သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခသည် ကိုစဂလအောင်သည် မိမိ၏ ကျေးရွာ မှော်မောင်ကုန်းသို့ ပြန်ချင်သည်ဟုဆိုကာ ယနေ့နံနက် ၆ နာရီက ဒုက္ခသည်စခန်းမှ ထွက်သွားပြီး
နောက် လမ်းခုလတ်တွင် ပစ်ခတ်ခံခြင်း ဖြစ်သည်။
“ညက သူက သူ့အမေကို အိမ် အရမ်းပြန်ချင်တယ်လို့ ပြောတယ်။ ဒီမနက် သူ့အမေကို ပြောပြီး ပြန်သွားတာ။ အသွားလမ်း မှော်မောင်းဘွမ်မရောက်ခင် တိန်းကေမှာ သတ်ခံရတယ်။ အဲဒီရွာမှာ တချို့ အရပ်သားတွေ ရှိတယ်။ သူတို့ကလည်း ရွာကို မရောက်ဘူးလို့ ပြောတော့ သူက လမ်းမှာ ပျောက်နေတယ်”ဟု မော်ဝမ်း စစ်ပြေးဒုက္ခသည်များ အစားအသောက်အတွက် တာဝန်ယူနေသူ ဒေါ်ဘွမ်လီက ပြောသည်။ သို့သော် ပစ်ခတ်သည့် တပ်အမည်ကို ပြောပြ
နိုင်ခြင်း မရှိပါ။
အစိုးရနှင့် KIA တပ်များအကြား တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေသဖြင့် လုံခြုံရေးအရ သေဆုံးသူ၏ အလောင်းအား ယခုချိန်ထိ သွားရောက်ယူနိုင်ခြင်း မရှိပေ။