November 11, 2012

KNPP နဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံ

နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ၀န်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီး တင်ပြထားပါတယ်။

နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ၀န်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီး တင်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ KNPP ခေါ် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီခေါင်းဆောင်တို့ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ အခုတွေ့ဆုံမှုဟာ လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့သဘော ဆောင်နေတယ်လို့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့သူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“ဒီတပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆိုတော့ နောက် အစည်းအဝေးမှာ ကျနော်တို့ နှစ်ဘက်တပ်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပေါ့နော်၊ ချမှတ်ပြီးမှ ဆွေးနွေးကြဖို့လည်း ကျနော်တို့က တင်ပြပါတယ်။ နောက်တခု ကတော့ (၁၄) ချက်ထဲက လေ့လာစောင့်ကြည့်ရေး အဖွဲ့တို့ အဲဒီလိုမျိုးတွေ ဖွဲ့ဖို့ကိုလည်း သူတို့နဲ့ အကြိုညှိနှိုင်းတာ ရှိတာပေါ့နော်။ နောက် ကျနော်တို့ CPO တွေပေါ့နော်။ ကျနော်တို့ဆီမှာ ဒီရွာသစ် ရေကာတာ စီမံကိန်းနဲ့ ပက်သက်ပြီးတော့မှ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိဘူး။ သူတို့ လေ့လာမှုကို ပိတ်ပင်တယ် ပြောဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ အစိုးရကို ပြန်ပြောတော့ သူတို့ကတော့ ဒါတွေကို လွတ်လွတ်လပ်လပ် ပေါ့နော်။ ကျနော်တို့ ခွင်ပြုပါတယ် ဆိုပြီးမှ အဲတာတွေ ပြောခဲ့တာ ရှိတာပေါ့နော်။ အဓိကကတော့ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါဘဲ။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီဘက်က တင်ပြချက်အပေါ် ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကော်မတီ အနေနဲ့ အတတ်နိုင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ပြောသွားတဲ့ အကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“သူကတော့ အတတ်နိုင်ဆုံးပေါ့နော်။ ကျနော်တို့နဲ့ ဆွေးနွေးထားတဲ့ သဘောတူထားတဲ့ အချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့မှ အကောင်အထည် ဖော်သွားဖို့ဆိုပြီးတော့ သူကတော့ အဲဒီလို ပြောသွားပါတယ်။ ဆက်ပြီးတော့မှ ကျနော်တို့ ညှိညှိနှိုင်းနှိုင်း လုပ်သွားဖို့လည်း သူ့အနေနဲ့ ဆန္ဒ ရှိပါတယ်ပေါ့နော်။”

ဒီနှစ်ကုန်ပိုင်းလောက်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ မြန်မာငြိမ်းချမ်းရေးကော်မီတီတို့ ထပ်မံ တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ KNPP နဲ့ အစိုးရအကြား တပ်မတော် အစိုးရ လက်ထက် ၁၉၉၅ ခုနစ်က အချက် (၁၆) ချက်နဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ၃ လအကြာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

KNPP ခေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီဟာ မတ်လ ရ ရက်နေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မီတီ အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇွန် ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ အချက် ၁၄ ချက်ပါ သဘောတူညီ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ အခုက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတယ်။ ကျနော်တို့ KNPP အနေနဲ့ ကတော့ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် ရှေ့တည်တန့် ခိုင်မြဲအောင် ဆက်လုပ် သွားချင်တယ်။ ဒီကနေတဆင့် ကျနော်တို့က အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်သွားချင်တယ်။ အဲဒီကမှတဆင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်တဲ့အထိကို ကျနော်တို့ဘက်ကတော့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အစိုးရ ဘက်ကတော့ သူတို့အနေနဲ့ပေါ့နော်။ ဒီစစ်တပ်ပိုင်းဆိုင်ရာနဲ့ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ဘယ်လောက်ညှိနှိုင်းမှုရှိသလဲ ဆိုတဲ့အပေါ်မှာတော့ မူတည် တာပေါ့နော်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ ဒီရက်ပိုင်းတွေမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ABSDF ခေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွေနဲ့လည်း ထိုင်းနိုင်ငံထဲမှာ တွေ့ဆုံခဲ့ပါတယ်။

KNPPနဲ့ ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ရ ဦး တက်ရောက်ခဲ့ သလို ကရင်နီတိုးတက်ရေးပါတီ ဘက်ကတော့ ဒုတိယ ဥက္ကဋ္ဌ အေဘယ်ဒွိ ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါတယ်။ 
 
http://burmese.voanews.com/content/knpp-peace-talk/1543795.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India