August 19, 2012

ကရင်နီမျိုးနွယ်စု တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ ကျင်းပမည်

ကရင်နီတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုအကများကို လာမည့် စက်တင်ဘာလအတွင်း လွိုင်ကော်မြို့တော် ခန်းမ၌  ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်ရှိတယ်လို့ ပြည်နယ်အစိုးရမှ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိန်ဦးက ပြောပါတယ်။  

ဝန်ကြီးဦးစိန်ဦးက “တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုးပြိုင်ပွဲတွေ ဖျော်ဖြေတာတွေကို ကျနော်တို့ တောက်လျှောက် အဆင့်မြင့်ဖြစ်အောင် လုပ်တာပေါ့။ ကျနော်တို့မှာလည်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့အတွက် ဒီပြိုင်ပွဲအတွက်လည်း ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ဗဟိုမှာကိုလည်း တင်ဆက်နိုင်ဖို့ကိုလည်း စီစဉ်နေတယ်”လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်၊ ၁၆ ရက်အတွင်း တိုင်းရင်းသားမျိုးနွယ်စု ၉ မျိုးဖြစ်ကြတဲ့ ကယား၊ ကယန်း(ဂေခို)၊ ကယန်း(လထ/ဇယိမ်း)၊ ကယန်း(ပဒေါင်)၊ ကယန်း(ဂေဘား)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲနှင့် မနုမနောတို့မှ ရိုးရာဝတ်စုံတွေနဲ့ ၂ ရက်ခန့် ကျင်းပပြုလုပ်သွားမယ် ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ ပြည်နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုအနေဖြင့် ဆုချီးမြင့်မှာဖြစ်ပြီး အကောင်းဆုံး တင်ဆက်ပြသသွားသည့် တိုင်းရင်းသားအဖွဲ့ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင် တင်ဆက်ရမှာဖြစ်ပါတယ်။

သြဂုတ်လ ရ ရက်နေ့ နေပြည်တော်မှာ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို ကယားပြည်နယ်မှ တက်ရောက်ခဲ့သည့် ရှေးဟောင်း သုတေတန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်တင်ချမ်းမြင့်က ယခုလိုရှင်းပြသွားပါတယ်။

"ရှားပါးတဲ့လူမျိုးတွေ ဥပမာ ဟိုယာတွေဘက်က ကယောလူမျိုးတွေ တွေ့စေချင်တာပေါ့နော်။ ခေတ်ဟောင်းကယားတွေ နည်းနည်း ရှားပါးတဲ့လူမျိုးကို အရင်လွှတ်မှာပေါ့ ဘာဖြစ်လဲဆိုတော့ နောက်နှစ်တွေလဲ နှစ်တိုင်းလုပ်သွားမှာလေး ပြည်နယ်တိုင်းတခုစီကို ရ၅ သိန်းပံ့ပိုးမယ်လို့ အစည်းအဝေးမှာ ပြောထားတယ်လေး” လို့ ပြောပါတယ်။  

ပါဝင်ယှဉ်ပြိုင်မည့် မြို့နယ် (၇) မြို့နယ်အသီးသီးမှာရှိတဲ့ စာပေယဉ်ကျေးမှု ကော်မတီအဖွဲ့တွေ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေက သြဂုတ်လ ကုန်အထိ နောက်ဆုံးထား စာရင်းပေးသွင်း နိုင်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို စာရင်းပေးသွင်းမှုအပေါ် မူတည်ပြီး ယှဉ်ပြိုင်မည်အဖွဲ့များလျှင် များသလို ၂ ရက်မှ ၃ ရက်အထိ ပြုလုပ်သွာမှာဖြစ်တယ်လို့ သိရပါတယ်။

ကယားတိုင်းရင်းသား မျိုးနွယ်စုတွေ ရိုးရာအကတွေနဲ့ နေပြည်တော်မှာသွားရောက် ယှဉ်ပြိုင်တဲ့အခါမှာ ပြည်နယ်အတွက်အကောင်းဆုံး ကိုယ်စားပြုနိုင်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးဦးစိန်ဦးက ပြောပါတယ်။

“ကယားတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အကတွေကို တောက်လျှောက်ဖော်ထုတ်ခဲ့တာ ဆိုတော့ ဒီကယားဒေးဆိုတာဟာမျိုးက အတွေ့အကြုံ ကောင်းကောင်းရနေပြီ အခုလည်းပြိုင်ပွဲကို အကောင်းဆုံးလုပ်မယ်။ ဗဟိုမှာသွားပြီးတော့ တခြားပြည်နယ်တိုင်းရှေ့မှာ တင်ပြတဲ့ အခါမှာလည်း ကယားကို အကောင်းဆုံးကိုယ်စားပြုနိုင်တဲ့ အကဖြစ်အောင် ကျနော်တို့လုပ်မယ်” လို့ ဝန်ကြီးဦးစိန်ဦးက ပြောပါတယ်။

http://www.ktimes.org/index.php/rokstoriesnews/299-2012-08-18-04-55-35
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India