မြန်မာအစိုးရဘက်ကသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာချင်တယ်ဆိုရင် ဖိလစ်ပိုင် အစိုးရဖက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့် ဆိုတဲ့အကြောင်းကို ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ သိရှိခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာက ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄) ရက်ကနေ (၁၈)ရက်နေ့အထိ ငါးရက်ကြာမြင့်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/88-generation-peace-building-01222013091936.html
အသံဖိုင်နားထောင်ရန် | |
အသံဖိုင်ယူရန်။ |