Wednesday, 05 September 2012
သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်ကြောင်းတခုအား လက်နက် ကိုင် တပ်ဖွဲ့တခုက ခြုံခိုတိုက်ခိုက်ရာ ထော်လာဂျီမောင်းသူ နှင့် အစိုးရတပ် အရာရှိတဦး သေဆုံးကြောင်း သီပေါမြို့ခံများက ပြောပြပါသည်။
“အစိုးရတပ်က ဘာတပ်ဆိုတာမသိဘူး။ လာတိုက်တာကလဲ သျှမ်းတပ်လို့ဘဲသိ တယ်။ အစိုးရတပ်က အရာရှိ တယောက်သေတယ်။ ထော်လာဂျီမောင်း လဲပွဲချင်း ပြီးဘဲ” - ဟု ဒေသခံ စိုင်းလုံ က ပြောပါသည်။
ဩဂတ်စ်လ ၃၀ ရက်က အင်အား ၂၀ ခန့်ရှိ အဆိုပါမြန်မာအစိုးရ၏ စစ်ကြောင်း(တပ်ရင်းအမည်စုံစမ်းဆဲ) က သီပေါ မြို့နယ် ဒေသခံများ၏ ထော်လာဂျီ ၂ စီးကိုချောဆွဲကာ သီပေါမြို့အနောက်ဘက် ၆ မိုင်အကွာရှိ ဝမ့်ပန်ကီ၊ ဝမ့်မူး လေးရွာသို့ ထွက်သွားရာ နေ့ခင်း ၁ နာရီအချိန် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့် တပ်ရင်းမှူးတဦးနှင့်ထော်လာဂျီမောင်းတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း ဆိုပါသည်။
“ ပန်ကီရွာအလွန်မှာ ပထမ တစီးက စက်ပျက်သွားလို့ စစ်သားတွေက ဆင်းပြီး တွန်း ပေးတယ်။ တပ်ရင်းမှူးပါတဲ့ နောက်ကတစီးက ပထမတစီးကိုကျော် တက်သွားလို့ သူ ထိသွားတာပေါ့။ တိုက်ပွဲက ၁၅ မိနစ်ဘဲကြာတယ်” ဟု ဘော်ကြိုဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
သေဆုံးသည့်ထော်လာဂျီယာဉ်မောင်းမှာ ပန်ကီရွာသား စိုင်းကို (အသက် ၂၀ နှစ်) ဖြစ်ပြီး ကိုယ်ဝန်ဆောင် ဇနီး ကျန် ရစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
အတည်မပြုနိုင်သေးသည့်ဒေသခံများပြောပြချက်အရ မြန်မာစစ်တပ်ဘက်မှ စိုင်းကို၏ဇနီးအား လျော်ကြေး ၂၃ သိန်း ပေးမည်ဖြစ်ပြီး ကိုယ်ဝန်တွင်းရှိ ကလေး ကိုလည်း အသက် ၂၂ နှစ်ပြည့်သည်အထိ ပညာရေး ထောက်ပံ့ ပေးမည်ဟု ဆိုပါသည်။
အဆိုပါဒေသတွင် RCSS/SSA နှင့် SSPP/SSA သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံး လှုပ်ရှားမှုရှိသော်လည်း ၎င်းတို့ထံမှ အတည်ပြုချက်မရရှိသေးပေ။
သျှမ်းပြည်တပ်မတော်တောင်ပိုင်းမှ အရာရှိတဦးကမူ - မန္တလေး-သီပေါ-လားရှိုးကားလမ်းမြောက်ဘက်ခြမ်း၌ မိမိတို့ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ပူးပေါင်း၍ စစ်ရေးလှုပ်ရှား ကြပြီး ၎င်းတို့အပြင် (တအာန်း) ပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနပြည်သူ့စစ်တပ်ဖွဲ့ တို့လည်း လှုပ်ရှားပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့သည် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပြီးကြသည့်အဖွဲ့များဖြစ်သည့်တိုင် အကြိမ် ၃၀ စီထက်မနည်း မြန်မာစစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွါးနေသေးသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3461-2012-09-05-09-29-26.html
Posted in: စစ်ဆင်ရေး,ဒေသအခြေအနေ,သတင်း,သျှမ်း
Email This
BlogThis!
Share to X
Share to Facebook