September 26, 2012

KIA နှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်

Opion_01_eeကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ၏ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်း အဝေးပွဲ တစ်ရပ်ကို လိုင်ဇာမြို့တွင်း၌ ယနေ့ ၁၁ နာရီ အချိန်မှာ ပြုလုပ်သွား သည်ဟု KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။
“ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကျနော်တို့ ကချင်ပြည်နယ် အတိုင်းအတာ တစ်ခုလုံး အနေနဲ့ လုပ်သွားဖို့ပါ။ ကျနော်တို့ ကေအိုင်အို အဖွဲ့ ထိန်းချုပ် နယ်မြေတွင်း မူးရစ်ဆေးဝါး ကင်းရှင်းတဲ့ ဒေသ ဖြစ်လာဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်။ ကချင်ပြည်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားဖို့ ဆိုတဲ့ ရည်ရွက်ချက်နဲ့ ဒီလူထု အစည်းအဝေးကို လုပ်ရတာပါ” ဟု ဆိုပါသည်။
အဆိုပါ အခမ်းအနားကို ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်မှ ဦးစီး ကျင်းပ ပေးခဲ့ပြီး ၄င်းတို့၏ ဗဟို ဌာနချုပ် လိုင်ဇာ အထက်တန်း ကျောင်းတွင် ပြုလုပ်ရာ ကေအိုင်အေ အမူ ထမ်းများ၊ ကျောင်း သားကျောင်းသူများ၊ လိုင်ဇာ ပြည်သူ လူထုများနှင့် စစ်ပြေး ဒုက္ခသည် စခန်းမှ ပြည်သူ လူထုများ ၂၄၁၇ ဦး တက်ရောက် ခဲ့ကြောင်း ဆိုပါသည်။
ကေအိုင်အို၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အား အဆင့် ၄ ဆင့်ဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း၊ ပထမ အဆင့်တွင် ကေအိုင်အို အဖွဲ့အတွင်း၌ တိုက်ဖျက်ပြီး၊ ဒုတိယ အဆင့်အဖြစ် ကေအိုင်အို ထိန်းချုပ် နယ်မြေရှိ ပြည်သူများ အတွင်းနှင့် တတိယ အဆင့်တွင် ထိန်းချုပ် နယ်မြေ တစ်ခုလုံး အပါ၀င် ကချင်ပြည်နယ် တစ်ခုလုံး၌ မူးယစ်ဆေးဝါး ကင်းစင်ရေး နယ်မြေဖြစ်ရန် ရည်မှန်း ထားပါသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် ရှမ်းပြည်နယ် လာရှိူးမြို့ရှိ အစိုးရ ခလရ (၉၆) တပ်ဖွဲ့တို့သည် ကေအိုင်အို မူးယစ်ဆေးဝါး တိုက် ဖျက်ရေး ဒေသ ဝန်းကျင်တွင် ရောက်ရှိ လာခဲ့သည်။ ၄င်းတို့၏ မူးရစ်ဆေးဝါး ပေါ်လစီသည် KIA အား လက်ညှိးထိုးပြနိုင် လုပ်ဆောင် တတ်သည့် အတွက် မူးရစ်ဆေးဝါး တိုက်ဖျက်ရေးထက် အားပေးရေးများ ဖြစ်လာနေပါသည်။ အစိုးရ၏ မူးရစ် ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီသည်၊ နိုင်ငံရေး လက်နက် သဖွယ် အသုံးပြု တတ်သည်ဟု KIA ဖက်မှ ယူဆပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1999-2012-08-10-06-51-20.html
 Opion_0311
(ဓါတ်ပုံ - Kachin net)
ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီများက ဒေသခံ လူငယ် အဖွဲ့များနှင့် ဒေသခံ အမျိုးသမီး အဖွဲ့များတို့ နှင့် ပူးပေါင်းပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မစပြီးှ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး တဝိုက်တွင် ဘိန်းတိုက်ဖျက်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် စီမံခဲ့သည်ဟု ဆိုပါသည်။
KIA ၏ မူးရစ်ဆေးဝါး တိုက်ဖျက်မှု များသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ စပြီး ကချင်ပြည်နယ် အရှေ့ဘက် ဆဒုန်းဇုံ နယ်တွင် ဧက ၆၆၀၃၅၊ ကချင်ပြည်နယ် လိုင်ဇာ ဇုံနယ်တွင် ၂၀၈၅.၅ ဧက၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၃၈၅ ဧက ဖျက်ဆီးနိုင် ခဲ့ပြီး အခြား သီးသန့် နေရာတွင်လည်း သီးသန့်တပ်ဖွဲ့က ဧက ၅၇၁ ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အေ အရာရှိက ဆိုသည်။
“ကချင်ပြည်နယ်မှာ ရှိတဲ့ အစိုးရ တပ်မတော် ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိကောင်းရှိမယ်။ ကျနော်တို့ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်နယ်မြေမှာတော့ ပံ့ပျောက်အောင် ဆောင်ရွက်မှာပါ” ဟု ထိုအရာရှိက ဆိုပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့၌လည်း ကေအိုင်အေ ဗဟို မူး ယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် လိုင်ဇာ အနီးရှိ မုန်းဆိုင်ယန်း အနီး ဖဂါခ ချောင်း (Hpaga Hka) တွင် ကျပ်ငွေ သိန်း ရ၀၀ ကျော်တန်ဖိုး ရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ပါသည်။
၄င်းအပြင် ကေအိုင်အေ တပ်မဟာ (၂)  ကချင်ပြည်နယ် ဖါးကန့်မြို့နယ် အခြေစိုက် တနိုင်းမြို့ အောင်လောဒ် ကျေးရွာတွင် လည်း ဖမ်းဆီး ရရှိထားသည့် ဘိန်း(မဲ) ၂၆ ပိဿာ၊ ရာမဆေးပြား ၄၀၉ ကို ပြည်သူ လူထုများနှင့် ပူးပေါင်း၍ မီးရှို ့ ဖျက်ဆီးခဲ့ သည်ဟု ဆိုပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့သည် ကမ္ဘာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ၄င်းတို့၏ ဖမ်းဆီး ရမိထား သော မူးယစ် ဆေးဝါး များကို မီးရှို့ ဖျက်ဆီးခဲ့လို နှစ်စဉ်လည်း အခမ်းအနား ကျင်းပပြီး မီးရှို့ဖျက်ဆီး ခဲ့ပါသည်။
ကေအိုင်အို ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် ၁၉၉၀ ခုနှစ် ကပင် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ် အောက် တိုဘာလမှ စတင်ကာ ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာနှင့် အခြား ထိန်းချုပ်ထားသော နယ်မြေတွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အစီ အစဉ်များကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့သည်။
မြန်မာ အစိုးရ၏ ကချင်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေး နှင့် ရေကာတာ လုံခြုံ ရေးများကို အကြောင်းပြပြီး တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာပြီး ကေအိုင်အေကို တိုက်ခိုက်နေပါသည်။ အစိုး ရ၏ မူးရစ်ဆေးဝါး ပေါ်လစီသည်လည်း စိတ်ချရသော အနေအထား မရှိဟု ဝေဖန်သူ များက ဆိုပါသည်။ သူတို့ ကိုယ်တိုင်တ ဖက်လှည့်နှင့် ထုတ်လုပ်နေသလို မူးရစ်ဆေးဝါး တိုက်ဖျက်ရေးကို နိုင်ငံရေး လက်နက် သုံးပြီးလည်း တိုင်းရင်သား များကို အပြစ် ပုံချနိုင်ရန် သွယ်ဝိုက်နည်းဖြင့် အားပေး တတ်ပါသည်။
ဤသို့ကြောင့်  အစိုးရသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည်တည်ထောင် ရေးကောင်စီ၊ ကေအိုင်အို အဖွဲ့နှင့် အခြား တိုင်းရင်းသား အဖွဲ့များကို မြန်မာ့ မူးယစ်ဆေးဝါး ဂိုဏ်းများဟု ကမ္ဘာက ထင်မြင်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေသည်ဟု ဝေဖန်သူများက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2152-kia----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India