“စီအဲန်အက်ဖ်မှ ကိုယ်စားလှယ်တွေ လာနိုင်ယင် ချင်းတက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ကြိုဆိုဖို့ စီစဉ်နေ တယ်၊ မတူပီ မကဘူး၊ မင်းတပ်၊ ကန်ပက်လက်အထိ လာရောက်နိုင်ယင် အကောင်းဆုံးပေါ့” ဟု ပခုက္ကူ တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှူ ကော်မီတီ၊ ပခုက္ကူ မြို့ မတူပီချင်း လူမှူရေး အသင်း မှ ပြောရေးဆို ခွင့်ရှိသူ တဦးကပြောသည်။
ဆက်လက်ပြီး အစိုးရလူကြီးတွေ လာယင်တောင် ဖြူစိမ်း ၀တ်စုံနဲ့ ကြိုဆိုခိုင်းတာပဲ၊ ကိုယ့် အမျိုးသားရေး အတွက် သွေး သောက်တွေလာမှတော မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မှ ချင်းတက္ကသိုလ်ကျောင်းသားတွေ လွမး်ခြုံပြီး ကြိုဆိုဖို့ စီစဉ်နေ ကြောင်း ဆက်ဆိုသည်။
ဇန်နဝါရီ ၅-၆ ရက်နေ့က ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း နှင့် ချင်းပြည်နယ် ၀န်ကြီးချုပ်အပါအဝင် ပြည်နယ် အစိုးရနှင့် စီအဲန်အက်ဖ် အကြား ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းပြည်နယ်အတွင်း ထန်တလန်၊ တီးတိန်၊ မတူပီမြို့များတွင် စီအဲန်အက်ဖ် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်ဖြစ်သည်။ သို့သော် တီးတိန်ဒေသခံများက တီးတိန်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကို ကန့်ကွက်ထားသည်။
“တီးတိန်မြို့မှာ CNF ရုံးဖွင့်မှာကို တီးတိန် လူထုက ကန့်ကွက်တာကြားတယ်၊ ပခုက္ကူ ချင်းကျောင်းသား ကျောင်းသူများ အနေဖြင့် တကယ်စိတ်မကောင်းဘူး၊ အခုလို အချိန်အခါမှာ ကျတော်တို့ ချင်းတွေ ပိုပို စည်းလုံးမှု လိုအပ်နေ ချိန်မှာ ကန့် ကွက်မှုရှိလာတာကို ကြားသိတော့ အလွန်ဘဲ ၀မ်းနည်းတယ် ” ဟု ပခုက္ကူ ရှိ ချင်းကျောင်းသားတဦးက ပြောသည်၊
ယင်းကိစ္စနှင့် ပါတ်သက်ပြီး တီးတိန်ဒေသခံများနဲ့ ဆွေးနွေးဖို့ စီအဲန်အက်ဖ် အဓိပတိကောင်စီမှ စီစဉ်နေသည် ဟု ကြားသိ ရသည်။
ပခုက္ကူတက္ကသိုလ် ခ စ ယ ခေါင်းဆောင် တဦး၏ တရားဝင်ပြောကြားချက်အရ ပခုက္ကူတက္ကသိုလ်တွင် ချင်း တက္ကသိုလ် ကျောင်းသား၊ သူ ၄၁၉ ဦးရှိကြောငး် သိရသည်။
လာမည့် ဧပြီလတွင် ချင်းပြည်နယ်အစိုးရနှင့် စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ပြန်လည်တွေ့ ဆုံဘွယ်ရှိသည်။
နှစ်ဖက် သဘောတူညီချက်ထဲတွင် စီအဲန်အက်ဖ်နှင့် ပြည်နယ်အစိုးရတို့ ဒေသဖွံ့ဖြိုးရေးကို ပူးတွဲလုပ်ဆောင် ရန် ဟု ပါရှိ သည်။
“ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး က ချင်းပြည်နယ်အတွက် တကယ့်လိုအပ်ချက်ပါ၊ ငြိမ်းချမ်းရေး တည်မြဲစေ ချင်တယ် ” ဟု ဆက်ပြောသည်။
http://burmese.bnionline.net/index.php/news/khonumthung/10018--cnf-----.html