အစည်းအဝေးသို့ စစ်ဖက် ရေးရာ တာဝန်ရှိများ နှင့် အတူ စီအဲန်အက်ဖ် အဓိပတိကောင်စီ ဥက္ကဌ ကြီး ဒေါက်တာ ဇလှေ ထန်း၊ အထွေထွေ အတွင်းရေး မှူးချုပ်၊ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်များ တက်ရောက်ကြောင်း ထပ်မံ သိရ သည်။
အစည်းအဝေးတွင် တပ်မတော်ဌာနချုပ် မွမ်းမံပြင်ဆင်ရေး၊ တပ်မတော်အရာရှိ မွမ်းမံသင်တန်းပြု လုပ်ရေးကို အဓိက ဆွေး နွေးကြကြောင်း သိရသည်။
“ အဲဒါတွေကို ဗဟိုအလုပ်အမှုဆောင်ကော်မီတီအစည်းအဝေးမှာ ထပ်မံတင်ပြသွားဖို့ရှိတယ်၊ ဒါပြီးမှ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ် ” ဟု စစ်ဖက်ရေးရာ ကော်မီတီအတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဆော်လမွန်က ပြော သည်။
CNF/CAN ခေါင်းဆောင်များသည် ယခုလ ၁၄- ၁၈ ရက်အကြား Geneva Call မှ CNF ကျင်းပပြုလုပ်သည့် Workshop on the Protection of Women and Children အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်ခဲပြီး ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်အတိုင်း လက်နက်ကိုင် ပဋိပက္ခအတွင်း လိင်မှုဆိုင်ရာ အကြမ်း ဖက်မှုကို ကြိုတင်ကာ ကွယ်ရေး၊ တားမြစ်ရေး နှင့် လိင်ကွဲပြားမှုအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံခြင်းကို အဆုံးသတ်စေရေး၊ ကလေး သူငယ်များ ကာကွယ်ရေးဆိုင်ရာများ အသေးစိပ်တွေကို ဆွေးနွေးကြ သည်ဟု သတင်းရရှိသည်။
စီအဲန်အက်ဖ်စစ်ဖက်ရေးရာကော်မတီကို ချင်းအမျိုးသားတပ်မတော် စစ်ဦးစီးချုပ်အပါအဝင်၊ အဓိပတိကောင်စီဝင်များ၊ အထွေထွေ အတွင်း ရေးမှူး ချုပ်များ ပါ၀င်ပြီးအဖွဲ့ဝင် ၁၀ ဦးခန့်ဖြင့် ဖွဲ့စည်း ထားသည်။
http://khonumthungburmese.org/?p=461