ဒိန်းမတ် ကြက်ခြေနီအသင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄ က ဒုက္ခသည် ၅၀၀၀ အတွက် သောက်သုံးရေသန့်တွေကို ဒီနေ့မှာ စတင်ပေးဝေနေပါတယ်။
လာမယ့်နွေရာသီကာလမှာ ဒုက္ခသည်စခန်းတွေမှ သောက်သုံးရေ ပြတ်လပ်မှု ကြုံရမယ့်အခြေအနေကို ကြိုတင်ကာကွယ်နိုင်အောင် အခုလိုရေပေးဝေလှူဒါန်းတာဖြစ်ကြောင်း ဒိန်းမတ်ကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mariana Liptuga က RFA ကို ပြောပါတယ်။
ဒုက္ခသည်တွေအတွက် အရေးပေါ် ရေသန့်ဖြန့်ဖြူရေးစက်ကို တပ်ဆင်ပြီး တစ်ရက်ကို ဂါလံ ခြောက်ထောင်ကျော် ဒီကနေ့မှာ စတင်လှူဒါန်းနေတာဖြစ်တယ်လို့ ကချင်ပြည်နယ ်ကြက်ခြေနီအသင်းက ဦးဂဲနက်စ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အစိုးရခွင့်ပြုချက်ရရှိခဲ့ရင် KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီနားက စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဒီလကုန်မှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။


Tuesday, April 09, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: