“ ရယတ်ယာဉ် ၂ စီးလာတယ်။ ဝေဟင်က အင်အားနဲ့ မြေပြင်ကလာတဲ့အင်အား စုစုပေါင်း ၅၀ လောက်ရှိမယ်။ မိုင်းလားကို မွန်းတည့်မှာ ရောက်တယ်။ ၃ နာရီမှာ ဆီလူးကိုသွားတယ်။ ဒီည ကျိုင်းတုံကို သွားအိပ်မယ်။ နက်ဖြန် ဝ ပြည်နယ်ကို သွားမယ်” ဟု မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဆိုပါသည်။
ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တတိယ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဦးအောင်သူ အပြင် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ ဟက်စကီးဖြင့် ရောက်ရှိကြောင်း၊ ကားဖြင့်လည်း လုံခြုံရေးအင်အား ၃၀ ကျော် ရောက်ရှိကြောင်း စုစုပေါင်းအင်အား ၅၀ ကျော် ရှိကြောင်း ၎င်းကပြောသည်။
“ မွန်းတည့်မှာ မိုင်းလားကိုရောက်လာကြတယ်။ ၁ နာရီခွဲအထိ စကားပြောတယ်။ ပြီးရင်နေ့လည်စာစားကြတယ်။ နေ့ခင်း ၂ နာရီခွဲ မိုင်းလားမြို့မှာလည်ကြပတ်ကြတယ်။ ၃ နာရီမှ တပ်မဟာ ၃၆၉ ဆီလူးကိုသွားကြတယ်။ ဒီည ကျိုင်းတုံကိုပြန်သွား အိပ်မယ်။ နက်ဖြန်မှ ဝ ပြည်ကိုသွားမယ်” ဟု မိုင်းလားအရာရှိများနှင့်နီးစပ်သည့် အခြားပုဂ္ဂိုလ်တဦးကလည်းပြောသည်။
မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဌကြီး ဦးစိုင်းလင်းမှအစ အကြီးအကဲများအားလုံး ပါဝင် တွေ့ဆုံခဲ့ကြကြောင်း၊ မိုင်းလားမြို့ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး တင်ပြချက်မှလွဲ၍ တခြားသောတောင်းဆိုမှု မရှိခဲ့ကြောင်း ဆိုပါသည်။
တွေ့ဆုံစကားပြောကြရာ၌ ဦးအောင်မင်းက မိုင်းလားခရီးစဉ်မှာ မိမိ၏ ပထမဆုံးသောခရီးစဉ်ဖြစ်ပြီး ရင်းနှီးမှုတည်ဆောက် ရေးအတွက် ခရီးစဉ်ဖြစ်ကြောင်း၊ သဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ဖို့ သာပြောသွားကြောင်း တရုတ်နယ်စပ်မှ ပုဂ္ဂိုလ်က ဆက်ပြောသည်။
သိန်းဇော်ကမူ - ဆွေးနွေးကြစဉ်က တင်ပြသော မိုင်းလား၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ် ဖြစ်ကြောင်း၊ မိုင်းလားမှ တင်ပြထားသော သစ်လုပ်ခွင့် တန်ချိန် ၁ သောင်းအတွက် လောလောဆယ် တန်ချိန် ၁ ထောင် လုပ်ရန် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ္တုတွင်း၊ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းစသည် တို့ကိုလည်း လုပ်ခွင့်ပေးကြောင်း ပြောဆိုသည်။
စစ်ရေးနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အား ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းလုပ်သွားရန် ဦးသိန်းဇော်က တိုက်တွန်းခဲ့သည်ဟု ဆို၏။ လာမည့် လွှတ်တော်အစည်းအဝေး သို့လည်း မိုင်းလားဘက်မှ ကိုယ်စားလှယ်များအား လေ့လာ နိုင်ရန် ပို့ပေးစေ လိုကြောင်း ပြောဆိုခဲ့သည်ဟုဆို၏ ။
“ ငွေက ကျပ်သိန်း ၆၀၀ ကျော် ပေးသွားတယ်။ ကျပ်သိန်း ၄၀၀ က လစာငွေ ၂ လစာ ပေါ့။ တလ ၂၀၀ သိန်းပေးမယ်လို့ ဆွေးနွေးပွဲမှာသဘောတူထားတာကိုး။ ကျန်တဲ့သိန်း ၂၀၀ က ဆန်ဖိုး ၂ လစာ ။ မြန်မာအစိုးရက ပေးသွားပါတယ်” ဟု ဆိုပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဦးအောင်မင်းသည် ၀ တပ်ဖွဲ့ဒေသဖွံ့ဖြိုးရေး (ပန်ဆန်း -မန်းဆိုင်လမ်း တည်ဆောက်ရန်) လုပ်ငန်းအတွက် ကျပ်ငွေ သန်း ၄၀၀ ထောက်ပံ့ပေးရန်ရှိကြောင်း နီးစပ်သူတဦးက ပြောပြပါသည်။
“ ပန်ဆန်းကသက်ဆိုင်ရာအရာရှိတွေရဲ့ အဆိုအရတော့ တစ်ကီလိုမီတာကို တရုတ်ငွေ ၂ သန်း (မြန်မာငွေ ကျပ် သန်း ၂၇၀ ) ကုန်ကျတယ်လို့သိရပါတယ်” ဟု ၎င်းကဆိုပါသည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် နက်ဖြန်မနက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် အထူးဒေသ ၂ ၏ မြို့တော် ပန်ဆန်းသို့ သွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရသည်။
ဝ တပ်ဖွဲ့သည် ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးဆင့်၊ အောက် တိုဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအစရှိပါ သည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးပါသည်။ မိုင်းလားတပ်ဖွဲ့မှာမူ ယမန်နှစ် စက်တင်ဘာလ ၇ ရက် တွင် ပဏာမအဆင့်၊ အောက်တိုဘာလ ၉ ရက်တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ် နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3699-2012-12-03-10-48-48.html