“ အစိုးရ စစ်တပ်တွေ မလာခင် ဘယ်သူတွေ ထွက်ပြေးကြလို့လဲ။ အခုတော့ စစ်ကြောင်းတွေ ဝင်လာတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ဖြစ်လာတယ်၊ ဒါက ကျွှန်တော်တို့ အမြဲကြုံနေရတဲ့ အရာပေါ့၊ အခုလည်းကြည့် ဒီသြဂုတ် လကုန်ပိုင်း ကနေစပြီးတော့ စစ်ကြောင်း တွေက ထပ်ကာထပ်ကာ ဝင်လာတယ်၊ စစ်ကြောင်းတွေ ဝင်လာတဲ့ အခါမှာလည်း ရွာသားတွေရဲ့ အိမ်တွေမှာပဲ အခြေစိုက်ကြတယ်၊ အဲဒီကနေ တဆင့်မှ စစ်ဆင်ရေး လှုပ်ရှားမှုတွေ လုပ်ကြတာလေ၊ ရွာသားတွေ လိုရင်လိုသလို လုပ်တော့မှာ ဒီတော့ သတိနဲ့ နေကြဖို့ ပြော ထားတာပါ” ဟု ဦးလနန်းမှ ပြောပါသည်။
ယမန်နေ့ ၌လည်း အစိုးရ စစ်ကြောင်းမှ ရွှေအင်းဝ ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးဖြစ်သည့် ကချင် အမျိုးသား ဂရင်နော်ဂမ် (၁၉) နှစ် ဆိုသူအား သေနတ်နှင့် ပစ်ခတ် ခဲ့ပြီးနောက် ဖားကန့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ခဲ့ရကာ ဆေးရုံ၌ သေဆုံး သွားခဲ့ကြောင်း၊ ထိုကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက် မှုမျိုးများ ဖြစ်ပေါ် လာမည် စိုး၍ ဒေသခံ ပြည်သူများအား စစ်ရေး သတိထားကြရန် သတိပေးထား ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် ဖြစ်နိုင်လျှင် အစိုးရ စစ်ကြောင်းများ ရွာထဲသို့ ဝင်လာသည့် ကာလ၌ ခေတ္တခဏ ရှောင်တိမ်းကြရန်နှင့် လုံခြံုရေး အတွက် အမြဲ သတိ ရှိကြစေရန် KIO မှ သတိ ပေးထား ရခြင်းဖြစ်ပါသည်။
ဤကဲ့သို့ အစိုးရ တပ်ဖွဲ့များ စစ်ဆင် လာသည့်အတွက် သြဂုတ်လ (၂၅) ရက်နေ့ မှ စပြီး ဖားကန့် ဒေသ၌ ကချင်အမျိုးသား လွတ် မြောက် ရေး တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ပါသည်။ ဤတိုက်ပွဲများကြောင့် ကျေးရွာပေါင်း (၁၅) ရွာမှ (၂၀) ခန့်အထိ မှ ဒေသခံ ပြည်သူများ တစ်သောင်း နီးပါးခန့် တို့သည် ဖားကန့် မြို့ပေါ်ရှိ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ ခဲ့ကြသည်ဟု ဒုက္ခသည် ကော်မီတီ များက ဆိုပါသည်။
ထိုဒေသ၌ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့ အထိ အစိုးရ တပ်ဖွဲ့နှင့် တိုက်ပွဲ (၁၅) ကြိမ်ခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်ဟု ဦးလနန်းမှ ပြောပါသည်။
“အသေးစိတ် ဘယ်လို ဖြစ်ကြတယ်၊ ဘယ်နေရာ ဖြစ်ကြတယ်၊ အထိအခိုက် ဘယ်လောက်ရှိလဲဆိုတာ ထိတော့ ကျွှန်တော် ပြောနိုင်ဖို့ အချိန်မရှိဘူး ခင်ဗျ၊ ဒါပေမယ့် စက်တင်ဘာလ (၁) ရက်ကနေ မနေ့က (၅) ရက်နေ့ အထိတော့ (၁၅) ကြိမ်ဖြစ်ပွား ခဲ့ပြီးပါပြီ၊ ပျှမ်းမျှ တစ်နေ့ကို (၃) ကြိမ် လောက်ပေါ့၊ တစ်ချို့နေ့ ဆို(၂) ကြိမ်၊ တစ်ချို့နေ့ဆို (၄) ကြိမ် အဲလိုတွေတော့ ရှိတာပေါ့” ဟု ဦးလနန်းမှ ဆိုပါသည်။
ထိုသို့ နှစ်ဖက်တပ်များ အကြား တင်းမာ နေမှုနှင့် နေရာယူ ထားမှု အခြေအနေ အရ တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပေါ် လာမည်ကို ဒေသခံ များက စိုရိမ်နေပါသည်။ ဤတိုက်ပွဲ များကြောင့် လက်ရှိ၌ ဖားကန့် ဒေသတွင် ဒုက္ခသည်ပေါင်း တစ်သောင်း ဝန်းကျင်ခန့် ဖြစ်လာ နေပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရား ရှိခိုးကျောင်း များ၌ ယာယီ ဒုက္ခသည် စခန်းများ ဖွင့်လှစ်ကာ နေထိုင်ကြရပါသည်။ စစ်ပွဲ ပြသနာကြောင့် ကချင်ပြည်နယ် တခုလုံး အတိုင်းအတာအရ စစ်ပြေး ဒုက္ခသည် တသိန်းအထိ ဖြစ်လာနေပါသည်။
Thursday, 06 September 2012
http://www.phophtaw.org/burmese/index.php/news/local-news/2089-2012-09-06-10-42-14.html