စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ထားတာကို မြန်မာနိုင်ငံသား လူငယ်အဖွဲ့တွေက စုပေါင်းကျင်းပခဲ့ကြတာပါ။
ဒီအပေါ်မှာ တည်ဆဲဥပဒေအရ ခွင့်ပြုချက်မရှိဘဲ စီတန်း လှည့်လည်မှုနဲ့ တရားစွဲခံရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးက RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်လို့လည်း ဦးဆောင်ခဲ့သူထဲက ၈၈ မျိုးဆက်ကျောင်းသားများ (ရှမ်းပြည်နယ်အဖွဲ့) က ကိုနေမျိုးနဲ့ ကိုအောင်သူ၊ အောင်ပန်းမြို့က ကိုဘိုဘိုဟန်တို့ကိုလည်း သက်ဆိုင်ရာ ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး လောလောဆယ်မှာ ငွေ ၁၀ သိန်းစီ အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်မြို့မှာ ငြိမ်းချမ်းရေးနေ့ ကျင်းပဖို့ နေရာခွင့်ပြုခဲ့တဲ့ နှစ်ကျိပ်ရှစ်ဆူ တောင်ပေါ်ကျောင်း ဆရာတော်ဦးဝိမလ ကိုလည်း နောက်နောင် အခုလိုပါဝင် ပတ်သက်မှုမလုပ်ဖို့ တိုင်းသာသနာရေး ဦးစီးမှူးရဲ့ အစီအစဉ်နဲ့ ရပ်ကွက်သံဃာ့နာယက အဖွဲ့က ခေါ်ယူသတိပေးပြီး ခံဝန်ဂတိ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကျင်းပခဲ့တဲ့အပေါ် တည်ဆဲဥပဒေချိုးဖောက်မှုနဲ့ ရဲတပ်ဖွဲ့တွေက တရားစွဲလိုက်တာနဲ့ ပတ်သက်လို့ Generation Wave အဖွဲ့ ပြောခွင့်ရသူ ကိုမိုးသွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
http://www.rfa.org/burmese/news/peace-day-leaders-lawsuit-09222012101711.html
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |