October 31, 2012

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နို်င်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။” ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင် စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သားအစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက် အရောက်ပို့နိုင်ရေး ပြည်သူနဲ့အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါ၀ါရှိတဲ့ အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ...

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ “သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင်...

အစိုးရ သဘောတူညီချက်များ ပျက်ကွက်

မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် KNPP အဖွဲ့တို့ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက် အထဲမှ တချို့အချက်ကို ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အစိုးရ အနေနှင့် နှစ်ဖက်တပ်များ သွားလာရာတွင်...

October 30, 2012

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။ ပြည်ထောင်စု ငြိမ်းချမး်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက်စစ်ရေးခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့်...

မရေမရာ ဖြစ်သွားသော KIO နှင့် အစိုးရ ဆွေးနွေးပွဲ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ကော်မီတီ ဒုက္ကဌ ဦးအောင်မင်း၏ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဆွေးနွေးပွဲ ထိရောက်မှု မရှိကြောင်း၊ ယနေ့ ကျင်းပသော တရုပ်ပြည် ရွှေလီ ဆွေးနွေးပွဲကို လေ့လာနေသည့် ကချင် ခေါင်းဆောင် တဦးက ဆိုပါသည်။ “ ဒီလိုဗျ။ အစိုးရက အပစ်ရပ်ရေး ကိုဘဲ လိုချင်နေတာကို ကချင်က သိတယ်ဗျ။ ကချင်ကတော့ နိုင်ငံရေး အရ ဆွေးနွေးပြီး အဖြေရှာချင်နေတယ် ဒီတိုင်းရင်းသား အခွင့်အရေးတွေ အတွက်။ အခု အစိုးရက လုပ်ထားတဲ့ ပုံစံမျိုးလို တခြား တိုင်းရင်းသား တွေနဲ့ အပစ်ရပ် ထားပြီးတော့ နိုင်ငံရေး အမြတ်ထုတ် နေတာကို ကချင်ဖက်က မလိုလားဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက ခြေမြင်နေကြတော့  အစိုးရဖက်က ဗိုလ်ချုပ် ဂွမ်မော်မပါလို့ ဆိုပြီး စစ်ရေး ကိစ္စကို...

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

အစိုးရတပ်က ဖမ်းဆီးထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားသစ်များ (ဓာတ်ပုံ – မြဝတီ / Facebook) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ “ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး...

ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ)

အခုလောလောဆယ်မှာ အဆိုးထဲက အကောင်းဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။ ဦးခွန်ထွန်းဦးရဲ့ စကား     အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်း ဆောင်းပါး တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိ တာတွေထဲက တစ်ခုကတော့ Voice ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥကဌ ဦးခွန်ထွန်းဦးရဲ့စကား တစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက ဒီလိုဗျာ။        “လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမတရုံး ၀န်ကြီး ဦးအောင်မင်းက...

မြန်မာအစိုးရနဲ့ KIO ဆွေးနွေးပွဲ စတင်

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ရဲ့  ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ် နိုင်ငံမှာ ပြုလုပ်ဖို့ KIO က တောင်းဆိုခဲ့ပေမယ့် ဒီဆွေးနွေးပွဲမှာ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အရေးပါတဲ့ စစ်ခေါင်းဆောင်တွေ မပါ၀င်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်တစ်ကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲမှာ KIO က တစ်လျှောက်လုံးတောင်း ဆိုနေတဲ့ နိုင်ငံရးအရ စတင်ဆွေးနွေးရေးကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သဘောတူ...

အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း ပြည်ပက ငြိမ်းချမ်းရေး လိုလား သူတွေ စောင့်ကြည့်နေတဲ့ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို တရုတ်နိုင်ငံ ဖက်ခြမ်းက ရွှေလီ မြို့မှာ ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။ ဒီဆွေးနွေး ပွဲတွေကို နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ် ထားခဲ့ ပေမယ့် နှစ်ဘက် စလုံးက စစ်ဘက် ဆိုင်ရာ ခေါင်းဆောင်တွေ တက်ရောက် လာခြင်း မရှိတဲ့ အတွက် တစ်ရက် ထဲနဲ့ ပြီးဆုံး သွားခဲ့ ပါတယ်။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကေအိုင်အို ဘက်က စစ်တပ် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တက်ရောက် လာခြင်း မရှိတဲ့ အတွက်ကြောင့် မြန်မာ အစိုးရ ဘက်က တက်ရောက်မယ်လို့ စီစဉ် ထားခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး...

မြန်မာအစိုးရတပ် နှင့် တိုင်းရင်းသားပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့်နမ့်ခမ်းမြို့နယ် အကြား စယ်နေကျေးရွာအနီးတွင် အစိုးရတပ် နှင့် တိုင်းရင်းသား ပူးပေါင်းတပ်တို့အောက်တိုဘာလ ၂၇ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရသည်။ TNLA တပ်မတော်သားများ ပလောင်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပလောင် လွတ်မြောက် ရေးတပ်မတော် TNLA စသောပူးပေါင်းတပ်များကမူးယစ်တိုက်ဖျက်ရေးနှင့် နိုင်ငံရေးစည်းရုံးရေးဆင်း နေချိန် အစိုးရစစ်တပ်က လိုက်လံနှောင့်ယှက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA အတွင်းရေးမှူးမိုင်းဘုန်းကျော်ကပြောပါသည်။“ကျနော်တို့ ပူပေါင်းတပ်တွေက တရွာဝင်တရွာထွက် နယ်လှည့် ဆွေးနွေးရေးဆင်းနေတုန်း မှာ အစိုးရတပ်ကနောက်...

October 28, 2012

ကေအန်ယူ ရင်ကြားစေ့နိုင်ပြီ

ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက်မှာ ရှိတဲ့ ကေအန်ယူ လေးဝါးခ စခန်းမှာ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေမှာ ကေအန်ယူ ဗဟို အမြဲတန်း ကော်မတီရဲ့ အရေးပေါ် အစည်းအဝေး ကို ကျင်းပခဲ့ ပါတယ်။ အဲဒီ အစည်းအဝေးကို တက်ရောက် ခဲ့တဲ့ ဗဟို အမြဲတန်း ကော်မတီနဲ့ အရံ အမြဲတန်း ကော်မတီ ၄၀ ဟာ မဲခွဲတာတွေ မလုပ်ဘဲ ၊ ညီညွတ်ရေးနဲ့ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ကေအန်ယူ ထဲက ထုတ်လိုက်တဲ့ ခေါင်းဆောင် ၃ ဦးကို မူလ ရာထူး တွေမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ညှိုနှိုင်း နိုင်ခဲ့တာလို့ ကေအန်ယူ ပြောခွင့်ရသူ ဗဒို မန်းငြိမ်းမောင်က ပြောပါတယ်။ ပြီးတော့ ပြဿနာ ဖြစ်ခဲ့တဲ့ ဘားအံ မြို့မှာ ဖွင့်လှစ် ခဲ့တဲ့ ကေအန်အဲလ်အေ တပ်မဟာများ ဆက်ဆံရေး ရုံးကိုလည်း အသိအမှတ် ပြုခဲ့တယ်လို့ သိရပါတယ်။ ကေအန်ယူနဲ့ အစိုးရ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကနေ ထွက်ပေါ် လာတဲ့ ဒီရုံး တွေကို ကေအန်ယူ ခေါင်းဆောင်ပိုင်း...

တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (TSLA)နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် (SSA) တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက် ခဲ့ကြောင်း တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။  “ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ...

October 27, 2012

ကမ္ဘာ့ဘဏ် သန်း ၈၀ အကူအညီ အပစ်ရပ်ဒေသများ အတွက် ဖြစ်

ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ (Community Driven Development – CDD) သည် အပစ်အခတ် ရပ်စဲထားသည့် ဒေသများ အတွက်သာ ပါ၀င်ကြောင်း  ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာ (Kanthan Shankar) က ပြောသည်။ တိုက်ပွဲများကြောင့် အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် ယမန်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ – FBR) “ကျနော်တို့ဟာ စီးပွားရေး အဖွဲ့အစည်း ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပါမှာမဟုတ်ပါဘူး။ ဘာလုပ်မလဲဆိုတော့ CDD လိုမျိုး အစီအစဉ်တွေကို အပစ်ရပ်ထားတဲ့နေရာတွေမှာ လုပ်ပါမယ်။ အဲဒီဒေသက ပြည်သူတွေက ရွေးချယ်ရပါလိမ့်မယ်။ CDD နဲ့တော့တူမယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လုပ်ဖို့ အပစ်အခတ် ရပ်စဲထားတဲ့နေရာ ဖြစ်ရပါမယ်”...

အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးရာတွင် ကြားဝင် ပေးပါရန် ဂျပန် အစိုးရအား UNFC တောင်းဆို

ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည်၊ နိုင်ငံရေး အရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ကြားဝင် ညှိနှိုင်းပေး ပါရန် ဂျပန် အစိုးရအား တောင်းဆို ထားခဲ့သည်ဟု ပြောခွင့်ရသူ အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။ “ ပါ၀င်မယ် မပါ၀င်ဘူး ဆိုတာ ကိုတော့ ကျနော်တို့ကို သူတို့ အကြောင်း မပြန်ကြား ရသေးပါဘူး။ ဒါပေမဲ့ သူတို့က အစိုးရနဲ့ ဆွေးနွေး နေလိမ့်မယ်လို့ ထင်ပါတယ်။ ဦးအောင်မင်း ကတော့ လာမဲ့ နိုဝင်ဘာ (၄) ရက်နေ့ နောက်ပိုင်းမှာ UNFC နဲ့ တွေ့ချင်တယ် ဆိုပြီး လူလွှတ်ပြီး အကြောင်း ကြားတာတော့ ရှိတယ်။ ကျနော်တို့ ဖက်ကတော့ လောလောဆယ်မှာ လူမစုံ သေးတော့ ဒီကိစ္စကို မဆွေးနွေးရသေးလို့...

ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို

အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ် သော ကေအဲန်ယူ၏ အထူးအရေးပေါ် အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ဦးတို့ တက်ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရသော ခေါင်းဆောင် ၃ဦး၏ ကိစ္စကို အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ သင်ပုန်း ချေခဲ့ကြခြင်းဖြစ်သည်။ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက...

October 26, 2012

ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေး သုံးသပ်ချက်များ

၁) အပစ်အခတ်ရပ်စဲရေးမှသည် ထာ၀ရငြိမ်းချမ်းရေးစီသို့  ၂) မီးစတဖက် ရေမှုတ်တဖက် ငြိမ်းချမ်းရေးလား 1) Achieving Peace through Ceasefires 2) Irony of ceasefire in Myanmar...

မူးယစ်ဆေးဝါးကိစ္စ ဆွေးနွေးရန် RCSS/ SSA အဖွဲ့ နယ်စပ်သို့ရောက်

ရှမ်းပြည်ပြန်လည်ထူထာင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA နှင့် အစိုးရတို့ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ညှိနှိုင်းရန် ထိုင်းမြန်မာနယ်စပ်သို့ ယနေ့ ရောက်ရှိသည်။ ယခုလ (၂၇) ရက်နေ့တွင် နယ်စပ် တာချီလိတ်မြို့၌ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံပြီး ဦးစွာ ရှမ်းပြည်တောင်ပိုင်း မိန်းပန်မြို့နယ်အတွင်း၌ လုပ်ငန်းစဉ် (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးတင်ပြသွားမည်ဟု RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။ ထို့အပြင် “ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် အဲဒီဒေသမှာ နှစ်စဉ်နှစ်တိုင်းလို မူးယစ်ဆေးကို လက်လီလက်ကား ရောင်းဝယ် ဖောက်ကားတဲ့...

RCSS/SSA အားမဆက်သွယ်ရန် လူထုအား မြန်မာစစ်တပ်တားမြစ်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ကျေးလက်ဒေသခံများအား သျှမ်းပြည်တပ်မတော်အား ပတ်သက်ဆက်နွယ်ပါကဥပဒေ ၁၇-၁ ဖြင့် ဒဏ်ခတ်မည်ဖြစ်ကြောင်း စစ်တပ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်ဟုဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။ “ ပြီးခဲ့တဲ့ အပတ်က လဲချားအခြေစိုက် ရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးလင်းအေးဇော် နဲ့ မြို့နယ်မှူး ကနေပြီး တော့ လဲချားမြို့နယ်ထဲက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး စစ်ဆေးတယ်။ သျှမ်းတပ်ဖွဲ့ကိုဆက် သွယ် တဲ့လူရှိလား။ ထောက်ပံ့ပေးတာရှိလား။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူးနော်၊ သိရင်တော့မလွယ် ဘူး မှတ် - တဲ့။ ဥပဒေ ၁၇-၁ နဲ့မိသွားမယ်- တဲ့၊ အဲကလိုကိုခြိမ်းခြောက်တယ်” ဟု လဲချားမြို့သား စိုင်းခင်းငေါဝ်း ကပြောသည်။ရပ်ရွာအုပ်ချုပ်ရေးမှူးများက သျှမ်းပြည်တပ်မတော်တောင်ပိုင်းရော မြောက်ပိုင်းပါအစိုးရနှင့်ငြိမ်းချမ်း ရေးဆွေးနွေး အပစ်ရပ်ထားကြပြီဖြစ်သဖြင့် ယခုကဲ့သို့တားမြစ်ချက်မျိုးမရှိသင့်ကြောင်းပြောရာ...

October 25, 2012

KIO တော်လှန်ရေး ၅၂ နှစ်ပြည့်တွင် မြန်မာ အစိုးရတပ်စခန်းများသို့ လက်နက်ကြီး ပစ်ခတ်

ကေအိုင်အို ၅၂ နှစ်ပြည့် အထိန်းအမှတ် အခမ်းအနားကို ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းနေပုံ။ အောက်တိုဘာ၂၅ ရက်နေ့ကျရောက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တော်လှန်ရေး (၅၂) နှစ် ပြည့် အထိန်းအမှတ်နေ့ကို ထောက်ခံသည့်အနေဖြင့် ၎င်း၏ လက်နက်ကိုင်ဌာန ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ကချင်ပြည်နယ် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်းရှိ မြန်မာအစိုးရတပ်စခန်းများကို အမြောက်များ ပစ်ခတ်ခဲ့သည်။ မြစ်ကြီးနား-လိုင်ဇာနှင့် လိုင်ဇာ-မန်မော်ကြားရှိ မြန်မာအစိုးရတပ်စခန်းများသို့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း ၁၉၊ ၂၄ နှင့် ၂၅ များမှ ၆၀ မမ အမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အထိန်းအမှတ်နေ့ကို ထောက်ခံသည့်အနေဖြင့် ၎င်းဝန်းကျင်တွင်ရှိသော...

ရွှေလီမှာဆွေးနွေးဖို့ KIO နဲ့အစိုးရသဘောတူ

သေနတ်သံတွေမစဲသေးတဲ့ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲတွေရပ်စဲသွားရေး နှစ်ဘက်ကြား ဆွေးနွေးမှုတွေ အချိန်အတန်ကြာ ရပ်ဆိုင်းနေပေမဲ့လို့ မကြာခင်မှာတော့ KIA နဲ့ မြန်မာအစိုးရတို့ကြားမှာ ဒီဆွေးနွေး ပွဲတွေ ပြန်စလာဖို့ရှိတဲ့အကြောင်း KIO ဌာနချုပ်ကို သွားရောက်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို တရုတ်နယ်စပ် ရွှေလီမြို့မှာတွေ့ဆုံဖို့ရာ မကြာခင် ရက်သတ်မှတ်နိုင်ဖို့ KIO ဘက်က သဘောတူ အကြောင်းကြားခဲ့တာကို ငြိမ်းချမ်းရေး ကော်မတီကို ဒီကနေ့ ရှင်းပြခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေနဲ့ အဓိကဆွေးနွေးမယ့် ကိစ္စတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။ KIO နဲ့ မြန်မာအစိုးရတို့ကြား တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့...

ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ စတင်မည်

စံခလပူရီ (မဇ္စျိမ) ။      ။ ဂျပန်နိုင်ငံ၏ NGO အဖွဲ့အစည်းကြီး တခုဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) မှ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေးဒဏ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်းတန် ဆန်နှင့် ဆေးဝါး အကူအညီများကို လူသားချင်း စာနာမှု အကူအညီ၏ ပထမသုတ် အနေဖြင့် ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။နောက်ထပ်လည်း ထပ်မံပေးသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်ပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ကွန်ဖရင့်တရပ်ပြုလုပ်ကာ ဆွေးနွေးခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာစဉ် ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။ နိပွန် ဖောင်ဒေးရှင်းမှ...

တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို

ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က စုပေါင်း  ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။ ကြေငြာချက်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားကောင်းစီ (အိန္ဒိယ-ANC)မှ  ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ကြေငြာချက် ထုတ်ပြန်ရသည့် အကြောင်းကို ယခုကဲ့သို့ ပြောသည်။ “ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို ရပ်တန့်ပြီး အခုအခြေအနေကနေ နည်းနည်း ပိုမို ကောင်းမွန် လာအောင် ရည်ရွယ်ပြီးတော့ ထုတ်တာပါ။ မိမိတို့ဘက်က အမှန်ရှိနေတာကနေ နိုင်ငံတကာမှာ ရခိုင်တွေကို အကြမ်းဖက်သမားတွေလို့ ၀ါဒဖြန့်ပြီး အမြတ် မထုတ်ရအောင်နဲ့...

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး SSA တောင်ပိုင်းနှင့် အစိုးရ ဆွေးနွေးမည်

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး မကြာမီရက်ပိုင်း အတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC) နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယခု တပတ်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်တွင် တွေ့ဆုံကြမည်ဟု မျှော်လင့်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်း က ဧရာဝတီသို့ ပြောသည်။ SSA တောင်ပိုင်း အနေနှင့် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဒုတိယ အကြိမ် အစိုးရနှင့် တွေ့ဆုံ၍ သဘောတူညီမှု ရထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်ကို ဆက်လက် အကောင်အထည်...

NLD နဲ့ ၈၈ တို့က အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆို

လတ်တလော ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီ ရိုဟင်ဂျာတွေ အကြား ပြန်လည် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး နဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးအတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ဒီကနေ့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လိုက်ပါတယ်။ RFA အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ အမ်းမြို့တွေမှာ အခုရက်ပိုင်းအတွင်း ထပ်မံ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ...

ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။ ရခိုင်ပြည်နယ်တွင်း အခုတကြိမ် ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အတွင်း သေဆုံး ဒဏ်ရာရသူ ၆၀ လောက် ရှိသွားပြီးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ “ဆိုးဆိုးရွားရွားကတော့ သေတာတွေ ပျောက်တာတွေ ရှိတယ်။ သေတာရော၊ ဒဏ်ရာ ရတာရော ဆိုရင် ကျနော်တို့ ရတဲ့သတင်းအရတော့ ၆၀ လောက် ရှိမယ်။ ၆၀ ၀န်းကျင်လောက်ပေါ့။ အိမ်တွေဘာတွေရော ပျက်တာ တော်တော်များများတယ်။ သာသနာရေး၊ ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေလည်း ပါတယ်။ ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့...
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India