January 3, 2013
ကချင်တိုက်ပွဲ ဝင်ပါခြင်းသည် ခုခံခြင်းဟု ABSDF ဆို
“မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါ၀င်နေရတာ။ ဘာကြောင့်လဲ ဆိုရင် မကဒတက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေလုပ်နေတဲ့ ဒေသမှာ ရှိနေတဲ့အတွက် ပါ၀င်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ မကဒတ ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါ၀င်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု မကဒတ ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်က ပြောဆိုခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မည့် အင်အားစုတရပ် အနေဖြင့် စုစည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း သတင်းထောက်များသို့ ပြောကြားသည်။
“ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ အဲဒီ မတူညီတဲ့ အတွေ့အကြံုတွေကို ကျနော်တို့ ကြားထဲမှာ ဖလှယ်သွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ် ဇွန်လခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးတို့ စုစည်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ABSDF သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် လေ့လာရေးခရီး လာရောက်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသား အင်အားစုများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အကျဉ်းကျ ခံနေရဆဲဖြစ်သော ABSDF ရဲဘော်များနှင့် ပတ်သတ်၍ ရဲဘော် ကိုသံခဲက “ထောင်ထဲမှာ ရှိနေသေးတဲ့ ကျနော်တို့ ရဲဘော်တွေကို ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့ တွေ့ချင်ပါတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဘက်ကနေ မတွေ့ပါနဲ့ ဦးလို့ ဆိုလာတဲ့အတွက် ဒီခရီးစဉ်မှာ မတွေ့နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တွေ့ဆုံဖို့၊ ကျွန်တော်တို့ ရဲဘော်တွေ လွတ်မြောက်ဖို့ ကျနော်တို့ တောင်းဆိုနေပါတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကျဉ်းထောင်များရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွတ်မြောက်ရန် လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသား အဖြစ် အသိအမှတ်ပြုခြင်းမခံရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်မှသာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု ABSDF က ယုံကြည်သည်ဟု ဆိုသည်။
ABSDF သည် နယ်စပ် အခြေစိုက် ကျောင်းသားလူငယ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းခံရအပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ပြည့်လွန် နှစ်များအတွင်းက ABSDF မြောက်ပိုင်း တပ်မတော်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး အဖြေရှာရန် ဖိအားများရှိလာသည့် အတွက် ထိုဖြစ်စဉ်နှင့် ပတ်သတ်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေး တရားမျှတရေးအတွက် ၂၀၁၁ ခုနှစ်တွင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း၍ စစ်ဆေးစေခဲ့ကြောင်း၊ ထို စုံစမ်းရေး ကော်မရှင်က ၂၀၁၃ ခုနှစ် မေလတွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/29757
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။