August 22, 2012

ရှမ်းလက်နက်ကိုင်တွေ နဲ့ မြန်မာ စစ်တပ်ကြား တင်းမာမှုတွေကြီးထွား

အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ရှေ့တန်းတပ်စခန်းတခုကို အစိုးရတပ်ဖက်က ဒီရက်ပိုင်းအတွင်း ထပ်မံရုပ်သိမ်းခိုင်းနေတဲ့အပေါ် လက်မခံရာက စစ်ရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။ ရှမ်းတိုင်းရင်းသား နောက်ထပ် လက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေဟာလည်း ၀တပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စ အချေအတင် ဖြစ်စရာတွေ ကြုံနေရတာပါ။ ရှမ်းပြည်နယ်တွင်းက စစ်ရိပ်စစ်ယောင်သန်းနေတဲ့ အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAဟာ ဒီနှစ် ဇန်နဝါရီလက အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ဖြစ်ပေမယ့် ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်က မိုင်းရှုးမြို့နယ်အတွင်းက SSA မြောက်ပိုင်းရဲ့ စခန်းတခုကိုရုတ်သိမ်းခိုင်းတာကြောင့် နှစ်ဖက်အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်နေပါတယ်။ လောလောဆယ်မှာ နှစ်ဘက်တပ်တွေအကြား တင်းမာနေတဲ့အခြေအနေကို ရှမ်းပြည်နယ်အလယ်ပိုင်း ၀မ်ဟိုင်းဒေသမှာ အခြေပြုတဲ့ SSAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလကအခုလိုပြောပါတယ်။

“မိုင်းရူးမြို့နယ် ကျနော်တို့ ဟိုးအရင်ကတည်းက နေထားတဲ့ တာ့ဆန်ပူး ကုတို့ဆိပ်မှာပေါ့ အဲ့ဒီ့မှာမိုင်းရှုးတပ်ကနေ ဖယ်ခိုင်းတယ်။ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကပေါ့။ ကျနော်ကတော့ မရုပ်ပေးနိုင်တော့ဘူးလေ။ အခုတော့ သူတို့ တပ်လည်း ရှေ့မတိုးလာသေးဘူးလေ။ နည်းနည်းတော့ အလှမ်းဝေးနေတာပေါ့။ ဒါပေမယ့် သူတို့လည်း တပ်ရင်းနှစ်ရင်းနဲ့ လာတယ်။ သူတို့ရှေ့တိုး
လာရင်တော့ အတင်းဖယ်ခိုင်းရင်တော့ အခြေအနေတော့ သိပ်မကောင်းဘူးပေါ့။”

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း SSA မြောက်ပိုင်းနဲ့ အစိုးရတပ်တွေအကြားမှာတိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အစိုးရတပ်ရဲ့ တောင်းဆိုချက်အတိုင်း SSA မြောက်ပိုင်းကတပ်စခန်း ၂ခု ရုတ်သိမ်းပေးခဲ့ ရပါတယ်။ SSA မြောက်ပိုင်းနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲပေါင်းအကြိမ် ၂၀ကျော် လောက်ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အပစ်အခတ်ရပ်စဲပေမဲ့ အခြေအနေတွေက တိုးတက်မလာဘူးလို့ ့ SSA မြောက်ပိုင်းဘက်ကသုံးသပ်တာလည်း ရှိနေပါတယ်။

“ကျနော်တို့က အစိုးရနဲ့ လက်မှတ်ထိုးတာက တပိုင်းပေါ့နော်။ သူတို့ စစ်တပ်ပိုင်းနဲ့ လုပ်တာက တခြားစီဖြစ်နေတယ်။ မကိုက်ညီဘူးပေါ့နော်။ ဆိုလိုတာက နည်းနည်းပါးပါး ငြိမ်သွားတာကလွဲပြီးတော့ ဘာမှ သိပ်ထူးခြားမလာဘူးပေါ့။ တပ်တွေ ဆက်ဆံရေးကလည်း တစ်ယောက်နဲ့တစ်ယောက် တဘက်နဲ့တဘက် အယုံအကြည်လည်းမရှိကြသေးဘူးပေါ့။”

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ရှမ်းတပ်ဖွဲ့ဌာနချုပ်အနီးက အစိုးရတပ်တွေကို ၅ရက်အတွင်း ရုတ်သိမ်းဖို့ ပါရှိပေမဲ့ အခုချိန်ထိရုတ်သိမ်းတာမရှိကြောင်းလည်း သူကဆက်ပြောပါတယ်။

SSA မြောက်ပိုင်းဖက်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက်တော့ ဆက်လက်ပြီး တွေ့ဆုံသွားမှာဖြစ်ကြောင်း ဗိုလ်မှုးစိုင်းလကပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားလို့ စစ်ရပ်စဲရေး လက်မှတ်ထိုးတာ။ အဲ့တာ တွေ့ဆုံဆွေးနွေးဖို့ နောက်တဆင့်တက်ပြီးတော့ ဆွေးနွေးဖို့ကိုလည်း သူတို့အပေါ်ပဲ မူတည်တာပေါ့။ သူတို့ကမ်းလှမ်းလာမယ်ဆိုရင် ကျနော်တို့လည်း နှစ်ဘက်ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။”

ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး အဲဒီ့နောက်ပိုင်းမှာအနည်းဆုံးတိုက်ပွဲပေါင်းအကြိမ် ၃၀လောက် ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေပေါ်မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီး ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်က နိုင်ငံတော် သမ္မတ ဆီကိုစာရေးသားခဲ့ပေမဲ့ အကြောင်းပြန်တာမရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“စာထဲမှာလေ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးတဲ့ နောက်ပိုင်း ပြဿနာ တွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ပြန်လည်ပြီးတော့ သုံးသပ်ပေးစေလိုတဲ့ အကြောင်းတွေ ကျနော်တို့ ဥက္ကဌကြီး ကနေ တောင်းဆိုထားတာတွေရှိပါတယ်။ ပါပါတယ်ခင်ဗျ။ အခုထက်ထိတော့ ဘာမှမပြန်ဘူး။”

တချိန်တည်းမှာတော့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီခေါ် ၀တပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စတွေမှာ မပြေလည်မှုတွေ ရှိနေပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်အတွင်းမှာ ရှမ်းတပ်ဖွဲ့ဝင် တချို့ကိုဝတပ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေအတွက် အသက်မွေးကြောင်း အလုပ်အကိုင်တွေရှိဖို့အတွက် တောင်ယာတွေ စိုက်ခင်းတွေကို ကျနော်တို့က ဖန်တီးပေးရမယ့်အချိန်မှာ သူတို့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီးတော့ စစ်ရေးနဲ့ ဖိအားပေးလာတာပါ။ သူတို့ဖမ်းထားတာကတော့ ၁၄ယောက်ရှိပါတယ်။ သေနက်လည်း ၁၄လက်ပါ။ မိုင်းတုံနယ်မြေထဲမှာ လူပ်ရှားနိုင်တဲ့တပ်ဖွဲ့တွေကို ၀ိုင်းဖမ်းတာပါ။”

လောလောဆယ်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်သေးပါဘူး။ အဖမ်းခံထားရတဲ့လူတွေ ပြန်လွှတ်ဖို့ကိုတော့ ဆွေးနွေးဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နယ်မြေမသတ်မှတ်ရသေးတာနဲ့ ဆက်ဆံရေးရုံးတွေ မဖွင့်ရသေးတာကြောင့် ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆင့်ပြီးတဆင့် လုပ်ဆောင်ပြီးရင်တော့ ပြဿနာတွေ ပြေလည်သွားမှာဖြစ်တယ်လို့ မနေ့က ပြည်သူ့လွှတ်တော်မှာပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ အပစ်ရပ်ရေး ဆောင်ရွက်မှုတွေ ဟာ အခန့်မသင့်ရင် အချိန်မရွေး ပျက်ဆီးသွားနိုင်ကြောင်း ဒီလ ၁၂ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

http://burmese.voanews.com/content/conflicts-between-ssa-and-burmese-army-/1492314.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India