November 15, 2012

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သျှမ်းလူငယ်များ စစ်တမ်းကောက်

စစ်မှန်သောငြိမ်းချမ်းရေးရဖို့ သျှမ်းညီလာခံ၌တင်ပြဆွေးနွေးနိုင်ရန် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးအပြင် ထိုင်းနိုင်ငံချင်းမိုင် နှင့် ဘန်ကောက်ရောက် သျှမ်းလူမျိုးများကြား သျှမ်းလူငယ်များက စစ်တမ်း ကောက်ယူနေသည်ဟု ကြားသိရပါသည်။

“အခုလုပ်မည့်အစည်းအဝေးက သျှမ်းတွေကြီးဘဲ ဆိုတော့ အခုကောက်မဲ့ စစ်တမ်းကလဲ သျှမ်းလူမျိုးတွေကြားထဲမှာဘဲ ကောက်ယူ မှာ။ ဒီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စုစည်းမယ်လို့စီစဉ်ထားတယ်။ ပြီးရင်ရလာတဲ့အချက် အလက်တွေကို အစည်းအဝေးမှာ တင်ပြ မယ်။ လူကြီး တွေအတွက် ဆွေးနွေးဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်ဖို့လေ” - ဟု မန္တလေးရောက် လူငယ်စိုင်းဇင့်က ပြောပါသည်။

စစ်တမ်းကောက်ရာမှာ နိုင်ငံရေးကဏ္ဍ၊ သျှမ်းပြည်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ကဏ္ဍ၊ လူဦးရေ နှင့် အမျိုးသားမှတ်ပုံတင် ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးကဏ္ဍ၊ သျှမ်းစကားမပြောတတ်တဲ့ သျှမ်းအမျိုးသားများ ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ဘာသာရေး ဆိုင်ရာ ကဏ္ဍအပါအဝင် မေးခွန်းပေါင်း ၄၇ ခု ပါ၀င်မေးမြန်းနေသည်ဟုသိရပါသည်။

“အဓိက ကတော့ ကျနော်တို့ တွေ တစ်သံတည်းထွက်နိုင်ရင်   တခြားတိုင်းရင်းသားတွေနဲ့လဲ စည်းလုံးမှုရနိုင်မယ်။ အဲဒါကြောင့် ရန်ကုန်မှာ ကျင်းပမယ့်အစည်း အဝေးမှာ အချိန်မကုန်ဘဲ ရှုဒေါင့်ပေါင်းစုံ ဆွေးနွေးနိုင်အောင် ကျနော် တို့ ပြည်တွင်း ပြည်ပလူငယ်မခွဲခြားဘဲ တမျိုးသားလုံးအတွက် အလုပ်လုပ်နေတာဘဲဖြစ်တယ်။ ကျနော်တို့လဲ အစည်းအဝေး ခေါ်မယ်။ ရှိတဲ့အချက်တွေချပြမယ် ဆွေးနွေးမယ်။ ရန်ကုန်အစည်းအဝေးသွားဖို့ ပြင်ဆင်မယ်”- ဟု ချင်းမိုင်ရောက် လူငယ် တဦးဖြစ်သည့် စိုင်းဆိုင်က ပြောပါသည်။

နိုဝင်ဘာ ၂၆ ရက် နေ့မှစ၍ သုံးရက်ကြာကျင်းပမည့် အဆိုပါ သျှမ်းညီလာခံမှာ သျှမ်းအမျိုးသား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ နိုင်ငံတော် သမ္မတရုံးက၀န်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်း တို့ တက်ရောက်မည်  ဟုကြားသိရပါ သည်။

သျှမ်းအသိုင်းအဝိုင်းမှ  ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရက် တစ်ပါတီ SNDP မှ စဝ်ဆိုင်မိဏ်း၊ ကျားခေါင်း ခေါ် သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ခွန်ထွန်းဦး၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နာယက ဗိုလ်ချုပ်ဆေထဲန်၊ သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် RCSS/SSA မှ ငြိမ်းချမ်း ရေးကော်မတီ ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး၊ သျှမ်းနီအမျိုးသား တိုးတက် ရေးပါတီ (TNDP) မှ ကိုယ်စားလှယ်၊ ပြည်ပက သျှမ်းခေါင်းဆောင်များ၊ မြိုနယ်အဆင့်က ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလပါ၀င်မည့်ပုဂ္ဂိုလ်များ၊ လူမှုအသိုင်းအဝိုင်းမှ ကိုယ်စား လှယ်များ တဖွဲ့လျှင်အနည်းဆုံး နှစ်ယောက် တက်ရောက်မည်ဟု ကြားသိရပါသည်။

မေးခွန်းများ ရယူရန်-
 http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3653-2012-11-15-09-08-33.html


Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India