November 4, 2012

ပင်လုံစိတ်ဓါတ်အလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နို၀င်ဘာ ၄၊ ၂၀၁၂
 
၂ဝ၁၂ ခုနှစ်၊ သီတင်းကျွတ်လဆုတ် (၂) ရက်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ တွင်ရှိသော “ဟိတကာရီ” ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအတွက် အလှူငွေကျပ် ၁၇၈ဝဝဝိ/- (တစ်သိန်းခုနှစ်သောင်းရှစ်ထောင်ကျပ်)တိတိအား နေ့လည် (၂း၃ဝ) အချိန်တွင် လာရောက်လှူဒါန်းသွားခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ “ဟိတကာရီ” ဖောင် ဒေးရှင်းမှ ဆရာတော် တလဂုဏ်သုည (အရှင်ဓမ္မပိယ) ဓမ္မဝိဟာရနှင့် ဒကာ (၂) ဦးတို့ရောက်ရှိလာပြီး အလှူငွေအားလှူဒါန်းခဲ့သည်။ “ဟိတကာရီ”ဖောင်ဒေးရှင်းသည် သံဖြူဇရပ်မြို့၊ မွန်ပြည်နယ်တွင်တည်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ၊ ပညာ ရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများကိုစွမ်းဆောင်ပေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ “ဟိတကာရီ” ဆရာတော် မှ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ရုံးတွင်းသို့ လိုက်လံလေ့လာကြည့်ရှုစဉ် ဧည့်ကြိုကော်မတီဝင် ကိုကျော်ဘိုဘိုအား “ဦးပဥ္ဇင်းတို့က ဇီဝိတဒါန မျက်စိဆေးရုံဖွင့်ဖို့ရှိတယ်။ ဒီနှစ်ကုန် ၂ဝ၁၃ ဇန်နဝါရီလ လောက်တော့ဖြစ်မယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကနေ မျက်စိ ဆေးရုံအတွက် လိုအပ်တာတွေကိုလည်းလေ့လာသွားပါတယ်” ဟုပြောကြားခဲ့ပြီး “ဟိတကာရီ” ဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦး ကြည်စိုးမှလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ဖွင့်လှစ်သင်ကြားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပရဟိတစွမ်းရည်မြှင့် သင်တန်း များအား မိမိတို့အဖွဲ့မှလည်း လာရောက်၍တက်ရောက်ကြမည်ဖြစ်ကြောင်း၊ မိမိတို့နယ်တွင်လည်း မျက်စိဆေးရုံဖွင့်မည်ဖြစ်သောကြောင့် လိုအပ်သောအချက်အလက်များအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်မျက်စိဆေးရုံအား လေ့လာသွားပါကြောင်း အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်အား ပြောကြားခဲ့သည်။
“အများကောင်းစားရေး အကျိုးစီးပွားအား ပြုကျင့်ဆောင်ရွက်လေ့ရှိသူ”ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော “ဟိတကာရီ” ဖောင်ဒေးရှင်းအဖွဲ့၏ လှူဒါန်းကူညီမှုသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအား သရုပ်ဖော်ခြင်းဖြစ်သော၊ လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်းစာနာထောက် ထားသော စိတ်ဓါတ်ဖြင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည် ကချင်လူမျိုးတို့အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ တိုင်းရင်း သားညီ အစ်ကို မောင်နှမများမှ လှူဒါန်းကူညီမှုပြုခြင်းသည် နောင်အနာဂတ် မြန်မာနိုင်ငံတော်အတွက် ငြိမ်းချမ်းသာယာ၊ စည်းလုံးညီညွတ်မှုတို့ကို ဖြစ်စေမည့် အတိတ်နိမိတ်ဖြစ်သောကြောင့် ယင်းလှူဒါန်းခြင်း အစီအစဉ်အား ပင်လုံစိတ်ဓါတ်ကောင်းမှုအလှူဟု ခေါ်ဆိုလိုက်ရပါသည်။

http://moemaka.com/?p=28755
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India