Monday, November 19, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
တိုင်းရင်းသားပါတီ ရ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ UNA ခေါ် ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ
ဒီကနေ့ သမ္မတအိုဘားမားနဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ
တွေ့ဆုံခဲ့ပါတယ်။
Photo: RFA
နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတ အိုဘားမားပုံ
တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးတဲ့ အခြေအနေတွေနဲ့အတူ
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားပါရှိတဲ့
စာတစ်စောင်ကို UNA အဖွဲ့့ရဲ့ ကိုယ်စား ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက သမ္မတ အိုဘားမားနဲ့
တွေ့ဆုံစဉ်အတွင်းပေးလိုက်တာ ဖြစ်တယ်လို့ SNLD ပါတီရဲ့ ပြောခွင့်ရသူ
ဦးစိုင်းလိတ်က ပြောပါတယ်။
တိုင်းရင်းသားမဟာမိတ်အဖွဲ့က သမ္မတအိုဘားမားထံ ပေးခဲ့တဲ့ စာထဲမှာ
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေး
အဖြေရှာသင့်ကြောင်း အကြံပြုထားတယ်လို့ ဆိုပါတယ်။
UNA ဖက်က တင်ပြတဲ့စာထဲက ပါတဲ့အချက်တွေကို ရှမ်းအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ မွန်ဒီမိုကရေစီပါတီ
ခေါင်းဆောင် နိုင်ငွေသိန်းကို RFA ဝိုင်းတော်သူ မသင်းသီရိက
မေးမြန်းတင်ပြထားပါတယ်။
http://www.rfa.org/burmese/news/Native-Party-11192012130458.html
Posted in: နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook