ရခိုင်ပြည်နယ်တွင်း လုံခြုံအေးချမ်း တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှ
ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းထူထောင်ထားခြင်းကို ကြိုဆိုပါသည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ပေါ်ပေါက်ရခြင်း၏ အရင်းခံအကြောင်းတရားများကို စုံစမ်းဖေါ်ထုတ်နိုင်ရန်နှင့် နောက်နောင် အလားတူ ထပ်မံဖြစ်ပွါးခြင်းကို တားဆီးနိုင်ရန်အတွက် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ခွင့်ပေးရန် အစိုးရအာဏာပိုင်များကို တိုက်တွန်းလိုက်ပါသည်။
ရခိုင်ပြည်သူများလိုအပ်နေသော လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များ လုံခြုံစိတ်ချစွာ အချိန်မီရောက်ရှိနိုင်ရေးအတွက် အစိုးရမှ ကူညီဆောင်ရွက် ပေးရန်လည်း တိုက်တွန်းသည်။ ရခိုင်ဒေသတွင် အရေးပေါ်လိုအပ်သော လူသားချင်းစာနာသည့်အကူအညီများနှ
မြန်မာပြည်သူများ လိုလားတောင့်တနေသော ငြိမ်းချမ်းပြီး သာယာဝပြောသည့် လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးနှင့် တရားဥပဒေစိုးမိုးသော ဒီမိုကရေစီအပြောင်းအလဲ လုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံများမှ အပြည့်အဝ အားပေးထောက်ခံသွားမည်ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်အရေးတွင်သာမက တနိုင်ငံလုံး၏ ရည်မှန်းချက် ပြည့်ဝရေးအတွက်ပါ မိမိတို့ဆက်လက် ကူညီသွားရန် အဆင်သင့်ရှိကြောင်း ပြောကြားလိုသည်။
သြစတြေးလျားသံရုံး
အီဂျစ်သံရုံး
ပြင်သစ်သံရုံး
ဂျာမဏီသံရုံး
ဂျပန်သံရုံး
ဆော်ဒီအာရေးဗီယားသံရုံး
တူရကီသံရုံး
ဗြိတိန်သံရုံး
အမေရိကန်သံရုံး
http://www.narinjara.com/burmese/?p=3004