
“ ကျနော်တို့ တင်ပြထားတာက အပစ်အခတ် ရပ်စဲတုန်းက သဘော တူထားပြီး အကောင်အထည် မဖေါ်နိုင်သေးတဲ့ တပ် နေရာ ချထားရေး ကိစ္စတွေကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သမ္မတနဲ့ ဆွေးနွေးဖို့ ၊ ကာလုံနဲ့ ဆွေးနွေးဖို့ရှိတယ်၊ စစ်ဖက် ဆိုင်ရာနဲ့ ပြန်လည် တင်ပြ ရအုံးမယ်တဲ့။ ဦးအောင်မင်းက ပြောလိုက်တော့။ ဘာမှ သဘောတူညီမှု မရဘဲ အလွတ် သဘော ဖြစ်သွား ခဲ့ပါတယ်။”ဟု ဆိုပါသည်။
KNPP သည် အထူးသဖြင့် တပ်နေရာ ချထားရေးကို အခိုင်အမာ လုပ်ဆောင်သွားရန်။ တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်မှု မရှိရန် စောင့်ထိန်းရမည့် အချက်များကို အဓိကထား ဆွေးနွေးလိုသည်ဟု ဆိုပါသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ(၈) ရက်နေ့တွင် ပြည်ထောင်စု အဆင့်နှင့် သဘောတူ ခဲ့သော အချက် (၁၄) ချက် စလုံးကိုလည်း ပြန်လည် တင်ပြဆွေးနွေး ခဲ့ပါသည်။ ဤအချက်များသည် သဘောတူ ထားပြီးဖြစ်သာ်လည်း လက်တွေ့ အကောင်အထည် မဖေါ်နိုင်သေးသဖြင့် ပြန်လည် တင်ပြခြင်းဖြစ်သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1211-knpp-.html
ဦးအောင်မင်းသည် KNPP ၏ ဆွေးနွေး တင်ပြချက်များ အားလုံးကို ရှင်းလင်းချက်များဖြင့်သာ ပြန်လည် ဖြေကြား သွားခဲ့ပါ သည်။
KNPP သည် တပ်နေရာ ချထားရေးကိုသာ လက်တွေ့ အကောင်အထည် ဖေါ်လိုပြီး နိုင်ငံရေး ကိစ္စကိုမူ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့နှင့်သာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆိုပါသည်။
ဦးအောင်မင်းတို့ အဖွဲ့၏ ယခုခရီးစဉ်တွင် ABSDF၊ UNFC ၊ KNPP ၊ TSLF ၊ ALP ၊ WLB နှင့် လူ့ဘောင်သစ် အဖွဲ့တို့ကို တွေ့ ဆုံ သွားခဲ့သော်လည်း အလွတ်သဘော သက်သက်ဖြင့်သာ တွေ့ဆုံ သွားခဲ့ကြောင်း နောက်ထပ် တွေ့ဆုံကြမည့် ငြိမ်းချမ်း လုပ်ငန်းစဉ်များကိုလည်း ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ ကျင်းပလိုကြောင်း ဆော်သြ ခဲ့သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2352----knpp-.html