September 11, 2012

မြန်မာတိုင်းရင်းသားအရေး ညီလာခံ ထို်င်းနိုင်ငံတွင် ကျင်းပမည်


ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာအစိုးရကို တော်လှန်ပုန်ကန်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေး နည်းလမ်း ရှာသည့်အနေဖြင့်  တိုင်းရင်းသားအရေး ညီလာခံကြီးတခုကို အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်
ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ပြောသည်။

“တိုင်းရင်းသားတွေထဲမှာ အမြင်တွေ တူညီအောင်လို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက် တဲ့ နေရာမှာ ချီတက်မဲ့လမ်းစဉ်မှာ တူညီအောင် ညှိတဲ့သဘောလည်း ပါတယ်”ဟု မွန်ပြည်တစ်ပါတီ၏ အတွင်းရေးမှူး
နိုင်ဟံသာက ပြောသည်။

လာမည့် စက်တင်ဘာလ ၁၄၊ ၁၅နှင့် ၁၆ ရက်နေ့များတွင် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားစုပေါင်းအလုပ်အဖွဲ့ Working group for Ethnic Coodination- WGEC မှ အဆိုပါ ညီလာခံအား ဦးဆောင် ကျင်းပမည်ဟုဆိုသည်။

အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အပစ်အခတ် မရပ်သေးသည့် အဖွဲ့များ၊ ပြည်တွင်း မှ လူထုအခြေစု အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အမျိုးသမီး၊ လူငယ် စသည့် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် ညီလာခံအား ကျင်းပမည် ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးချက်များအား အခြား တိုင်းရင်းသား ပြည်သူများအား အသိပေး၍ ယင်းတို့မှ သဘောထားများ ရယူရန်အတွက် ယခုကဲ့သို့ ညီလာခံ ကျင်းပရခြင်း ဖြစ်သည်ဟု ဖြစ်မြောက်ရေးကော်မတီဝင် ခွန်ဥက္ကာက ပြောသည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်း၍ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း မဟုတ်ဘဲ တဖွဲ့ချင်း ငြိမ်းချမ်ရေး ဆွေးနွေးနေသည့်အပေါ် အားနည်းချက်အဖြစ် ရှုမြင်နေပြီး လက်ရှိ အခြေအနေအရ အစိုးရ အပေါ် ယုံကြည်ရန် ခက်ခဲနေသေးကြောင်း သူက မဇ္စျိမကို ပြောသည်။

ထိုညီလာခံတက်ရောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ လူထုအခြေပြု အဖွဲ့စည်းအား ဖိတ်ခေါ်ထားပြီး အနည်းဆုံး ၁ဝဝ ကျော်တက်ရောက်လာနိုင်မည်ဟု ဆိုသည်။

မြန်မာ အစိုးရဘက်မှ ပင်လုံညီလာခံကဲ့သို့ ညီလာခံအား ကျင်းပပေးမည့် အစီအစဉ် မတိုင်မီ တိုင်းရင်းသားများအကြား ကြိုတင် ညှိနှိုင်းဆွေးနွေး တိုင်ပင်ကြရန်အတွက် ကျင်းပလိုခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ် ညီလာခံ
ဖြစ်မြောက်ရေး ကော်မတီဝင် စောမြရာဇာလင်းက ပြောသည်။

“အစိုးရကနေပြီးတော့ ပင်လုံကဲ့သို့ ညီလာခံကို ဖော်မယ်ဆိုတဲ့သတင်းထွက်တာ ကြာပါပြီ။ ဒီညီလာခံကို အစိုးရက မကျင်းပခင်မှာ ကျမတို့ တိုင်းရင်းသား အချင်းချင်းကြားမှာ ပြောရမဲ့စကားတွေ အများကြီးရှိတယ်။ အဲဒါကြောင့်မလို့ ဒီစကားတွေကို ကျမတို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ကြိုပြီး ပြောဖို့လိုတဲ့ ဦးတည်ချက်ပါဘဲ”ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ အတွင်းရေးမှူးလည်း ဖြစ်သူ
စောမြရာဇာလင်း က မဇ္စျိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် အများအားဖြင့် ပြုပြင်ပြောင်းလဲရေးသို့ ဦးတည် နေသော် လည်း အားလုံး ပါဝင်နိုင်ပြီး ယခုထက် ပိုမို ပွင့်လင်းမြင်သာနိုင်သည့် အနေအထားသို့ လုပ်ဆောင်ရန် လိုအပ်နေသေး
ကြောင်း သူက ပြောသည်။

 ၂၄ နှစ်အကြာအပြီး မကြာသေးခင်က မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ခဲ့သော စောမြရာဇာလင်းက အစိုးရ၏ ငြိမ်းချမ်ရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် လုပ်ငန်းစဉ်ကို အချိန်ဇယားတိတိကျကျ မရှိဟု ဝေဖန်ကာ  တိုင်းရင်းသားများဘက်မှ ယုံကြည်မှုရရှိရန်  ပြည်ထောင်စုအဆင့် တောင်းဆိုချက်များအား အစိုးရအနေဖြင့် လိုက်လျော်ရန်လိုသည်ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အစိုးရက သဘောတူညီချက်များ လိုက်နာခြင်းမရှိဟု စွပ်စွဲလိုက်ပြီး ယုံကြည်ရန် ခက်ခဲနေသည်ဟု ပြောသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အားနည်းချက်က သဘောတူညီချက်ထဲက ကျနော်တို့ တပ်တွေ ရောက်ရှိတဲ့နေရာမှာ
ဖြန့်ခွဲနေထိုင်ခွင့် ရှိတယ်ဆိုတဲ့ဟာလေ အဲဒါလည်း ဖြစ်မလာဘူး။ ဘာဖြစ်လို့လည်းဆိုတာ့ ခုကျနော်တို့ ရောက်နေတဲ့
နေရာမှာ ပစ်ခတ်မှု ဖြစ်နေတယ်။ အဲဒါကြောင့် သဘောတူညီချက်အတိုက် လိုက်နာဆောင်ရွက်တာ အားနည်းနေ တယ်”ဟု ဗိုလ်မှူး စိုင်းလ က  ပြောသည်။

http://www.mizzimaburmese.com/news/regional/10086-2012-09-11-12-54-48.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India