
Tuesday, December 04, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)

အမေရိကန်နိုင်ငံသို့
ရောက်ရှိသွားသည့် ကရင်အမျိုး သား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု
အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့်
ခေါင်းဆောင်ကြီး ၉ဦး ကို ဂုဏ်ပြုသော အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့
နေ့လည်တွင် လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့်
နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ
ပေးအပ်ခဲ့သည်။

နော်ဂျူးရီက
“အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို
ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ်
ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်”ဟု နော်ဂျူးရီက
ပြောသည်။
ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊
ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊
ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး
မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။
http://www.kicnews.org/?p=14497
Posted in: KNU,သတင်း
Email This
BlogThis!
Share to Facebook