August 14, 2012

KIO နဲ့ ဆက်သွယ်မှု ပုဒ်မတပ်ဖမ်းဆီးခံရသူ ၇၀ ကျော်ရှိ

2012-08-12
ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
ပုဒ်မ ၁၇ (၁) တပ်ပြီး   နည်းမျိုးစုံနဲ့ စစ်ဆေးရာမှာ လုံးဝ အပြစ်မရှိသူတွေကို  ရမန်ကာလအတွင်း တခြား ပုဒ်မတွေနဲ့ ပြောင်းလဲစွဲဆိုပြီးနောက် ပြစ်ဒဏ် ချမှတ်နေတယ်လို့လည်း  အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီး စစ်ဆေးပြီး ဖြောင့်ချက်ယူရာမှာ  နှိပ်စက်မှုတွေ အပါအ၀င် အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ အကျိုးဆောင် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
"၁၇ (၁)  နဲ့ စွဲဆိုခံရတဲ့သူ တော်တော်များနေတယ်ပေါ့နော်။ များသောအားဖြင့်က ပြစ်မှု အမှန်တကယ် မကျူးလွန်ဘဲ စွဲဆိုခံရတဲ့ပုံစံကို ကျနော် တွေ့ရတယ်။ ဖမ်းဆီးတဲ့ ပုံစံကလည်း လူ့အခွင့်အရေး တော်တော် ချိုးဖောက်တဲ့ ပုံစံ တွေ့ရတယ်။ နှိပ်စက်ညဉ်းပန်းပြီးမှ ပြစ်မှု ၀န်ခံခိုင်းတယ်။"
ပြောင်းလဲစွဲဆိုပြီး ပြစ်ဒဏ် ချမှတ်လေ့ရှိတဲ့ ပုဒ်မတွေကတော့  ထောင်ဒဏ် (၃) နှစ်အထိ အပြစ်ပေးနိုင်တဲ့ ခြိမ်းခြောက် ပိုက်ဆံ တောင်းယူမှု ပုဒ်မ (၃၈၄)၊ ထောင်ဒဏ် (၁၀) နှစ်အထိ အပြစ်ပေးနိုင်တဲ့ အပြင်းအထန် နာကျင်စေမည်ဟုခြိမ်းခြောက်ကာ ပိုက်ဆံ တောင်းယူခြင်း ပုဒ်မ (၃၈၆) တို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်တရားရုံးက အမှုတစ်မှုကို (၈) လကနေ  (၉) လအထိ အချိန်ယူ စစ်ဆေးလေ့ရှိတဲ့ အပြင် ရုံးချိန်းသွားရတဲ့ မိသားစုဝင် အများစုဟာ စစ်ပြေးဒုက္ခသည် စခန်းတွေကနေ လာရောက်ကြရတာ ဖြစ်တဲ့အတွက် အင်မတန် ဒုက္ခရောက်ကြရတယ်လို့ ဒီအရေးကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားမြို့က နောက်ဆုံးနှစ် ဥပဒေ ကျောင်းသူ တစ်ဦးက RFA ပြောပါတယ်။
"ဒီ ၁၇ (၁) နဲ့ ဖမ်းထားတဲ့ မိသားစုတွေက ၀င်ငွေ မရှိဘူး။ သူတို့ က နေ့စားသွားတယ်လေ။ ဒါပေမဲ့ တခါတလေမှ နေ့စားရှိတယ်။ တခါသွားရင် ၂၅၀၀ ပဲ ရတယ်။ ရုံးချိန်က တစ်လမှာ ၄ ခါ သွားရတယ်။ ထောင်ဝင်စာက တပတ်ကို တကြိမ်ဆိုတော့ တစ်လကို ၈ ခါ သွားရတယ်။ တစ်ခါသွားရင် တစ်သောင်းလောက် ကုန်တယ်။ သူတို့ အရမ်းဒုက္ခရောက်တယ်။ "
လောလောဆယ်အထိ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတပ်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တရားရုံးကို ရောက်တာ ၂၆ မှုရှိပြီး၊ အမိန့်ချမှတ်လိုက်တာ ၁၀ မှုပဲ ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူ အများစုကတော့ ရှေ့နေ မငှားနိုင်တဲ့အတွက် မြစ်ကြီးနားထောင်ထဲမှ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်ချခံရသူ အများစုဟာလည်း အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို မခံနိုင်လို့ ဝန်ခံလိုက်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို  တရားစွဲဆို ပြစ်ဒဏ်ချနေတာနဲ့ ပတ်သက်လို့ ပြည်နယ်တရား လွှတ်တော်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တစုံတရာတုံ့ပြန်မှု မရရှိသေးပါဘူး။

http://www.rfa.org/burmese/news/kio-connection-arrested-70-08122012103514.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India