ယခုတိုးချဲ့လာသော အစိုးရစစ်အင်အားများသည် မူဆယ် (Muse)ဘက်သို့ ၁၇ စင်း၊ မုန်ဂျီ (Mung Ji) ဘက်သို့ ၁၇ စင်းနှင့် လားရှိုးအရှေ့ဘက် နမ်ဂျာရတ် (Nam Ja Rap) တွင် ၆၃ စင်း ဖြင့် အသီးသီး ပို့ဆောင်ထားကြောင်း KIA တပ်မဟာ (၄)နယ်မြေ မှ အမည်မဖော်လိုသူ ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုအစိုးရတပ်များသည် မန္တလေးမှတိုးချဲ့လာသော တပ်မ (၉၉၊ ၅၅၊ ၃၃) တို့ဖြစ်ပြီး ၎င်းကားများတွင် အများအားဖြင့် စစ်သားများဖြစ်ကာ ရိက္ခာတင်သည့်ကားများနှင့် မြင်းများတင်သည့် ကားများတို့လည်းဖြစ်ကြောင်း မျက်မြင်ဒေသခံများပြောသည်။
ညနေ ၅ နာရီခွဲချိန်တွင်လည်း မြင်းတင်သည့် ကား ၁ စင်းနှင့် စစ်သားများတင်သည့် ကား ၆ စင်းသည် ကချင်ပြည်နယ်သို့ ပြန်ဆုတ်သွားကြောင်းသိရသည်။
“ထိပ်တိုက်ပစ်တာတော့မရှိဘူး။ ကျနော်တို့နားမှ ဖြည့်နေတယ်။ မုန်ဘော်ပါ (Mungbaw Pa) မှာ ဆက်တိုက်လို ဖြည့်နေတယ်။ မျက်စိနဲ့ တိုက်ရိုက်မြင်တာက မနေ့က နေ့လည်ဘက်ကနေ တွေ့မြင်နေရတာ။” ဟု KIA အရပ်သားတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) မှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းအစိုးရတပ်များသည် အောက်ပြည် လားရှိုး၊ ကွတ်ခိုင်ဘက်မှ ယမန်နေ့ ညနေ ၃ နာရီခန့် တွင် ကား ၁၀ စင်းဖြင့် မူဆယ် (၁၀၅)တွင် ရောက်ရှိလာပြီး ၎င်းမှနေရာ အနှံ့သို့ ဖြည့်နေခြင်းကြောင်း ဆက်ဆိုသည်။
တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်ပေါင်းစုများသည် စစ်အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင်လှုပ်ရှားနေချိန် ယမန်နေ့များမှ အစိုးရစစ်အင်အားများ ပြန်လည်တိုးချဲ့လာကြောင်း အရာရှိများပြောသည်။
ဆက်လက်ပြီး ဖေဖဝါရီ ၂၀ ယနေ့ နံနက် ၁၀ နာရီချိန်တွင် ဗန်းမော်ဘက်မှ အစိုးရစစ်ကား ၃၀ စင်းသည် ဗဟိုဌာနချုပ်အနီးရှိ လဂျားယန် (Lajayang) နှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြား လှုပ်ရှားနေသော စစ်ကြောင်းများသို့ ရိက္ခာများပို့နေကြောင်းရှေ့တန်းမှဆိုသည်။
ထိုသို့အစိုးရတပ်သည် ၁၇ ရက် တနင်္ဂနွေနေ့ တွင်လည်း အစိုးရစစ်ကား ၁၁ စင်းဖြင့် ရိက္ခာများပို့နေခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦးပြောသည်။
အစိုးရတပ်များ အင်အားတိုးချ ခြင်းနှင့်ပတ်သက်၍ KIO ဖက်မှ ယခုချိန်တွင်း ထိုးစစ်များခေတ္တငြိမ်သက်နေသေသာ်လည်း လှုပ်ရှားမှုများသည် တင်းမာမှုတစုံတရာဖြစ်လာနိုင်ကြောင်း ယူဆနေကြသည်။
သို့သော်အစိုးရဖက်မှ မည်သို့ကြောင့် ပို့ဆောင်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သူများထံ ဆက်သွယ်၍မရခဲ့ပေ။
ယခုချိန်သည် အစိုးရနှင့် KIO ကြားငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ်ကာဖြစ်သောကြောင့် နှစ်ဖက်တပ်များ ပစ်ခတ်မှုမပြုလုပ်ရန် ညွှန်ကြားထားချိန်လည်းဖြစ်သည်။
http://www.kachinnews.com/burmese/news/1029-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%9C%E1%80%AC.html