မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်ထောင်စုတခုလုံးတွင် ရေရှည်တည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်း ရေးဖော် ဆောင်နိုင်ရေးအတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လမ်းစပွင့်လာသည်ဟု စီအဲန်အက်ဖ်က ယူဆကြောင်း ရှင်းလင်း တင်ပြထားသည်။
တဆက်တည်း စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု မရရှိမှီ နှင့် ရရှိပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ပြောင်းလဲ
ရှိ အသုံးချနိုင်ရေး သည် အထူး အရေးကြီးကြောင်း တိုက်တွန်း ထား သည်။
သဘောတူညီချက် (၉) ချက်အနက် (၄) ချက်ပါ သဘောတူညီချက်သည်အရေးကြီး ဆုံးအချ
က်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ရန် အခြေခံမူများ ထားရှိရန်လိုအပ် ကြောင်း ဖော်ပြထားသည်။
ယင်းအချက်နှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးမှ တပြည်လုံးအသွင် ဆောင်သည့် ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရေးအတွက် အခြေခံဥပဒေအား ပြင်ဆင်ဖြည့် စွက်မှုပြု လုပ်သည့် အခါ ဒို့တာဝန်အရေး သုံးပါးအပြင် ပြည်ထောင်စုအရေး ၊ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေးတို့ကို အခြေခံပြီး ပြည်ထောင်စုအ ဆင့်ဆွေး နွေးခြင်းအား တဆင့်ပြီးတဆင့်ပြုလုပ်ရန် သဘောတူခြင်းဖြစ်သည်ဟု ရှင်းလင်းထားသည်။
ယခု သဘောတူညီမှုသည် အလင်းဝင်ခြင်း၊ လက်နက်ချ အည့ံခံခြင်း၊ အရှူံးပေးလက်မြောက်ခြင်း မဟုတ်သည့် အပြင် တန်းတူညီမျှှမှုကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှ
င့် ရေရှည်တည်တ့ံ ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်မှတ်ရေး ထိုးခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယနေ့အထိ အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်းများဖြစ်သည့် CNF အပါအဝင် United Wa State Army (UWSA), Democratic Karen Buddhist Army (DKBA), Natioanal Democratic Alliance Army (NDAA), Restoration Council of the Shan State (RCSS/SSA), Karen National Union (KNU) စသည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိြ
KNG News