August 3, 2012

ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော် အကျပ်တွေ့



ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒုက်ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော် အနေဖြင့် အကျပ်တွေ့နေ ရကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။

 အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူလိုက်တော့ ကျနော်တို့ဆီမှာမှီခိုနေတဲ့ ဒုက်ခသည်တွကေို အလှူရှင် တွကေ အထောက် အပံ့ ဖြတ်တောက်လိုက်တယ်လေ။ သူတို့ကနေရပ်လဲ မပြန်ရဲသေးတော့ သူတို့ နေ့စဉ်စားဝတ်နေရေးအတွက် ကျနော်တို့ စစ်တပ်က ဦးဆောင်ပြီး စိုက်ခင်းတွဘောတွလေုပ်ရ တယ်။ ဒါကြောင့်မို့လို့လဲ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ အခုလို ပြဿနာဖြစ်ရတာပါ။ အရင်လ ကလည်း လွယ်ကော်ဝမ်းမှာလဲ ဒုက်ခသည်တွစေိုက်ခင်းနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့နဲ့ တကြိမ် ပြဿနာ တက်ပြီးပါပြီ” ဟု သျှမ်းပြည်တပ်မတော်မှ အကြီးအကဲတဦးကပြောပါသည်။

ယမန်နေ့က ဝ တပ်ဖွဲ့လှုပ်ရှားသွားလာသည့်လမ်းတလျှောက် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ဝ တပ်ဖွဲ့ က ဖြတ်သန်း သွားလာသူများအား တင်းကျပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဂျူလိုင်လ ၃၀ ရက်က မိုင်းတုံမြို့နယ် ပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော်ျြCSS/SSA ၏ တပ်မဟာ ၇၂၇ က ဒုက်ခသည်များအတွက် စိုက်ခင်းလုပ်ပေးရာတွင် မိမိနယ်မြေအတွင်းကျူးကျော် ဝင်ရောက်သည်ဟုဆိုကာ ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က တပ်အင်အားဖြည့်ဆည်းခဲ့သည်။ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသော်လည်း ယမန်နေ့က စေ့စပ်ညှိနှိုင်းဆွေးနွေးရန် သျှမ်းပြည်တပ်မတော်မှ လူလွှတ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါတပ်မဟာမှူး စဝ်တင်းခေးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အလားတူသျှမ်းပြည်တပ်မတော်၏ နမ့်စန်မြို့နယ် မိုင်းစစ်ဒေသရှိ လွယ်ယေးတပ်စခန်းမှ ဂွဏ်းဇိန်း စစ်ကြောင်းကိုလည်း ဖယ်ခုံအခြေစိုက်  စကခ ၇ လက်အောက်ခံ  မိုးဗြဲ အခြေစိုက်  ခမရ ၄၂၂ နှင့်  ဘန်းယဉ် အခြေစိုက် ခမရ ၄၂၅ တို့က ဂျူလိုင်လ ၃၀ ရက်က ဝင် ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ သေကြေ ဒဏ်ရာရမှုနှင့် ပစ်စည်းဆုံးရှုံးမှုများရှိခဲ့ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက် ကပြောသည်။

ဂျူလိုင် ၃၁ ရက်မနက်ပိုင်းတွင်မူ မိုင်းပန်မြို့နယ် အနောက်တောင်ဘက်ရှိ နောင်လုမ်အုပ်စု၌ လှုပ်ရှား နေသော သျှမ်း ပြည်တပ်မတော်၏ သစ်တောစစ်ဆေးရေးအဖွဲ့မှ စိုင်းလျဲန်ဦးဆောင်သောအဖွဲ့အား အမည်မသိမြန်မာစစ်တပ်မှ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

“အခုလို ဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွအေပေါ် ဆန့်ကျင်တယ်။ တိုက်ပွဲတွဆေက်မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းရေး သဘော တူညီချက်အရ တိုက်ပွဲတွေ ရပ်တန်းကရပ်အောင် ဘယ်လိုဖြေရှင်းပေးမလဲ။ ဦးအောင်မင်းဆီကို  စာပေးပို့ထား ပါတယ်” ဟုလည်း အဆိုပါအရာရှိက ပြောသည်။

သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၇၂၇ အခြေစိုက်ရာ လွယ်ဆမ်ဆစ်ပ်တပ်စခန်းတွင် ဒုက်ခသည် ၁၅၀၀ ကျော်ရှိရာ အပစ်ရပ်ပြီးနောက်ပိုင်း  အများစု ၁၀၀၀ ကျော် ၎င်းင်းတို့နေရပ်ပြန်သွားကြပြီး ကျန်ဒုက်ခသည် ၄၀၀ အနက် ၂၀၀  ကျော် မှာမြို့ထဲဆင်းအလုပ်လုပ် ဝင်ငွေ ရှာကြကြောင်း ထို့ကြောင့် စခန်း၌ လူ ၁၅၀ ဝန်းကျင် ကျန်ရှိကြောင်း သျှမ်းပြည် တပ်မတော်အသိုင်းအဝိုင်းကပြောပါသည်။

သျှမ်း-ထိုင်းနယ်စပ်၌ (နာမည်ကြီး ၊ အနေများသောနေရာ၌) အခြေချနေထိုင်သော ဒုက်ခသည်များမှာစာရင်းဟောင်းအရ ၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

၎င်းင်းတို့မှာ -
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း၌    -  ၂၅၀
ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း၌        -  ၂၃၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း၌         - ၄၀၀
ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း၌         - ၁၅၀၀
ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း၌        -၂၉၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက်ခသည်စခန်း၌             - ၆၂၀
စုစုပေါင်း                             - ၇၉၇၀ ဦးတို့ဖြစ်သည်။

အပစ်ရပ်အဖွဲ့များ၏ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နော်ဝေအစိုးရ၏  Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက်ရိုက်အကူအညီပေးသွားမည်ဟုလည်း သတင်းထွက်ရှိနေပါသည်။

http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3379-2012-08-01-09-42-48.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India