ကုလသမဂ္ဂအဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖားကန့်ကိုရောက်ရှိပြီး အဲဒီဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ရေး အကူအညီတွေ ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက်ရေး KIA တပ်တွေကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သား ရ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ဘေးကင်းရာမှာ ရှောင်တိမ်းနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နေရာတွေဆီကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့တွေကို သွားရောက်ခွင့် အရင်က မပေးခဲ့ပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambia မြန်မာနိုင်ငံ ကို နောက်ဆုံးတခေါက် သွားရောက်ခဲ့အပြီးမှာ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက အကူအညီ သွားရောက်ပေးရေးကို မြန်မာအစိုးရက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ခုလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ၂၁၁၂ ခုနှစ်ကတည်းကဆိုရင် အခုမှ ပထမဆုံးသွားရောက် အကူအညီပေးနိုင်တာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။