September 5, 2012

(၃)ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း KNU အတွက် တိကျသော အဖြေမရသေး

3-9_KNU_meeting_10အစိုးရသည် သာမန် အရပ်သား ကိစ္စကို ချက်ချင်း အတည်ပြု လက်ခံသော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) အတွက် အရေးကြီးသော စစ်ရေး ကိစ္စများကိုမူ ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ အထက်သို့ တင်ပြရမည်ဟုသာ အကြောင်းပြလေ့ရှိ ကြောင်း ဒုဥက္ကဌ ဖြစ်သူ ပဒိုဒေးဗစ် တာကပေါက ဆိုပါသည်။
“ KNU အတွက် အရေးကြီးတာက KNU နယ်ထဲကို အစိုးရ စစ်စခန်း (၃၀၀) နီးပါးလောက် ရှိတဲ့ အထဲက (၉၀) လောက် ကျွံဝင် နေတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတယ်၊ ပြီးတော့ အစိုးရတပ်ဖွဲ့က ထောင်ထားမြေမြှုပ်မိုင်းတွေကို ရုတ်သိမ်းပေးဖို့က အဓိကပါ။ ကျန်တာကတော့ အရေးကြီးတယ်ဆိုပေမဲ့ လူထုတွေ သက်သာရာ သက်သာကြောင်း ကိစ္စတွေပါ အဲဒါကိုတော့ အပေါ်ယံ အလွယ်လေးနဲ့ လက်ခံလိုက်တာပါ” ဟု ဆိုပါသည်။
KNU နှင့် အစိုးရတို့သည် ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင် ဟိုတယ်တွင် တတိယအကြိမ်မြောက် ပြည်ထောင်စု အဆင့်တွေ့ ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပခဲ့ရာ ယနေ့ပြီးဆုံးသွားပါသည်။ ဤဆွေးနွေးပွဲ၌ နှစ်ဦး နှစ် ဖက်လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများဆိုင်ရာ သဘောတူညီချက် (မူကြမ်း) တချို့ကို လက်မှတ် ရေးထိုးခဲ့ကြပါ သည်။
KNU အတွက် အရေးကြီးသော အစိုးရတပ်စခန်း (၉၀) ခန့် ဆုတ်ခွာပေးရေးကိုမူ ကြိုတင်ညှိနှိုင်းပြီး အသိပေးထားပါလျှက် နှင့် လက်တွေ့၌ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ (၆) တပ်ဖွဲ့မှ တပ်မှူးတဦးကဆိုပါသည်။ ဤအချက်ပီပြင်မှု မရှိပါက အစိုးရတပ်မှ KNU အား အချိန်မရွေး စစ်ဆင်ရန် အဆင်သင့်အနေအထားဖြင့် ရင်ဆိုင်နေရဖွယ် ရှိနေသည် ဟု ဆို ပါသည်။
“ KNU နယ်ထဲကျွံနေတဲ့ တပ်စခန်းတွေ မရုတ်ဘူးဆိုရင် သူက အချိန်မရွေး စစ်ဆင်နိုင်တယ်၊ အငိုက်မိနိုင်တယ်လေ၊ ဒါအ ရေးကြီးတယ်။  ပြီးတော့ လှုပ်ရှားမှုတွေက အချိန်မရွေးပြသနာတက်နိုင်မယ်၊ အဲဒါမှမဖြေရှင်းရင် အပစ်ရပ်ရေးဟာ အဓိ ပါယ်ကိုမရှိဘူး” ဟု တပ်မဟာ (၆) မှ တပ်မှူးတဦးက ဆိုပါသည်။
အစိုးရကိုယ်စားလှယ်သည် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စ၌လည်း အထက်သို့တင်ပြရမည်ဟု ဆိုပါသည်။ ဤအချက်သည်လည်း တပ်ဖွဲ့များ ဆုတ်ခွာပေးချင်စိတ်မရှိပါက မိုင်းကွင်းလည်း ရှင်းလင်းပေးလိမ့်မည်မဟုတ်ပေ။ မိုင်းကွင်းများ ရှင်းလင်း ပေးမှုမရှိပါက ပြည်သူများအတွက် ညှိနှိုင်း သဘောတူ ထားသည့် အချက်များသည်လည်း ထိရောက်သော အကျိုးသက် ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
နှစ်ဖက် သဘောတူညီမှု၌ ပြည်သူလူထု၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင်သော နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် များ တွင်မူအားဖြင့် သဘောတူညီခဲ့ ကြသော  နယ်မြေစိုးမိုးရေး၊လူ့အခွင့် အရေး ချိုးဖောက်မှုနှင့် ပြည်တွင်း ဒုက္ခ သည်(IDP) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည်တို့ ပါရှိပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် မြေမြှုပ်မိုင်းလုံးဝ အသုံးမပြုရန်တို့ ပါရှိသည်။
3-9_KNU_meeting_045စက်တင်ဘာ ()ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး စုပေါင်းဓါတ်ပုံရိုက်ကြစဉ်(ဓါတ်ပုံ ဦးလှမောင်ရွှေFB)
ထို့အပြင် စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်လာရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းမိုင်းရှင်း လင်းပေးမှုမရှိပါက  စစ်ပြေး ပြည်သူများက နေရပ်ရင်းကို ပြန်လာရဲကြမည် မဟုတ်ပေ။

ဤသို့သော်အခြေအနေကြောင့် တတိယအကြိမ်မြောက် KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ဆွေး နွေးပွဲသည်၊ အနှစ်သာရအားဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက သုံးသပ်ပါသည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ကိုယ်စားလှယ် ၉ဦး နှင့် အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၀ဦးတို့က ဆွေးနွေးခဲ့ကြပါသည်။
KNU သည် အပစ်အခတ်ရပ်စဲရန် ပြည်နယ်အဆင့်နှင့် ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌ ပထမအကြိမ် ဆွေး နွေးခဲ့ပြီး၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်နှင့် ဒုတိယအကြိမ် ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ပါသည်။ ပဲခူးနှင့် တနင်္သာရီ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌ ဆွေးနွေးခဲ့ကြပါသည်။
ဤဆွေးနွေးပွဲများမှ ရွှေကျင်/ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသူံးဆူနှင့် မြဝတီမြို့၌ ဆက်ဆံရေးထားရှိကာ၊ တပ်ဖွဲ့များသွား လာလှုပ်ရှားရာတွင် အပြန်အလှန်သတင်းပေးမှုများ သဘောတူနိုင်ခဲ့ပါသည်။
KNU သည်အချိန်(၈) လ ကာလ အတောအတွင်း အစိုးရနှင့် (၃)ကြိမ်မြေက် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း တိကျသောနိုင်ငံရေး သဘော တူညီချက်များနှင့် စစ်ရေး သဘောတူညီချက်များ အခိုင်အမာ ရရှိခြင်းမရှိသေးဟု ဆိုရပေလိမ့်မည်ဖြစ်သည်။

Wednesday, 05 September 2012

http://www.phophtaw.org/burmese/index.php/news/local-news/2084----knu---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India