နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
နယ်ခြားစောင့်တပ်-BGF တပ်သားသစ်စုဆောင်းရရှိရေး အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ ထီးဝါ့ဘလောကျေး ရွာတွင် BGF အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကိုယ် တိုင် သွားရောက်စည်းရုံးခဲ့ရာ တပ်သားသစ် ၈ဦး ရရှိခဲ့သည် ဟု သိရသည်။
ထီးဝါ့ဘလောကျေးရွာ၌ ယခင်က DKBA တပ်ဖွဲ့တွင် အမှုထမ်းဆောင်ခဲ့ဖူးသူ စစ်မှုဟောင်းများကို BGF တပ်သားများအဖြစ် ပြန် လည် အမှုထမ်းရန် ဗိုလ်မှူး ကြီးစောချစ်သူက သွားရောက်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူ(ဗိုလ်ချစ်သူ)က ထီးဝါ့သလောရွာမှာ ရွာသူကြီးဆီကနေ ၁၅ယောက် တောင်းထားတယ်။ သူကြီးက ရှာပေးလို့ မရတော့ အရင်က DKBA မှာ စစ်မှုထမ်းဖူးတဲ့သူတွေကို စည်းရုံးတယ်။ အတင်းအဓမ္မတော့ မဟုတ်ဘူး။ နောက် ဆုံး ၈ယောက် ရသွားတာ ပေါ့”ဟု သူက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူ စည်းရုံးရရှိခဲ့သော အဆိုပါ ရွာသား ၈ဦးသည် အများအားဖြင့် အိမ်ထောင်သည် များဖြစ်ကြပြီး ၂၀၀၈-၂၀၀၉ကတည်းက DKBA တပ်သားသစ် စုဆောင်းခံခဲ့ရဖူးသည့် စစ်တပ်အတွင်း ၃နှစ် တာဝန် ထမ်းဆောင်သူများဖြစ်သည်ဟု သူက ဆက်ပြောသည်။
သို့သော် ထီးဝါ့ဘလောကျေးရွာတွင် BGF တပ်သားသစ် စည်းရုံးကောက်ခံခြင်းနှင့်ပတ်သက်၍ မြဝတီမြို့နယ်တွင် လှုပ်ရှားနေ သည့် BGF (၁၀၁၈)တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ဝင်းအား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် ထီးသဝါ့ဘလောကျေးရွာ အနီးဝန်းကျင်ရှိ သံပုရာရွာနှင့် ထီးလော်သေ့ရွာ၌လည်း အောက်တိုဘာလက အလားတူ BGF တပ်သားသစ်ရရှိရေးအတွက် ဗိုလ်မှူးကြီးစောချစ်သူမှ သွားရောက်စည်းရုံးခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ မရရှိခဲ့ ကြောင်း သိရသည်။
BGF အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူသည် ကရင်ပြည်နယ်၊ နဘူးမြို့နယ်အခြေစိုက် အမှတ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀) BGF တပ်ရင်းများကို အုပ်ချုပ်ရသူဖြစ်ပြီး ပြီးခဲ့သည့် အောက်တို ဘာလက သနေချားမြို့နယ်ရှိ ရွာအချို့ တွင် တပ်သားသစ် စုဆောင်းခဲ့သေးသည်။
http://www.kicnews.org/?p=14287


Friday, November 23, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: