အယောက် ၃၀ ကျော်ဖြင့် ယနေ့ လိုင်ဇာဌာနချုပ်သို့ ကားတစ်စီးဖြင့်ရောက်ရှိလာပြီး ဆေးဝါးပစ္စည်းများနှင့် အဝတ်အထည်များကို ပေးအပ်ခဲ့ကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။
အဆိုပါ ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့တို့သည် ဖေဖဝါရီလ ၁၉ နေ့တွင် ဆိုင်ကယ်အပါအဝင် ပစ္စည်းများတင်သော ကားတစ်စီးနှင့်အတူ ဗန်းမော်မြို့မှ လိုင်ဇာသို့ ထွက်လာချိန် လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသည့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး အစိုးရတပ်စခန်းတစ်ခုက လိုင်ဇာသို့ဆက်မသွားရန် တားမြစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“အစကတော့ အရမ်းခြိမ်းခြောက်တယ်တဲ့။ သွားလို့မရဘူး။ မိုင်းထောင်ထားတယ်။ လုံခြုံမှုမရှိဘူးဆိုပြီး ပြောတယ်တဲ့။ ဒါပေမဲ့ သူက အဲဒီက ဗျူဟာမှူးကို နင်ခွင့်မပေးရင်လည်း ဒီကပြည်သူ သောင်းဂဏာန်းနဲ့ဖြစ်ဖြစ်ရောက်အောင်သွားမယ်။ နင်ပစ်သတ်လိုက်ရင်လည်း ကျနော်က အသေခံတယ်ဆိုတဲ့ အထိပြောပြီး ငြင်းခုန်ကြတယ်တဲ့။” ဟု ဆလန်ကဘား ဒွဲပီဆာပြောသည်။
ထို့နောက်မှ ဦးနေမျိုးဇင်ဦးဆောင်သောအဖွဲ့များသည် KIO ထံ ဆက်သွယ်လာပြီး ၎င်းနယ်မြေအနီးရှိ KIA တပ်ဖွဲ့များ၏ အကူအညီဖြင့် လမ်းတွင် တစ်ညအိပ်ပြီး ယနေ့လိုင်ဇာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှထွက်လာစဉ် အဖွဲ့ဝင် ၁၁ ဦးဖြစ်ပြီး ဗန်းမော်မြို့သို့ရောက်လာချိန် အခြားအဖွဲ့ကလည်း စုပေါင်းပါ၀င်လာသောကြောင့် အယောက် ၃၀ ကျော် တိုးလာခြင်းဖြစ်ကြောင်းသိရသည်။
အစိုးရတပ်များတားမြစ်ထားခြင်းနှင့်ပတ်သက်၍ မည့်သည့်တပ်မှဖြစ်ကြောင်းနှင့် ငြင်းခုံခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ၄င်းအဖွဲ့နှင့် ဆက်သွယ်မေးမြန်းရန် အခက်ခဲရှိသောကြောင့် မမေးမြန်းနိုင်ခဲ့ပါ။
အဆိုပါ မြန်မာ့လူမှုရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ ကူညီထောက်ပံ့ပေးသွားသော ပစ္စည်းများကို ခက်ခဲရင်ဆိုင်နေရသော ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းနှင့် ဖွန်လွမ်ယန် (Hpun Lum Yang) စစ်ပြေးဒုက္ခသည်စခန်းသို့လည်း ပေးအပ်ခဲ့ကြောင်း ဂျေယန့်ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။
“ခုနကပဲ လာပေးသွားတယ်။ အဓိကတော့ ဆေးဝါးနဲ့ပတ်သက်တာတွေ ဟုတ်တယ်။ အဝတ်အထည်လည်း နည်းနည်းပါတယ်။ အားပေးစကားတွေလည်းလာပြောသွားတယ်။” ဟု ထောက်ပံ့ပစ္စည်းများလက်ခံခဲ့သူ ကျမ်းမာရေးမှူး ဆရာနော်ဂျာပြောသည်။
၎င်းအဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
http://www.kachinnews.com/burmese/news/1030-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%AC%E1%80%B8%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%81%E1%80%B6%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%87%E1%80%84%E1%80%B9%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94-%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9B.html