Showing posts with label သတင်းစာရှင်းလင်းပွဲ. Show all posts
Showing posts with label သတင်းစာရှင်းလင်းပွဲ. Show all posts

March 25, 2013

ပြည်နယ်များရဲ့ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အကြောင်းရှင်းလင်း

4
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတင်ပြပွဲ တစ်ခု ကျင်းပပြုလုပ်နေတာပါ။
ဒီရှင်းလင်းပွဲမှာ ပြည်နယ်တွေမှာ ဒေသခံတွေရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှု ၊ မွန်ပြည်နယ် ကျိုက်ထိုအတွင်းရှိ ရွှေသတ္ထုတူးဖော်
သန့်စင်ရာမှာ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးအခတ်အခဲ ရှိနေမှုတွေကို ဒေသခံ ၁၀ ဦးက ကိုယ်စီရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၅ ခုနှစ်မှာ စစ်တပ်က လယ်ယာမြေတွေကို မတရားသိမ်းယူပြီး ဒေသခံလယ်သမားတွေအတွက် ယနေ့အချိန်အထိ
သင့်တော်တဲ့လျှော်ကြေး ပေးတာမျိုးမရှိခဲ့တဲ့အပြင် အခုလည်းတစ်ခါထပ်ပြီး လယ်ယာမြေတွေကို မတရားသိမ်းယူနေရတယ်လို့သိရပါတယ်။
ဒီရှင်းလင်းပွဲကို Youth Development Network ကဦးဆောင် စီစဉ်ပေးတာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေကို သွားရောက်ရာကနေ
သိရှိလာတဲ့ ဒေသခံတွေရဲ့ အခတ်အခဲတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သိရှိစေဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ ရှင်းလင်းပွဲကို သတင်းမီဒီယာတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀ ကျော်တက်ရောက် ခဲ့ကြပါတယ်။

http://www.burmavjmedia.net/?p=20111

<iframe width="420" height="315" src="http://www.youtube.com/embed/xSFO3ALbxtE" frameborder="0" allowfullscreen></iframe>

January 22, 2013

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လေ့လာခဲ့တဲ့ ၈၈ ခေါင်းဆောင်တွေ သတင်းစာရှင်းလင်း

ဖိလစ်ပိုင်နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သွားရောက်လေ့လာ ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဟာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာချင်တယ်ဆိုရင် ဖိလစ်ပိုင် အစိုးရဖက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့် ဆိုတဲ့အကြောင်းကို ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ သိရှိခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာက ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄) ရက်ကနေ (၁၈)ရက်နေ့အထိ ငါးရက်ကြာမြင့်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်ပြီး  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/88-generation-peace-building-01222013091936.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

January 3, 2013

ABSDF ခေါင်းဆောင်တွေ ပြည်တွင်းခရီးစဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့အဖွဲ့ဝင် ၉ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၄နှစ် တာကာလအတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံး အကြိမ် လာရောက်တဲ့ သီတင်းနှစ်ပတ်ကျော် ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
Photo: RFA/Thiha Tun
မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇန်နဝါရီ ၃ရက်နေ့က ကျင်းပစဉ်
မြန်မာနိုင်ငံခရီးစဉ်ကို လာရောက်ရတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့တယ်လို့ ABSDF ဥက္ကဌ ဦးသံခဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ကျနော်တို့ ခရီးစဉ်က ရည်ရွယ်ချက်သုံးချက်နဲ့ လာခဲ့တာဖြစ်ပါတယ် (၁)ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လေ့လာဖို၊့ (၂)မကဒတရဲ့ အနာဂတ်နိုင်ငံရေး အခန်းကဏ္ဍအတွက် အမြင်သဘောထားတွေကို စုစည်းဖို့၊ (၃)၂၄နှစ် ၂၅နှစ်တိုင်တိုင် ဝေးကွားနေခဲ့ကြတဲ့ မိသားစုတွေ မကဒတရဲဘော်ဟောင်းတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ ၂ပတ်ကျော်ကြာပြီးမှာ ခရီးစဉ်ရည်ရွယ်ချက် ၃ချက်စလုံးကို အများစုအကောင်အထည်ဖော်နို်င်ခဲ့တာမို့ ဒီခရီးစဉ်အပေါ် ကျနော်တို့ အားရကျေနပ်မိပါတယ်"
အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံတော်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းစဉ်တွေမှာ ABSDF အနေနဲ့ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လိုတဲ့ သဘောထားအပြည့်အဝရှိတယ်လို့လည်း ဦးသံခဲ က ပြောပါတယ်။
ဒီကနေ့ အခမ်းအနားမှာ ABSDF ဥက္ကဌ ဦးသံခဲ၊ အထွေထွေအတွင်းရေးမှူး ဦးဆန်နီ၊ ဒေါ်မိဆူးပွင့်အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ၅ဦးဟာ သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

http://www.rfa.org/burmese/news/absdf-press-release-01032013040215.html

ကချင်တိုက်ပွဲ ဝင်ပါခြင်းသည် ခုခံခြင်းဟု ABSDF ဆို

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော ABSDF ၏ သတင်းစာရှင်းလင်းပွဲ

ကချင်ပြည်နယ် တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည်မှာ တပ်မတော်အနေဖြင့် မိမိတို့ စခန်းများ အခြေစိုက်ထားသော ယင်းဒေသကို ထိုးစစ်ဆင်နေသောကြောင့် ပြန်လည်ခုခံခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ယနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ABSDF ကျောင်းသားတပ်မတော်ဟု လူသိများခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောကြားခဲ့သည်။
“မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါ၀င်နေရတာ။ ဘာကြောင့်လဲ ဆိုရင် မကဒတက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေလုပ်နေတဲ့ ဒေသမှာ ရှိနေတဲ့အတွက်  ပါ၀င်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ မကဒတ ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါ၀င်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု မကဒတ ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်က ပြောဆိုခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မည့် အင်အားစုတရပ် အနေဖြင့် စုစည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း သတင်းထောက်များသို့ ပြောကြားသည်။
“ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ အဲဒီ မတူညီတဲ့ အတွေ့အကြံုတွေကို ကျနော်တို့ ကြားထဲမှာ ဖလှယ်သွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ် ဇွန်လခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးတို့ စုစည်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ABSDF သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် လေ့လာရေးခရီး လာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသား အင်အားစုများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အကျဉ်းကျ ခံနေရဆဲဖြစ်သော ABSDF ရဲဘော်များနှင့် ပတ်သတ်၍ ရဲဘော် ကိုသံခဲက “ထောင်ထဲမှာ ရှိနေသေးတဲ့ ကျနော်တို့ ရဲဘော်တွေကို ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့ တွေ့ချင်ပါတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဘက်ကနေ မတွေ့ပါနဲ့ ဦးလို့ ဆိုလာတဲ့အတွက် ဒီခရီးစဉ်မှာ မတွေ့နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တွေ့ဆုံဖို့၊ ကျွန်တော်တို့ ရဲဘော်တွေ လွတ်မြောက်ဖို့ ကျနော်တို့ တောင်းဆိုနေပါတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကျဉ်းထောင်များရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွတ်မြောက်ရန် လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသား အဖြစ် အသိအမှတ်ပြုခြင်းမခံရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်မှသာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု ABSDF က ယုံကြည်သည်ဟု ဆိုသည်။
ABSDF  သည် နယ်စပ် အခြေစိုက် ကျောင်းသားလူငယ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းခံရအပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ပြည့်လွန် နှစ်များအတွင်းက ABSDF မြောက်ပိုင်း တပ်မတော်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး အဖြေရှာရန် ဖိအားများရှိလာသည့် အတွက် ထိုဖြစ်စဉ်နှင့် ပတ်သတ်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေး တရားမျှတရေးအတွက် ၂၀၁၁ ခုနှစ်တွင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း၍ စစ်ဆေးစေခဲ့ကြောင်း၊ ထို စုံစမ်းရေး ကော်မရှင်က ၂၀၁၃ ခုနှစ် မေလတွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/29757

ABSDF သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)



http://www.youtube.com/watch?feature=player_embedded&v=CJRa7HGeOzQ



January 1, 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ ၈၈ မျိုးဆက်တွေ အပါအဝင် လူမှုအခြေပြုအဖွဲ့တွေ စုပေါင်းတောင်းဆို (ရုပ်သံ)



ကချင်စစ်ပွဲ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ ၈၈ မျိုးဆက်တွေ အပါအဝင် လူမှုအခြေပြုအဖွဲ့တွေ စုပေါင်းတောင်းဆို (ရုပ်သံ) http://www.youtube.com/watch?v=s1_Ki-oKRx0&feature=player_embedded

December 19, 2012

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် WLB ဆက်လက် ရပ်တည်မည်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတခုတွင် ရှင်းလင်းပြောကြားနေသည် WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို (၀ဲဘက်) (ဓာတ်ပုံ – ဧရာဝတီ)
ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma(WLB) သည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်၊ စစ်ပွဲများရပ်ဆိုင်းသွားရန် ဖိအားပေးနိုင်သည့် အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း WLB မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။
“ငြိမ်းချမ်းရေးရဖို့အတွက် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ ရပ်ဖို့လိုတယ်။ အဲဒီလိုရပ်ဖို့ကို ဖိအားပေးနိုင်တဲ့ အဖွဲ့အဖြစ် ဆက်လက် ရပ်တည်ချင်သေးတယ်။ ဒါကြောင့် ပြည်ပမှာပဲ ဆက်လက်ရပ်တည်နေဦးမယ်”ဟု ဒေါ်တင်တင်ညိုက ပြောဆိုသည်။
ပြည်ပတွင် ဆက်လက်ရပ်တည်နေရခြင်းသည် အိန္ဒိယ၊ တရုတ်၊ ထိုင်း နိုင်ငံများနှင့် နယ်စပ်ဒေသများတွင် အခက်အခဲ ဒုက္ခ ကြုံနေသော အလုပ်သမားများ၊ ဒုက္ခသည်များ သန်းချီ ရှိနေသေးခြင်းကြောင့် ၎င်းတို့အား ကူညီဆောင်ရွက်ပေးရန်အတွက်လည်း ပါ၀င် သည်ဟု သိရသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း၌ အစိုးရတပ်များနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIA)တပ်များသည် တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွားနေသည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူ သောင်းနှင့် ချီ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် နီးစပ်ရာ တောတောင်များအတွင်း စစ်ဘေးရှောင် နေကြရသည်။ ထို စစ်ဘေး ဒုက္ခသည်များသည် အမိုး အကာ၊ စားရေ ရိက္ခာ၊ အဝတ်အထည်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ရှိကြောင်း အကူအညီ ပေး နေသူများက ပြောသည်။
WLB တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်စောစံငြိမ်းသူ ကလည်း ပြည်တွင်းတွင် အခြေစိုက်၍ လုပ်ငန်းများမပြုလုပ်နိုင်သေး သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများတိုးချဲ့ရန် စီမံချက်များ ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးရပ်တည်ချက်အရ ပြည်တွင်းသို့ အပြီးပြောင်းရွှေ့လာရန်မှာ ခက်ခဲနေသေးကြောင်း ပြောသည်။
အဖက်ဖက်က အသွင်ကူးပြောင်းနေသည့် အခြေအနေမှ ချောချောမွေ့မွေ့ဖြင့် အဆင်ပြေသည့်အချိန်အထိ ပြည်ပတွင် ရပ်တည် မည်ဖြစ်ပြီး တချို့လုပ်ငန်းများအား မြန်မာနိုင်ငံတွင် တိုးချဲ့၍ ချိတ်ဆက်မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါ WLB မှ ကိုယ်စားလှယ် ၆ ဦးသည် ပထမဆုံး အကြိမ် ပြည်တွင်းခရီးစဉ်အဖြစ် သီတင်းတပတ်ခန့် ရန်ကုန်မြို့သို့ လာရောက် လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။
WLB ကို်ယ်စားလှယ်များသည် ရခိုင် တိုင်းရင်သားရေးရာ ဝန်ကြီး နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ အပါအဝင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီး လွှတ်တော်အမတ်များ၊ အမျိုးသမီး ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် တွေ့ဆုံကြသည်။
ဒေါ်တင်တင်ညိုက“ကျမတို့ရဲ့ နိုင်ငံရေးပြောင်းလဲမှုအပေါ် အမြင်သဘောထား၊ နိုင်ငံရေးရပ်တည်ချက်၊ ငြိမ်းချမ်းရေးမူဝါဒအပြင် အမျိုးသမီး တွေရဲ့ပါဝင်မှုစတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစီမံချက်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် အမြင်၊ ရပ်တည်ချက်တွေကို အပြန်အလှန်ဆွေးနွေးဖြစ်တယ်”ဟု ပြောသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများက အမျိုးသမီးများကို နိုင်ငံရေး၊ ပြုပြင်ပြောင်းလဲရေး ၊ ဦးဆောင် အခန်းကဏ္ဍ များတွင် ပါ၀င်စေလိုသော ဆန္ဒကို တွေ့ရ၍ ကျေနပ်ကြောင်း WLB သဘာပတိ အဖွဲ့ဝင် ဒေါ်မော်သိုးမြက ပြောဆိုသည်။
WLB သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်သူ ဒေါ်နာဗစ်ဘွန်ကလည်း ရန်ကုန်မြို့သို့ လာရောက်ခြင်းသည် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအပေါ် အမြင်၊ သဘောထား၊ သုံးသပ်ချက်များအား လေ့လာနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
“ပြည်တွင်းက အမျိုးသမီးအဖွဲ့တွေ ဘာတွေလုပ်ဆောင်ပြီးပြီလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သွားနေလဲ၊ ပြည်တွင်း ပြည်ပက အမျိုးသမီးအဖွဲ့အစည်းတွေပေါင်းပြီး ညီလာခံတခု ထွက်ပေါ်လာနိုင်တဲ့ အနေအထားရောက်အောင် ဘယ်လိုလုပ်ဆောင် သွားနိုင် မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီခရီးစဉ်ကို အကောင်အထည် ဖော်တာဖြစ်တယ်”ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို သွားမည်ဆိုပါက လူထုအခြေပြု အဖွဲ့အစည်းများက ပို၍အရေးကြီးပြီး ပြည်သူ အား လုံး ပါဝင်သည့် ပြောင်းလဲမှုကသာ စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းကို ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်နာဗစ်ဘွန် က ဆက်လက် ပြောဆိုသည်။
“ကျမတို့နေထိုင်တဲ့နေရာတွေ ဘယ်လိုပဲကွဲကွဲ ကျမတို့အားလုံးရဲ့ရည်မှန်းချက်က စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တခု တည်ထောင်နိုင် ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့၊ ပြည်သူအားလုံးရဲ့ဘဝကို အာမခံချက်ပေးနိုင်တဲ့၊ ကောင်းမွန်စွာ ပုံဖော် ပေးနိုင်တဲ့ အစိုးရတရပ် လိုလားတယ်။ ဒီလို အစိုးရတရပ်ဖြစ်လာအောင်လည်း ကျမတို့က ဝန်းရံပြီး အားဖြည့်မယ်လို့ပဲ စဉ်းစားပါတယ်”ဟု ဒေါ်စောစံငြိမ်း သူ က ပြောသည်။
WLB သည် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ပြန်လည် သင့်မြတ်ရေး၊ အမျိုးသမီးများအကြမ်းဖက်မှု ဆန့်ကျင်ရေး၊ နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေး စသည့် လုပ်ငန်းစဉ်များအား အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်များနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့ တိုက်ပွဲများ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲများ၊ ပဋိပက္ခများ ငြိမ်းအေးသွားရန် WLBအဖွဲ့အပြင် လူထုအခြေပြုအဖွဲ့အစည်းများ၊ အနုပညာရှင်များက မိမိတို့ပါဝင်နိုင်သည့်ဘက်မှ ကူညီလုပ်ဆောင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

http://burma.irrawaddy.org/archives/28537

December 18, 2012

မြန်မာနိုင်ငံခရီးစဉ်အကြောင်း WLB အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ရဲ့ ပြည်တွင်း ခရီးစဉ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်က ရွှေရသာ စားသောက်ဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
Photo : RFA
ထိုင်းနိုုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်အနေနဲ့ တစ်ပတ်ကြာ ရန်ကုန်မြို့ကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပြည်တွင်းမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အခြေအနေတွေနဲ့ နယ်စပ်ဒေသအနီးအနားက တခြားအိမ်နီးချင်းနိုင်ငံတွေမှာ ရပ်တည်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ အခြေအနေတွေကိုလည်း ဒီကနေ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံကို လာရောက်လေ့လာတာဟာ ယာယီသာဖြစ်ပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ဟာ ပြည်တွင်းမှာ တရားဝင်ရပ်တည်ဖို့ အစီအစဉ်မရှိဘူးလို့ အဲဒီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက RFA ကို ပြောပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ ပြည်တွင်းခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အမျိုးသမီးလွှတ်တော်အမတ်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့အစည်းအသီးသီး၊ ပါတီအသီးသီးနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီလမ်းစအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့တဲ့အပြင်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နယ်စပ်အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကို ၁၉၉၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသမီးအရေးကို အခြေခံလုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၂ခုက ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/wlb-press-conference-12182012140519.html

July 28, 2012

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ သတင်းစာရှင်းလင်းပွဲ

အပိုင်း (၁)

အပိုင်း (၂)

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India