မြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာ
သူများကဆိုသည်။
လိုင်ဇာမြို့ နှင့် ၇ မိုင် အကွာတွင်လည်း အစိုးရတပ် က ၁၂၀ မမ အမြောက်ဖြင့် KIO ဌာနချုပ် (လိုင်ဇာမြို့)အနီးသို့ နေ့တိုင်း ပစ်ခတ်လာနေ
ကြောင်း၊ မည်သည့်တပ်က အင်အားမည်မျှသုံး၍ တိုက်ခိုက်နေသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။
အစိုးရတပ်တွင် တပ်ရင်းစုစုပေါင်း ၅၆၀ ခန့်ရှိရာ KIA ကို တပ်ရင်း ၁၂၀ ခန့် အသုံးပြု၍တိုက်ခိုက်နေသည်မှာ
မြန်မာ့တပ်မတော် တခုလုံး၏ အင်အား ၂၀ ရာခိုင်နှုန်း သုံးထားသည် ဟု စစ်ရေးအတွေ့အကြုံ နှစ် ၃၀ ရှိသူ
ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
“ကျနော်တို့ ကချင် တပ်တွေ ကတော့ ပုံမှန် တပ်ရင်း က ၄၁ ရင်းရှိပါတယ်။ ပြည်သူ့စစ်တပ် နဲ့ပေါင်းလိုက်ရင်
တပ်ရင်း ၄၅ ရင်း ရှိပါတယ်။ ထက်ဝက်ကျော်ကတော့ မြို့ပေါ်က ခေတ် ပညာတတ်လူငယ် တွေပေါ့” ဟု
ဦးလနန်က ဆက်ပြောပြသည်။
KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလက တပ်ဖွဲ့၀င်အင်အား ၆,၀၀၀ နှင့် ၇,၀၀၀ ကြားရှိ၏။
အပစ်အခတ် ပျက်ပြားပြီးနောက်ပိုင်းတွင် တပ်အင်အား ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်တိုးလာသည်ဟု
ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။
မြန်မာအစိုးရကတပ်က စစ်အင်အားအမြောက်အများ သုံး၍ စစ်ဆင်ရေး ပြုလုပ် နေခြင်းသည် သာမန်စစ်ဆင်ရေး
မဟုတ်ပဲ အမြစ်ပြတ် စစ်ဆင်ရေးသာဖြစ် ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူက ဦးလနန်က ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3556-2012-10-09-16-10-48.html
- မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်း သုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ click
- ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ click
- အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ် ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦး ကျ click
- လွယ်ဂျေဘွမ်တိုက်ပွဲ မြန်မာအစိုးရစစ်သား ၂ ဦး ကျ click
http://drlunswe.blogspot.com/