November 26, 2012

တိုင်းရင်းသား ပြဿနာ ပြေလည်ဖို့ ဖယ်ဒရယ်စနစ်လို

မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ လက်ရှိပြဿနာတခုဟာ တိုင်းရင်းသားပြဿနာဖြစ်ပြီးတော့ အခုလို ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်မရှိတာကြောင့်လို့ မနေ့ကစပြီးကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ရှေ့ဆက် ဆွေးနွေး သွားမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာမှုတွေကို ရှေ့တန်းတင်သွားမယ် လို့ ပြောပါတယ်။ အကြောင်းစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးထားပါတယ်။

ဒီကနေ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊  ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်လာသလို၊ အာဏာပိုင်တွေဘက် ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပြုလုပ်နေတဲ့ ၀န်ကြီး ၂ ပါး ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။  ဒီဆွေးနွေးပွဲမှာ လက်ရှိ တိုင်းရင်းသား ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် မရှိတာကြောင့်လို့ ဦးခွန်ထွန်းဦး က ပြောကြားလိုက် ပါတယ်။

“လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ အကျပ်အတည်းအကြောင်းတရားက အဓိက တိုင်းရင်းသားပြဿနာက အဓိကဖြစ်နေပါတယ်။ တိုင်းရင်းသားပြဿနာပြေလည်နိုင်ဖို့ဆိုရင် ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ထို့အတူ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိဘဲ မဖြစ်နိုင်ပါဘူး။”

သမိုင်း အဆက်ဆက် နားလည်မှုလွဲခဲ့ သော ဖက်ဒရယ် ကိစ္စကို  အဖွဲ့အစည်းတွေအနေနဲ့ ကိုယ်တိုင် နားလည်ထားတဲ့ ဖယ်ဒရယ်ပုံစံတွေကို အဓိပ္ပါယ် ဖွင့်ပြီး ရှေ့လာမဲ့ ဆွေးနွေးပွဲတွေမှာ  ဆွေးနွေး ကြရင် ပိုပြီး သင့်တော်၊ ကောင်းမွန်မယ်လို့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကပြောပါတယ်။

“ဥပမာ သမိုင်းတလျောက်လုံးတွင် နားလည်မှုလွဲခဲ့သော၊ ဖက်ဒရယ်ကိစ္စရပ်များကို မိမိတို့အဖွဲ့အစည်း အသီးသီး နားလည်လက်ခံသော အဓိပ္ပါယ်ဖွင့်ဆိုမှု ရရှိအောင်ဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး ၊ ပါဝါရှယ်ယူသောကိစ္စရပ်များကို အဓိပါယ်ဖွင့်ဆိုခြင်း၊ Resource ရှယ်ယူသော ကိစ္စရပ်ကို အဓိပါယ်ဖွင့်ဆိုခြင်း၊ Government နဲ့ပတ်သက်သောကိစ္စရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းတို့ကို ဦးစွာပထမ ရှင်းလင်းကြရန် ကြိုးပမ်းကြမယ်လို့ ယုံကြည်ပါတယ်။”

ရှေ့ဆက်ပြီး လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး နည်းလမ်း နဲ့ ဆွေးနွေးတာ တွေကို အသားပေး လုပ်ဆောင်သွားမယ်လို့လည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးအရ ဆွေးနွေခြင်းများသည် အရေးကြီးကြောင်း တွေ့ရှိရပါသည်။ အဓိကအားဖြင့် မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းနှင့် ရရှိထားသော နိုင်ငံရေးဖြစ်ထွန်းမှုများနှင့် ကိုက်ညီသည့် သီးခြားတည်ဆောက်ထားနိုင်သည့် ပုံစံဖြင့် အကောင်အထည်ဖော်မှသာလျင်၊ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာပဲ အင်အားကြီးတဲ့ လူမျိုးတွေက အင်အားနည်းတဲ့ မျိုးနွယ်စုတွေအပေါ်မှာ ဖိနှိပ်တာ၊ တန်းတူအခွင့်အရေးကို ပိတ်ပင်တာ၊ ရက်စက်မူတွေ ရှိိနေတဲ့ကိစ္စကိုလဲ အမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အင်အားကြီးတဲ့လူမျိုးက အင်အားသေးတဲ့လူမျိုးကို ဖိနှိပ်တာ၊ လူမျိုးတမျိုးရဲ့တန်းတူအခွင့်အရေးကို မပေးတာ၊ လူမျိုးတမျိုးက ခြိမ်းခြောက်တာ၊ ဖိနှိပ်ရက်စက်တဲ့ အခြေအနေမျိုးမှာလည်း အခုတိုင်းပြည်မှာ မြင်တွေ့နေရပါတယ်။”

တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေချိန်မှာ တိုင်းရင်းသား မျိုးနွယ်စုတွေက သူတို့ မျိုးနွယ်စု အမှတ်လက္ခဏာတွေကို တည်ဆောက်ပြီး အဲ့ဒီ အမှတ်အသားတွေကနေ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဘုံအမှတ်အသားတစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

အစောပိုင်းတုန်းက ဒီပွဲကို ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် အခမ်းအနားမှူးက တက်ရောက်လာသူတွေကို တောင်းပန်ခဲ့တာလည်း ကြား ရပါတယ်။

ဒီနေ့ပွဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေဘက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNDP)၊ ရှမ်းနီအမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) တို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည်တည်ထောင်ရေးကောင်စီ (SSA/RCSS)၊  အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA) တို့ တက်ရောက်ခဲ့တာ ကို တွေ့ရပါတယ်။

ဒီကနေ့က စပြီး ရန်ကုန်မှာ သုံးရက်ကြာပြုလုပ်မဲ့ ဒီပွဲမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၊ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ၊ ရှမ်းတိုင်းရင်းသားလူထု အခြေပြု အဖွဲ့အစည်းတွေအကြား မှာ ငြိမ်းချမ်းရေးအတွက် ယုံကြည််မှုတည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်သလို ရှမ်းလူမျိုးတွေရဲ့ ဒေသတွင်းဖွံဖြိုးရေးတွေ အပါအဝင် ဘာသာ၊ စာပေကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/shan-groups-and-myanmar-goverment-peace-meeting/1553531.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India