို နိုင်ငံသား ကဒ် ပြန်ထုတ်ပေးဖို့ကို သဘောတူထား တယ်လို့လည်း ပြောပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမိုးသီးဇွန်က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ပါတီဆိုင်းဘုတ်ကို ဖြုတ်ခဲ့တဲ့အတွက် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မာနယ်ပလောကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
burmese.voanews.com/content/exile-dpns-will-identity-as-political-party/1584626.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။