October 12, 2012

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီမှာ ပြန်လည် တွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မကြာမီ တွေ့ဆုံမည်
ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။

သုံးလကျော်ကြာ နှစ်ဖက် တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်း က ရွှေလီမြို့ သို့မဟုတ် မူဆယ်မြို့ တွင် ပြန်လည်တွေ့ဆုံရန် အောက်တိုဘာလ ၁ဝ ရက်နေ့က ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထံ စာပေးပို့ခဲ့
ခြင်း ဖြစ်သည်။

“KIO က ရွှေလီမှာလို့ တောင်းဆိုထားတာ။ ခု အစိုးရဘက်က ရွှေလီ သို့မဟုတ် မူဆယ်မှာ တွေ့မယ်လို့ ပြောလာရင်
တော့ စည်းဝေးက ရွှေလီမှာ တွေ့ဖို့ သေချာနေပြီ။ ရက်ပဲ သတ်မှတ်ရတော့မယ်။ ဒီရက်ပိုင်းအတွင်း တွေ့နိုင်မယ်။ ခုဒီတခါတွေ့ရင်တော့ စစ်တပ်ပိုင်းဆိုင်ရာ တွေ့မယ်လို့ ထင်တယ်။ နောက် KIO လိုလားတာက မူတခုခု ချမှတ်နိုင် မှ နောက်တကြိမ် ဘယ်နေရာဖြစ်ဖြစ် နိုင်ငံရေးစတင် ဆွေးနွေးမယ်။ ဒါကြောင့် မူတခုခု ချမှတ်နိုင်မယ်လို့ မျှော်လင့်
နေတယ်” ဟု ဦးဂွမ်ဂျာ က မဇ္စျိမကို ပြောသည်။

ဦးအောင်မင်း ကမ်းလှမ်းသည့် စာအား လက်ခံရရှိကြောင်းနှင့် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဗဟိုကော်မတီ စည်းဝေးဆုံးဖြတ်၍ အကြောင်းပြန်မည်ဟု KIO ဘက်မှ ကြာသပတေးနေ့က တုန့်ပြန်လိုက်ပြီး သောကြာနေ့တွင် KIO ဗဟိုကော်မတီ စည်းဝေးကျင်းပနေသည်ဟု ဦးဂွမ်ဂျာ က ဆိုသည်။

KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် တဦးကလည်း “ပြန်တွေ့ရအောင်ဆိုတဲ့ စာတော့ ရောက်တယ်။ ဘယ်နေ့ဆိုတာ မပါဘူး။ ကျနော်တို့က အလွတ်သဘောပဲ တွေ့ရင် အဓိပ္ပါယ်မရှိဘူးလို့ ပြောထားတယ်။ ဒီတခါ တွေ့ရင်တော့ တရားဝင် တွေ့မယ်ဆိုတော့ ကျနော်တို့ ဗဟိုမှာလည်း ဆွေးနွေးရဦးမယ်” ဟု မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က လွယ်ဂျယ်မြို့အနီး ပရန်ငေါနဒေသတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင်
ပြန်လည်တွေ့ဆုံပါက KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ စစ်တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

သို့သော် ယခု ထပ်မံတွေ့ဆုံသည့် ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်မှု ရှိ/မရှိကိုမူ မသိရသေးသော်လည်း စစ်တပ်ဘက်မှ လည်း ပါဝင်နိုင်မည်ဟု ယူဆပြီး အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်မီ တွေ့ဆုံနိုင်ကြဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦး ဖြစ်သူ ဦးဆန့်အောင် က ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် ဇွန်လက အလွတ်သဘောတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာကိစ္စ များအတွက် ရုံးခန်းတခု ဖွင့်လှစ်ရန် သဘောတူခဲ့သည့် အလျောက် တရုတ်နယ်စပ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပရန်ငေါန်ဒေသတွင် Justic and Negotiation Center (တရားမျှတမှုနှင့်
စေ့စပ်ရေးဌာန) ရုံးတခုကိုလည်း စက်တင်ဘာလ ၁၈ ရက်နေ့က KIO က ဖွင့်လှစ်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှင့် KIO ကြား တွေ့ဆုံ
ဆွေးနွေးမှု ကိုးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း မည်သည့် သဘောတူညီမှုများ မရသေးဘဲ ဖြစ်နေသည်။

ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၁ဝ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

http://www.mizzimaburmese.com/news/inside-burma/10247-kio------.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India