September 21, 2012

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ်

မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အရပ်ဖက် လူ့အဖွဲ့အစည်းတွေဟာ အာဏာပိုင်တွေ တားဆီးနေတဲ့ကြားက မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ပေးဖို့ ဆုတောင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။



RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။
ဒီဆန္ဒဖော်ထုတ်ပွဲတွေဟာ အပစ်အခတ်တွေ ရပ်စဲဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ကြောင်း ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် မခင်စန္ဒာညွှန့်က RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေး လမ်းလျှောက်ကြတဲ့ လူတွေအပါအဝင် ရန်ကုန်တိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေကြတဲ့ အစုအဖွဲ့အားလုံး ကန်ဘောင်မှာ လာပြီးတော့ ဆုံပါမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆုတောင်းပွဲလုပ်မှာ။ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူမယ်။ မိုးပျံပူပေါင်းတွေလွှတ်မယ်။ ကြေညာချက် ၅ ချက်ကို ထုတ်ပြန်မယ်။ ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို အဲဒီမှာ ဆက်လုပ်သွားပါမယ်။ ကျွန်မတို့ အခုလက်ရှိကတော့ အပစ်အခတ် ရပ်စဲဖို့ ရည်ရွယ်ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ရည်ရွယ်သလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကိုလည်း ရည်ရွယ်ပါတယ်"
နေပြည်တော် သမ္မတရုံးရှေ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့နဲ့ လွှတ်တော်ရှေ့တွေမှာ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ဖို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်နဲ့အတူ သွားရောက်ကြမယ့် လူအင်အား ၂၀၀ ကျော်ကို မနေ့မနက်ပိုင်းက အာဏာပိုင်တွေက တားဆီးခဲ့တာကြောင့် ရန်ကုန်မှာပဲ စုပေါင်းလမ်းလျှောက်ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဦးဂျော်ဂွမ်းက ပြောပါတယ်။
"ရန်ကုန်အနောက်ပိုင်းခရိုင် ရဲဦးစီးမှူးတွေနဲ့ စမ်းချောင်းကမြို့နယ်ရဲတွေ ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ကို နည်းပေါင်းစုံနဲ့တားတော့ သွားလို့မရဘူးဖြစ်ခဲ့တယ်။ နေရာ ၄ နေရာတောင် ကျွန်တော်တို့တားခံရတယ်။ ဒဂုံစင်တာရှေ့မှာ သွားခွင့်မပြုဘူး ဆိုတဲ့အကြောင်းပြောတယ်။ ထပ်ပြီးတော့ မြေနီကုန်းမှတ်တိုင် အဟောင်းမှာ ထပ်တားတယ်။ ကျွန်တော်တို့ ဆက်သွားတယ်။ မြေနီကုန်းမှတ်တိုင် အသစ်မှာ တားတယ်။ အဲဒီကနေ ကျွန်တော်တို့ ဆက်သွားတယ်။ ပြည်သူ့ရင်ပြင်မှာ အုပ်စုမခွဲမနေရဆိုတဲ့ ပုံစံနဲ့ သူတို့သတိပေးတဲ့ ပုံစံနဲ့ သူတို့က နည်းပေါင်းစုံနဲ့ ပြောတာကတော့ ကျွန်တော်တို့ နေပြည်တော် မသွားလိုက်ရဘူး။ ကျွန်တော်တို့ကား ၅ စီးနဲ့ လျှောက်သွားတယ်။ ကျွန်တော်တို့ ဆူးလေလမ်းကြောင်းကနေ တာမွေဖက်ကို ရောက်လာပါပြီ"
မန္တလေးတိုင်း မိထ္ထီလာမြို့မှာလည်း မြန်မာတစ်နိုင်ငံလုံး စစ်ပွဲတွေရပ်ဖို့ ဒေသခံ အရပ်ဖက် အဖွဲ့ အစည်းတွေက ဆုတောင်း လမ်းလျှောက်ပွဲတွေ၊ မီးပုံးပျံလွှတ်ပွဲတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး လူမှုကွန်ရက်အဖွဲ့ဝင် ဦးလွင်မောင်မောင်က အခုလို ပြောဆိုပါတယ်။
"ငြိမ်းချမ်းရေး ဆုတောင်းစာလေးတွေ တမြို့လုံးပတ်ပြီးတော့ ဝေနေကြတာပေါ့့။ အဓိက ကတော့ ဒုက္ခသည်စခန်းတွေမှာ စစ်ဘေးရှောင် နေထိုင်ခြင်းတွေကြောင့် စစ်ပွဲများ ရပ်တန့်ကြရန် အတွက် ညနေ ၄ နာရီကနေ ငြိမ်သက်စွာ ဆုတောင်းကြမည် ဖြစ်ပါသည်။ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် လူသားချင်း စာနာစွာဖြင့် မိမိတို့ရောက်ရာ အရပ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ အာရုံပြု ဆုတောင်းပေးကြရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်"
ဒါ့အပြင် ပဲခူးတိုင်း ပြည်မြို့နဲ့ ပေါင်းတည်မြို့တွေမှာလည်း တစ်နိုင်ငံလုံး စစ်ပွဲတွေရပ် ဆိုတဲ့ ခေါင်းစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက မြို့အနှံ့ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

http://www.rfa.org/burmese/news/peace-movement-09212012205112.html

- အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေးနေ့ အမှတ်တရကျောက်တိုင် စိုက်ထူ (ဓာတ်ပုံသတင်း) click
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်ကို KWO ဂုဏ်ပြု click
- ဖလုံ-စဝေါ်ပါတီ၏ ငြိမ်းချမ်းရေးတည်ဆောက်ရေး ရက်တိုသင်တန်း ပြီးစီး click
- မွန်တွေကလည်း ကချင်စစ် ရပ်စဲရေး လိုလား click
- တနိုင်ငံလုံး စစ်ပွဲတွေ ရပ် (ရုပ်သံ) click
- ငြိမ်းချမ်းရေး ဆန္ဒပြသူတွေကို အရေးယူမည် click
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပ click
- စစ်ပွဲတွေ ရပ်ဆိုင်းရေး ငြိမ်းချမ်းရေးနေ့ ဆန္ဒပြပွဲ click
- ငြိမ်းချမ်းရေးနေ့ ဆန္ဒပြပွဲတွေ လုပ် (ဓာတ်ပုံ) click
- စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆို (ရုပ်သံ) click
- ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူများကို လိုက်ဖမ်းနေပြီ click
- ငြိမ်းချမ်းရေးနေ့ကို အဟန့်အတားကြားက နိုင်ငံတဝန်း ကျင်းပ click
- ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ (ဓာတ်ပုံသတင်း) click
- အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြ (ရုပ်သံ) click
- ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် လှည့်လည်ဖျော်ဖြေပွဲ (ဓာတ်ပုံသတင်း) click
- စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကျောင်းသားနှင့် ကချင်တပ် တိုက်တွန်း click
- ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို click
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း WLB က ပြော click
- ငြိမ်းချမ်းရေးခေတ်သစ် (ကဗျာ) click
- တာပိန်မြစ် ရေအားလျှပ်စစ်အနီး အစိုးရတပ်အား KIA မိုင်းခွဲတိုက်ခိုက် ၈ ဦး ကျ click
- ရိက္ခာပို့လာသော အစိုးရတပ်နှင့် KIA တိုက်ခိုက်မှုတွင် လက်နက်များ သိမ်းဆည်းလိုက်ရ click

http://drlunswe.blogspot.com/
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India